Things To Do

Free Vocational Training Institutes In Yangon

Free Vocational Training Institutes In Yangon

အသက်မွေးဝမ်းကြောင်းပညာဆိုတာ သင်တန်းကာလ အချိန်တိုတိုအတွင်းမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အတွင်း ကျွမ်းကျင်တတ်မြောက်ရမယ့် အရည်အချင်းနဲ့ အတွေ့အကြုံတွေကို စာတွေ့၊ လက်တွေ့ သင်ကြားပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ 

တက္ကသိုလ်ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းပညာရေးမတူတာက တက္ကသိုလ်ပညာရေးက ကျောင်းသားတွေကို သီအိုရီတွေ၊ စာတွေ့ သဘောတရားတွေကိုပဲ သင်ကြားပေးတာပါ။ အသက်မွေးဝမ်းကြောင်းပညာရေးကျတော့ အလုပ်တစ်ခုမှာ ချက်ချင်းအသုံးချနိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေကို သင်ကြားပေးတာပါ။ 

ပညာရေးကို ဆုံးခန်းတိုင် မတတ်ဖြစ်ဘဲ အလယ်တန်း၊ အထက်တန်းလောက်နဲ့ ရပ်နေသူတွေအတွက်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ အသက်မွေးဝမ်းကြောင်းပညာရေးက အထောက်အကူပြုမှာပါ။ ရန်ကုန်မှာ အသက်မွေးပညာ သင်တန်းကျောင်းတွေ များစွာရှိတဲ့ထဲက စေတနာ ရှေ့ထားပြီး သင်တန်းသူ၊ သင်တန်းသားတွေ အဆင်ပြေအောင် အခမဲ့ ပညာဒါနသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ သင်တန်းကျောင်း (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) Shwe Yamin Foundation

ရွှေယမင်းဖောင်ဒေးရှင်းကတော့ အမျိုးသမီးငယ်လေးတွေအတွက် သီးသန့် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အသက် (၁၄) နှစ်ကနေ (၂၄) နှစ် အရွယ်အထိ အမျိုးသမီးငယ်လေးတိုင်း ရွှေယမင်းဖောင်ဒေးရှင်းသင်တန်းကို အခမဲ့ တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ အမှန်တကယ် ငွေကြေးချို့တဲ့တဲ့ အမျိုးသမီးငယ်လေးတွေကို ဦးစားပေးခေါ်ပါတယ်။ 

အတန်းပညာအရည်အချင်းက အနိမ့်ဆုံး အလယ်တန်းအောင်ဖို့ လိုပါတယ်။ သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက်၊ နာမည်၊ အသက်‌၊ မွေးနေ့၊ ပညာအရည်အချင်း၊ မိဘနာမည်၊ မိဘအလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို Page Messenger မှာ သွားပို့ထားပြီး စာရင်းသွင်းလို့ ရပါတယ်။

ရွှေယမင်းဖောင်ဒေးရှင်းမှာ သင်တန်းကာလ (၆)လအတွင်း သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ စက်ချုပ်သင်တန်း

၂။ မိတ်ကပ်သင်တန်း

၃။ ဆံပင် အလှပြုပြင်သင်တန်း

၄။ အချက်အပြုတ်သင်တန်း

၅။ မုန့်ဖုတ်သင်တန်း

၆။ အင်္ဂလိပ်စာသင်တန်း

၇။ ကွန်ပြူတာသင်တန်း

၈။ လူမှုပေါင်းသင်းဆက်ဆံရေးပညာသင်တန်း

၉။ လက်မှုပညာသင်တန်း

၁၀။ မျိုးဆက်ပွား၊ သားဆက်ခြားအသိပညာသင်တန်း

(၂) Nya Kyaung ညကျောင်း

ဒီသင်တန်းလေးကတော့ အမျိုးသားတွေအတွက် ပိုသင့်တော်ပါတယ်။ ငွေကြေးများစွာပေးပြီး သင်ရတဲ့ ပညာရပ်တွေကို သင်တန်းကြေးတစ်ပြားမှ မယူဘဲ သင်ကြားပေးနေတဲ့ ပညာဒါနကျောင်းလေးပါ။ အခမဲ့ သင်ကြားပေတဲ့ သင်တန်းတွေကတော့ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း၊ အိမ်တွင်းလျှပ်စစ်ပစ္စည်းပြုပြင်နည်းနဲ့ မိုဘိုင်းဖုန်း ပြုပြင်နည်းတို့ ဖြစ်ပါတယ်။ သင်တန်းကို မပျက်မကွက် တက်ရောက်နိုင်သူတွေကသာ သင်တန်းဆင်း အောင်လက်မှတ် ရရှိမှာဖြစ်ပါတယ်။

သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ လက်ရှိလုပ်နေသော အလုပ်အကိုင်၊ တတ်ရောက်လိုသောသင်တန်းနဲ့ လိုင်စင်ဓာတ်ပုံတစ်ပုံပါတဲ့ CV ဖောင်ပြင်ဆင်ပြီး ကျောင်းမှာ လူကိုယ်တိုင် သွားတင်ရပါမယ်။ အင်တာဗျူးဖြေရမယ့် ရက်ကို ကျောင်းက ပြန်ဆက်သွယ်ပေးပါလိမ့်မယ်။ အင်တာဗျူးအောင်တော့မှ ညကျောင်းက ပညာဒါနသင်တန်းတွေကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

(၃) TRC Hotel & Vocational Training Institute

ဒီသင်တန်းကျောင်းကတော့ အချက်အပြုတ်ကျွမ်းကျင်မှုသင်တန်း (အရှေ့တိုင်းအစားအစာ) သင်တန်းကို အခမဲ့ သင်ကြားပေးခဲ့တာ အပတ်စဉ် (၈) အထိ ရှိခဲ့ပါပြီ။ သင်တန်းကာလက (၂) လ သတ်မှတ်ထားပြီး (၁) လက သင်ကြားရေး၊ နောက် (၁) လက အလုပ်သင်ဆင်းရမှာ ဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ကတော့ အသက် (၁၈) နှစ်ကနေ အသက် (၄၀) အတွင်း ဖြစ်ရပါမယ်။ အခြေခံ ရေးဖတ်တွက်ချက်တတ်သူ ဖြစ်ဖို့တော့ လိုပါတယ်။ သင်တန်းပြီးရင် အလုပ်သင်ဆင်းနိုင်သူလည်း ဖြစ်ရပါမယ်။ သင်တန်းအောင်မြင်ပြီးမြောက်ပြီဆိုရင် သင်တန်းဆင်း အောင်လက်မှတ်လည်း ပေးပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

၁။ အစားအစာချက်ပြုတ်ပြင်ဆင်သူတစ်ဦးအတွက် အခြေခံအသိပညာများ။

၂။ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး။

၃။ လုပ်ငန်းခွင်အတွင်း ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်ခြင်း။

၄။ Customer များအား ဝန်ဆောင်မှုပေးခြင်း။

၅။ အစားအစာများကို လှီးဖြတ်နည်းများ (Cutting Methods)

၆။ အခြေခံတရုတ်အစားအစာ ချက်ပြုတ်ပြင်ဆင်နည်းများ။

၇။ အခြေခံထိုင်းအစားအစာ ချက်ပြုတ်ပြင်ဆင်နည်းများ။

၈။ အကြော်နည်းအထူးပြု အစားအစာကြော်ချက်ပြင်ဆင်နည်းများ။

၉။ အမျိုးမျိုးသော အခြေခံအစားအစာချက်ပြုတ်ပြင်ဆင်နည်းများ။

Advertisement

Click Here > San Brotherhood

၄။ SMVTI Vocational Training Institute

စင်္ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှာ အခမဲ့ သက်မွေးပညာသင်တန်းတွေအတွက် သင်တန်းသူ/သားတွေ ခေါ်ယူလျက်ရှိပါတယ်။ CCNA (Routing & Switching) သင်တန်း၊ 2D Drawing (AutoCAD Software) သင်တန်း၊ Digital Electronics Circuits သင်တန်း၊ Computer & LAN (Basic Networking) သင်တန်း၊ CAD Drawing (Inventor Software) ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခြင်းသင်တန်း၊ (Hospitality & Tourism) ဟိုတယ်နှင့်ခရီးသွားသင်တန်း စသဖြင့် ပညာဒါနသင်တန်းတွေ များစွာ ရှိပါတယ်။ ပညာဒါနသင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင် သတ်မှတ်ရက်ကာလအတွင်းမှာ SMVTI သင်တန်းနေရာသို့ သွားရောက်လျှောက်ထားနိုင်ပါတယ်။

၅။ မြန်အံ့ MVTC - MyanAnts Vocational Training Center

ဒီသင်တန်းကျောင်းမှာက ပညာဒါနသင်တန်းတွေရှိသလို သင်တန်းကြေး ပေးပြီး တက်ရတဲ့ အသက်မွေးပညာသင်တန်းတွေလည်း ရှိပါတယ်။ MVTC ကနေ ဖွင့်လှစ်လျက်ရှိတဲ့ သင်တန်းတွေကတော့ သူနာပြုအကူသင်တန်း၊ ဆေးဝါးကျွမ်းကျင်အကူ သင်တန်း၊ Housekeeping သင်တန်းနဲ့ အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်၊ ထိန်းသိမ်း၊ တပ်ဆင်ရေး သင်တန်းတို့ ဖြစ်ပါတယ်။

ဒီထဲကမှ အခုလက်ရှိ ပညာဒါနအနေနဲ့ သူနာပြုအကူသင်တန်းနဲ့ ဆေးဝါးကျွမ်းကျင်အကူသင်တန်းတို့ကို အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးနေပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အောက်ကလင့်ခ်ကနေတဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

> > https://bit.ly/41HaSFZ

သူနာပြုအကူဘာသာရပ်တွင် သင်ကြားပေးမယ့် ခေါင်းစဉ်များ

--------------------------

 ၁။ ခန္ဓာဗေဒနှင့် လုပ်ဆောင်ချက်များ

 ၂။ အခြေခံသူနာပြုစုစောင့်ရှောက်မှု

 ၃။ အဆင့်မြင့်သူနာပြုစုစောင့်‌ရှောက်မှု

 ၄။ အရေးပေါ်  သူနာပြုစုစောင့်ရှောက်မှု

 ၅။ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု

 ၆။ သက်ကြီးရွယ်အိုများအား ပြုစု စောင့်ရှောက်မှု

၇။  ခွဲစိတ်ခန်းအတွင်း သူနာပြုစု စောင့်ရှောက်မှု တို့ဖြစ်ပါတယ်။

ဆေးဝါးကျွမ်းကျင်အကူဘာသာရပ်တွင် သင်ကြားပေးမယ့် ခေါင်းစဉ်များ

-----------------------------------

၁။ ပိုးသတ်ဆေးများအကြောင်း

၂။ အသက်ရှုလမ်းကြောင်းဆိုင်ရာဆေးများအကြောင်း

၃။ နှလုံးသွေးကြောနှင့်ဆိုင်သောဆေးများအကြောင်း

၄။ ကျောက်ကပ်နှင့် ဆိုင်သော ဆေးများအကြောင်း

၅။ အစာအိမ် အူလမ်းကြောင်းနှင့် ဆိုင်သော ဆေးများအကြောင်း

၆။ ဦးနှောက် အာရုံကြောနှင့် ဆိုင်သော ဆေးများအကြောင်း

၇။ အရိုး၊ ကြွက်သား အဖွဲ့အစည်းနှင့်ဆိုင်သော ဆေးများအကြောင်း

၈။ မျိုးပွားခြင်းနှင့်ဆိုင်သော ဆေးများအကြောင်း

၉။ ဆေးများနှင့် ဆေးကဒ်များအကြောင်း တို့ပါဝင်ပါတယ်။

⇐ Previous Next

Read 2595 times