Technology

Google Apps that can make your day-to-day work a file

Google Apps that can make your day-to-day work a file

Google ဆိုတာ ကျွန်တော်တို့ရဲ့ တစ်နေ့တာ အလုပ်တွေမှာ လုံးဝမပါမဖြစ်တဲ့ အရာတစ်ခုပါ။သူ့ရဲ့ Products တွေထဲမှာလည်း ကျွန်တော်တို့ရဲ့ အလုပ်တွေကို လွယ်လွယ်ကူကူ ဖြစ်အောင် ကူညီပေးတဲ့ App လေးတွေရှိပါသေးတယ်။ ဒီလိုအသုံးဝင်တဲ့ App လေးတွေကို ပြောပြပေးသွားပါ့မယ်။

 

Google Docs

Microsoft word နဲ့အတူတူပါပဲ။အားသာချက်က Google Docs က တစ်ဦးနဲ့တစ်ဦး share ပြီးသုံးနိုင်သလို တစ်ဦးအလုပ်လုပ်နေချိန် တချိန်တည်းမှာ ကျန်တဲ့သူတွေက Comment ပေးတာတွေ Edit လုပ်တာတွေ လုပ်လို့ရပါတယ်။

 

Google Sheet

သူလည်း Microsoft Excel နဲ့အတူတူပါပဲ။တစ်ဦးထက်မက တချိန်ထဲ edit လုပ်နိုင်တာတွေ gmail ကနေတဆင့် share ပေးလို့ရတာတွေက ကteam နဲ့အလုပ်လုပ်ရတာမျိုးဆို ပိုမိုလွယ်ကူစေတဲ့အပြင် ကိုယ်အလုပ်လုပ်တယ်ဆိုတဲ့ သက်သေပါကျန်စေပါတယ်။

 

Google Slide

Powerpoint နဲ့အတူတူပါပဲ။Docs နဲ့ Sheet လိုမျိုး အများကို Share လို့ရတာတွေက အတော်မိုက်ပါတယ်။

 

Google Form

Survey ကောက်တဲ့အခါမျိုးတွေမှာ သုံးတဲ့ဟာပါ။ကျွန်တော်ဆို ခဏခဏ Google Form နဲ့ survey ကောက်ခံရပါတယ်။ 

 

Google Meet

Zoom လိုမျိုး Meeting အတွက် Online Learning/Meeting အစုံသုံးလို့ရတဲ့ App လေးပါ။ လူအယောက်(၁၀၀)အထိ အချိန်အကန့်အသတ်မရှိmeetingလုပ်နိုင်ပြီး G-Suite Mailနဲ့ဆိုရင်တော့ အယောက်(၂၅၀)ထိရပြီး live stream ဆိုရင်တော့ အယောက်(၁)သိန်းထိကြည့်နိုင်မှာဖြစ်ပါတယ်။Screen sharing,recording အပြင် video call meeting လုပ်နေချိန် Messageပို့တာတွေ file sharing တွေပါလုပ်နိုင်ပါတယ်။ပြောနေတဲ့စကားကို English လိုလည်းစာတန်းထိုးပေးနိုင်ပါသေးတယ်။Security ကောင်းတဲ့အပြင် သုံးရတာပိုရိုးရှင်းလွယ်ကူပါတယ်။Google calendar နဲ့ချိတ်ဆက်သုံးနိုင်ပါတယ်။ Online နဲ့ meeting တွေ လုပ်နေရတဲ့အခုလိုအချိန်မှာ ပိုလို့တောင်အသုံးဝင်လာတာတွေ့ရပါတယ်။

 

Google Calendar 

လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေ သုံးကိုသုံးသင့်တဲ့ဟာပါ။ Online calendar တစ်ခုအဖြစ် ကိုယ့်ရဲ့ meetingတွေ၊ event တွေကို schedule နဲ့မှတ်ထားနိုင်သလို gmail နဲ့ချိတ်ဆက်ပြီး email ပို့ဖိတ်ကြားနိုင်ပါတယ်။ကိုယ့်ဖိတ်ကြားမှုကို ဘယ်အချိန်၊ နေရာမှာ ဘာအကြောင်းအရာကို ပြောမယ်ဆိုတာကို အပြည့်အစုံ ဖော်ပြနိုင်သလို တက်ရောက်မယ့်သူ၊ ငြင်းဆန်တဲ့သူတွေကိုလည်း အလွယ်တကူ တိတိကျကျ သိနိုင်ပါတယ်။ 

 

Google Drive

Google drive ဟာ လုပ်ငန်းခွင်မှာ အတော်လေး အသုံးဝင်ပါတယ်။ data တွေကို အလွယ်တကူသိမ်းနိုင်ခြင်း၊ ဖန်တီးနိုင်ခြင်း၊ တစ်ဦးနဲ့တစ်ဦး sharing လုပ်နိုင်ခြင်း၊ အချိန်နေရာမရွေး သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ဘယ် device ကမဆို ပြန်လည်ကြည့်ရှုနိုင်ခြင်း စတဲ့ အားသာချက်များစွာ ရှိတဲ့ App တစ်ခုပါ။ Gmail account တစ်ခုအတွက် google drive မှာ storage space 15GB free ပေးပါတယ်။ များများလိုချင်ရင် လစဥ်ကြေးပေးပြီး ဝယ်သုံးလို့ရပါတယ်။

 

Google Translate

ဒီဟာကိုတော့ လူတိုင်းသုံးဖူးကြမှာပါ။ကိုယ်မသိတဲ့ ဘာသာစကားကနေ မြန်မာလိုပဲ ဖြစ်ဖြစ် မြန်မာလိုကနေ ကိုယ်သိချင်တာကိုပဲ ဖြစ်ဖြစ် အလွယ်တကူ ဘာသာပြန်နိုင်ပါတယ်။အရင်က သိပ်မမှန်ပေမယ့် နောက်ပိုင်းတော့ တော်တော်လေး မှန်လာပါပြီ။ 

 

Google Hangouts

Messenger လိုမျိုးပါပဲ။စာတွေပို့လို့ရသလို ဖုန်းပြောလို့လည်း ရပါတယ်။ Email နဲ့ဆိုတော့ အလုပ်ကိစ္စတွေဘာတွေမှာ အသုံးများပါတယ်။

 

Google Contacts

ကိုယ့်ရဲ့ Contacts List ကို Account ထဲမှာ သိမ်းထားလို့ရတဲ့ အတွက် Laptop ပြောင်းတာပဲ ဖြစ်ဖြစ်၊ ဖုန်းပြောင်းတာပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ ပြန်ရှာလို့ ရပါတယ်။

⇐ Previous Next

Read 1343 times