Health & Beauty

Fruits & Vegetables Prevent Breast Cancer

Fruits & Vegetables Prevent Breast Cancer

အမျိုးသမီးတွေရဲ့ ဘဝမှာ အသိနောက်ကျလို့မဖြစ်တဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျအောင် ကာကွယ်ပေးနိုင်တဲ့ အသီးအရွက်တွေကို မျှဝေပေးလိုက်ပါတယ်။ 

၁။ နနွင်းပင်

နနွင်းမှုန့်ဟာ အဆုတ်ကနေ ဖြန့်ဆင်းလာတဲ့ ရင်သားကင်ဆာအမြစ်တွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်လို့ နေ့စဉ် ပုံမှန် တစ်ဇွန်းခန့် သုံးဆောင်ပေးသင့်ပါတယ်။ မြန်မာတွေက ဟင်းချက်တဲ့အခါမှာလည်း နနွင်းမှုန့် ထည့်ချက်တတ်ကြလို့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ 

၂။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဓာတ်ဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်သလို တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။

၃။ ပန်းသီး

အသီးထဲမှာ ပန်းသီးအပြင် ဘယ်ရီသီးတွေကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး အသီးအနှံတွေ ဖြစ်ပါတယ်။ ပန်းသီးဆိုရင် ရင်သားအကြိတ်နဲ့ ပတ်သက်ပြီး စားသုံးဖို့ အထူးသင့်တော်ပါတယ်။ 

၄။ လက်ဖက်ခြောက်

လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းမှာ EGCG ဆိုတဲ့ ဒြပ်ပေါင်း ပါဝင်ပါတယ်။ ရင်သားကင်ဆာဆဲလ်တွေ ဖြစ်ခွင့်မပေးဘဲ အမြစ်ပျက် ခြေမှုန်းနိုင်သလို ရင်သားကင်ဆာရောဂါ ခံစားနေရသူတွေကိုလည်း ရောဂါပိုးခန္ဓာကိုယ်အနှံ့ ပျံ့နှံခြင်းမှ ကာကွယ်ပေးပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ လူကို အကျိုးပြုစေနိုင်တဲ့ အာနိသင်တွေ အများကြီး ပါဝင်ပါတယ်။ အသားတွေကို ကြက်သွန်ဖြူနဲ့ ရောနှောချက်ပြုတ်ရုံနဲ့ ကင်ဆာရောဂါပိုးတွေ သေစေနိုင်တဲ့အထိ ကြက်သွန်ဖြူက အစွမ်းထက်လှပြီး နေ့စဉ် စားသုံးသင့်ပါတယ်။

၆။ ပန်းမုန်လာ/ပန်းဂေါ်ဖီ

ပန်းမုန်လာ/ ပန်းဂေါ်ဖီမှာ Indole-3-Carbinol ဆိုတဲ့ ဓာတ်က အမျိုးသမီးတွေ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာသာမက သားအိမ်ခေါင်းကင်ဆာ၊ မှဲ့ကင်ဆာ၊ နှလုံး/အသဲကင်ဆာတို့ကိုပါ ကြိုတင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

၇။ ဟင်းနုနွယ်

အာဟာရဓာတ်ကြွယ်ဝလှတဲ့ ဟင်းနုနွယ်မှာ ကင်ဆာရောဂါကို ကာကွယ်တိုက်ဖြတ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင်ပါတယ်။

၈။ သစ်ကြားသီးစေ့

သစ်ကြားသီးစေ့ စားပေးခြင်းဖြင့် ရင်သားကင်ဆာအကြိတ် ကြီးထွားမှုနှုန်းကို လျှော့ချစေနိုင်တဲ့အပြင် တခြားသော အဟာရဓာတ်နဲ့ Omega 3 Fatty Acid လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လည်း အကျိုးပြုပါတယ်။ 

⇐ Previous Next

Read 625 times