Health & Beauty

Here are 14 foods that can help reduce the risk of acne

Here are 14 foods that can help reduce the risk of acne

အသားအရေအဆီပြန်ခြင်းဟာ များသောအားဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းနှင့် ဆက်စပ်နေပြီး ဝက်ခြံနှင့် အဆီဖုများ အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေတဲ့အကြောင်းအရာများကြောင့် သာမက သင်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကလည်း ဒီနေရာမှာ အရေးကြီးတဲ့ အခန်းကပါဝင်နေပါတယ်။ 

ပြည့်စုံလုံလောက်တဲ့ အစားအသောက်ကို စားပေးခြင်းက အဆီပြန်အသားအရေကို ကောင်းမွန်လာအောင် ကူညီပေးနိုင်သော်လည်း အစားအသောက်မှားယွင်း စားသုံးမိပါက သင့်ရဲ့ အဆီဂလင်းများကို ကောင်းစွာထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

21 Foods That Prevent Breakouts | The Kewl Shop

အသားအရေအဆီပြန်ခြင်းကို အဖြစ်အများဆုံး အကြောင်းအရာတွေထဲမှာ အစားအသောက် အမျိုးအစားများပါဝင်ပါတယ်။ တတ်နိုင်သမျှ လျှော့စားသင့် ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် အဆီပြန်ခြင်းကင်းဝေးပြီး ဝက်ခြံဖြစ်ပွားမှုကို လျော့ချပေးမယ့် အစားအစာ (၁၄) မျိုးကို မျှဝေပေးလိုက်ပါတယ်။

၁. သခွားသီး

သခွားသီးမှာ ရေဓာတ် များစွာ ပါဝင်သည့်အတွက် အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။ အင်ဒီ အောက်ဆီးဒင့်ဓာတ် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါဝင်တဲ့အတွက် အသားအရေကို နုပျိုစေပါတယ်။

၂. အခွံမာသီး

အခွံမာသီးမှာ omega-3 ဖက်တီးအက်ဆစ်ပါဝင်လို့ အသားအရေ အဆီပြန်ခြင်းကို သက်သာစေတဲ့အတွက် အဆီပြန်တဲ့ အသားအရေ ရှိသူတွေ စားပေးသင့်ပါတယ်။

၃. လိမ္မော်သီး

လိမ္မော်သီး၊ သံပရာသီး စတဲ့ အသီးတွေမှာ ဗီတာမင်-စီပါဝင်တဲ့အတွက် အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေ အဆီပြန်ခြင်းကို လျော့နည်းစေပါတယ်။

Hormonal Acne Diet: What to Eat to Improve Your Acne

၄. လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ အဆီဓာတ်မပါဝင်တဲ့အတွက် အဆီပြန်တဲ့သူတွေ စားပေးသင့်ပါတယ်။ ဒါ့ပြင် လက်ဖက်စိမ်းမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို မှန်ကန်စေကာ အဆီပြန်ခြင်းကို သက်သာစေပါတယ်။

၅. ထောပတ်သီး

ထောပတ်သီးအနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးခြင်းအားဖြင့် အဆီပြန်ခြင်းကို သက်သာစေပါတယ်။ အသားအရေကိုလည်း စိုပြေစေပါတယ်။

၆. ကျွဲကောသီး

အဆီပြန်တဲ့ အသားအရေအတွက် ကျွဲကောသီး စားပေးသင့်ပါတယ်။ ကျွဲကောသီးမှာ ဗီတာမင်စီ အများကြီး ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်ကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ရေဓာတ်လည်း ပြည့်ဝစေပါတယ်။

Foods that might be giving you acne

၇. ဆန်၊ ဂျုံ၊ စသော ကောက်ပဲသီးနှံများ

ဆန်၊ ဂျုံစတဲ့ ကောက်ပဲသီးနှံတွေမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အစာခြေဖျက်စနစ်ကို ကောင်းမွန်စေကာ ဝက်ခြံနဲ့ အဆီပြန်ခြင်းကို သက်သာစေပါတယ်။

၈. ငါး

ငါးမှာ အခွံမာသီးတွေမှာလိုပဲ omega-3 ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် အသားအရေနီမြန်း တင်းရောင်မှုကို လျှော့နည်းစေပြီး အဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ အသားအရေ နီမြန်းတင်းယောင်မှုကို လျော့နည်းစေတဲ့ အတွက် ဝက်ခြံဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။

၉. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး အဆီပြန်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အဆီပြန်တာ သက်သာဖို့ဆိုရင် ပန်းဂေါ်ဖီစိမ်း ဘရိုကိုလီကို စားပေးသင့်ပါတယ်။

၁ဝ. လတ်ဆတ်တဲ့ အသီးအရွက်များ

လတ်ဆတ်တဲ့ အသီးအရွက်တွေမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး အစာခြေဖျက်စနစ်ကို ကောင်းမွန်စေတဲ့အတွက် အဆီပြန်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

၁၁. ချောကလက်

ချောကလက်ဟာ အရသာရှိရုံတင်မကပါဘူး။ ဝက်ခြံကိုဖြစ်စေတဲ့ အရေပြား တင်းယောင်နီမြန်းခြင်းတွေကို ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် အဆီပြန်မှုကို လျော့နည်းစေပါတယ်။

၁၂. အုန်းရည်

အုန်းရည်ဟာ ခန္ဓာကိုယ် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အသားအရေကို ကြည်လင်စေတဲ့အပြင် အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးတဲ့အတွက် သောက်ပေးသင့်ပါတယ်။

မျက်နှာ အဆီပြန်ခြင်း နှင့် ဝက်ခြံထွက်ခြင်း ! | Pho Thu Taw | PhoThuTaw.com  | ဖိုးသူတော်

၁၃. သံပုရာသီး

သံပရာသီးဟာ အသားအရေအတွက် အံ့သြဖွယ်ကောင်းလောက်အောင် အသုံးဝင်ပါတယ်။ အသားအရေ အဆီပြန်ခြင်းကို ကာကွယ်ပေးရုံသာမက အသားအရေကို ချောမွေ့တောက်ပြောင်စေပါတယ်။ သံပရာရည်ကို မျက်နှာကို သုတ်လိမ်းနိုင်ပါတယ်။ အညိုအမည်းစွဲနေတဲ့ အသားအရေ (ဥပမာ – ဒူး၊ တံတောင်)ကိုလည်း သံပရာခွံ တိုက်ပေး နိုင်ပါတယ်။

၁၄. ငှက်ပျောသီး

အဆီပြန်တတ်တဲ့သူတွေဟာ ငှက်ပျောသီးကို နေ့စဉ်စားပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အီးတွေ ပါဝင်တဲ့အတွက် အသားအရေအတွက် ကောင်းမွန်စေပါတယ်။ အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။

⇐ Previous Next

Read 2257 times