Health & Beauty

5 Alcohol Drinks That Are Good For Skin

5 Alcohol Drinks That Are Good For Skin

အရက်ကို အလွန်အကျွံ သောက်မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေမှာ မှန်ပေမဲ့ စည်းစနစ်ကျကျနဲ့ ချင့်ချိန်ပြီး သောက်နိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ များစေမှာပါ။ ဒါ့အပြင် တချို့သော အရက်အမျိုးအစားတွေက မျက်နှာအသားအရေရဲ့ ကောင်းကျိုးအတွက် ထူးထူးခြားခြား အထောက်အကူ ဖြစ်စေပါတယ်။ အဲ့တော့ အသားအ‌ရေလေး ပိုကောင်း၊ ပိုကြည်၊ ပိုလှဖို့ ဘယ်အရက်တွေက ဘယ်လိုတွေ ကောင်းလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ အသားအရေ တောက်ပမှုအတွက် Wine

ဝိုင်က အသားအ‌ရေအတွက် တော်တော်လေး အကျိုးကျေးဇူးများတယ် ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဝိုင်က သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် မျက်နှာပေါ်က အမည်းစက်တွေကိုလည်း သိသိသာသာ လျော့နည်းစေမှာပါ။ ဒါတင်မကသေးဘဲ အသားအရေကိုလည်း ကြည်ပြီး တောက်ပစေတဲ့ အကျိုးကျေးဇူးကိုလည်း ရနိုင်ပါသေးတယ်။ တကယ်လို့ သင်က ဝိုင်သောက်တတ်တဲ့သူ မဟုတ်ဘူးဆိုရင်တောင် နေ့စဉ် မျက်နှာပေါင်းတင်တဲ့ထဲမှာ ဝိုင်နီ (၁) ဇွန်းလောက် ထည့်ပြီး သုံးပေးသင့်ပါတယ်။

၂။ အသားအရေ တင်းရင်းစေဖို့အတွက် Vodka

အရက်အမျိုးအစားတွေထဲမှာ ဗော့ကာကတော့ နည်းနည်းလေး ပြင်းတဲ့ထဲမှာ ပါတယ် ဆိုပေမယ့် အသားအရေ တင်းရင်းပြီး အရွယ်တင် နုပျိုစေဖို့အတွက်တော့ ဗော့ကာဟာ တော်တော်လေး အစွမ်းထက်ပါတယ်။ အသားအရေ ပျင်းတွဲတွဲ ဖြစ်နေတာမျိုး၊ အ‌‌ရေပြားတွန့်တာမျိုးတို့ဆို ဗော့ကာဟာ ဆေးတစ်ခွက်လိုပါပဲ။ 

ညဘက် အိပ်ရာဝင်ခါနီး Face Sheet Mask ထဲမှာ ဗော့ကာ အနည်းငယ် ထည့်ပြီး ကပ်ပေးမယ်ဆိုရင် မျက်နှာကို တင်းတင်းလေး ဖြစ်စေရုံသာမက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်ငယ်လေးတွေကိုပါ ဖာထေးပေးနိုင်တဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။

Advertisement

Click Here > Sein Gay Har

၃။ အရွယ်တင်နုပျိုစေဖို့အတွက် Gin

ဂျင်က ဂျူနီပါဘယ်ရီစေ့ကနေ လုပ်ထားတဲ့ အရက်တစ်မျိုးဖြစ်ပါတယ်။ ဂျင်က ဆေးဖက်ဝင်တဲ့အတွက်ကြောင့် ရှေးတုန်းကဆို တိုင်းရင်းဆေးအဖြစ်နဲ့တောင် အသုံးပြုကြပါတယ်။ ဂျင်က အသားအရေအတွက် ဘယ်လိုအထောက်အကူပြုတာလဲဆိုရင် မျက်နှာပေါ်မှာ ရှိတဲ့ သွေးကြောငယ်လေးတွေရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေကို ပိုချောမွေ့စေပြီး ငယ်ရွယ်နုပျိုစေပါတယ်။ မျက်နှာပေါင်းတင်တဲ့အခါမှာလည်း ဂျင် ၄၄ မီလီလီတာ (၁ အောင်စခွဲ) ကို ထည့်သွင်းအသုံးပြုလို့ ရပါတယ်။ 

၄။ အသားအရေ ကြည်လင်စေဖို့အတွက် Beer

ဘီယာနဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အသားအ‌ရေရဲ့ pH Level ကို ထိန်းသိမ်းပြီးသားဖြစ်တဲ့အတွက်ကြောင့် အသားအရေကို ပိုမိုကြည်လင်စေတဲ့အတွက် မျက်နှာလေးက ဝင်းဝင်းလေးနဲ့ ပိုပြီးလှနေမှာပါ။ ဒါ့အပြင် ဘီယာမှာပါတဲ့ ဗီတာမင်ဓာတ်တွေကလည်း အသားအရေ ကြည်လင်ဖို့ကို ပံ့ပိုးပေးပါသေးတယ်။ အဲ့တော့ (၁) လမှာ (၂) ကြိမ်လောက် ဘီယာနဲ့ မျက်နှာသန့်စင်သင့်ပါတယ်။

၅။ ဝက်ခြံပျောက်ကင်းစေဖို့အတွက် Rum

ဝက်ခြံပေါက်တတ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်တော့ ရမ်က အသင့်တော်ဆုံးပါပဲ။ ရမ်ရဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် အရေပြားပေါ်မှာ ဝက်ခြံတွေ ထွက်လာမယ့် ပြဿနာကို အလွယ်လေး ‌ဖြေရှင်းပေးနိုင်ပါတယ်။ ဝက်ခြံရှိတဲ့ နေရာနဲ့ အနီးတဝိုက်ကို ရမ်တစ်ဆနဲ့ နှင်းဆီပန်းပွင့်ဖတ် စိမ်ထားတဲ့ ရေနှစ်ဆကို ရောလိမ်းပြီး ၅ မိနစ် (သို့) ၁၀ မိနစ်အကြာမှာ မျက်နှာသစ်ပေးမယ်ဆိုရင် ဝက်ခြံတွေကို သက်သာစေမှာပါ။

#MyanmarRestaurantGuide

⇐ Previous Next

Read 992 times