Technology

How Much Does It Cost to Buy Each of Apple's Latest Products?

How Much Does It Cost to Buy Each of Apple's Latest Products?

သင်က Apple ရဲ့ Hard Core Fan တစ်ယောက်ဖြစ်တယ်ပြီး Budget လည်း အလုံအလောက်ရှိတယ်ဆိုရင် ဘာကို အရင်ဝယ်မှာလဲ Macbook လား iPhone 12 pro max လား ??

 

Product ဆိုတာ ပစ္စည်းတွေတင်မဟုတ်ပဲ Applecare + နဲ့ Apple One လိုခေါ်တဲ့ Apple TV +, Gaming Service, 2TB icloud Storage နဲ့Apple Fitness + အစရှိတဲ့ Service တွေလည်းပါပါတယ်။ 

 

iPhone

နောက်ဆုံးထွက်ထားတဲ့ iPhone 12 Promax ရဲ့ Basic Version 128GB Rom,6GB Ram က $1,099 ကျပါတယ်။ အမြင့်ဆုံး 512GB ကိုယူမယ်ဆို $1,399 သွားကျမှာပါ ပျောက်တာနဲ့ အသစ်တစ်လုံးပြန်လိုချင်လို့ Apple Care + ပါဝယ်မယ်ကွာ ဆိုရင်တော့ $269 ထပ်ပေါင်းလိုက်ပြီး $1,756 နဲ့ 12 Pro Max ကိုဝယ်နိုင်ပါတယ်။ 

 


 

 

Apple Watch 

ဒါကတော့ Apple Store ကနေဝယ်လို့ရတဲ့ Watch တွေထဲမှာ စျေးအကြီးဆုံးဖြစ်ပြီး $1,499 ထိရှိပါတယ်။ ကျန်တဲ့ Watch တွေလို 44mm silver, stainless steel case နဲ့ပဲဖြစ်ပြီး ထူးခြားတာကတော့ Hermès က Leather Band ပါပါတယ်။ ကိုယ့်ရဲ့ Hermès အိတ်နဲ့ အရောင်တူ ဝတ်လိုက်ရင်တော့ ဒီဇိုင်းကာလာ အနေအထားက တော်တော်မိုက်သွားမှာ အသေအချာပဲ။ Apple Care + ပါပေါင်းလိုက်မယ်ဆိုရင် $149 နဲ့ စုစုပေါင်း $1,648 လောက်ပဲ ကျဦးမှာနော်။(မဆိုးဘူးတန်တယ်) 

 

 

Mac 

Mac Pro ရဲ့ အာပလာ Basic Version ကို $5,999 အနေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးဆိုတာတွေ ထည့်ထားတဲ့ Version  ကိုဝယ်မယ်ဆိုရင်တော့ $54,447 ကျပါမယ်တဲ့။ ဒီအမြင့်ဆုံး Version မှာ ဘာတွေပါမလဲဆိုရင်တော့ 2.5 GHz 28-core Intel Xeon W processor with Turbo Boost up to 4.4 GHz ($7,000), 1.5 TB of memory ($25,000), 2 Radeon Pro Vega II Duo graphics chips with 2X32 GB of HBM2 memory each ($10,800),8 TB of storage ($2,600), Apple Afterburner card for better video performance ($2,000), wheels ($400), a Magic Mouse 2 and Magic Trackpad 2 ($149), and pre-installed Final Cut Pro and Logic Pro software ($499.98). အစရှိတဲ့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေပဲပါမှာပါ။ Mac ကြီးပဲ သုံးလိုမရတော့ Monitar လေးကလည်း ဝယ်ရဦးမှာပေါ့လေ။ Monitar အတွက်လည်း Apple ကထုတ်ထားတဲ့ 32လက်မ 6K Retina Display က $5,999 ကျပါမယ်။သူ့ကိုထောက်ဖို့ကလည်း  Pro Stand က $999 Adpater အတွက် $199 နဲ့ Apple Care + ပါထပ်ပေါင်းလိုက်ရင် $62,571 စုစုပေါင်း ကျသွားပါတယ်။ 

 

 

MacBook 

Mac က အိမ်မှာ သုံးဖို့ဆိုရင် အပြင်သွားအပြင်လာ ထသွားထလာ အကြမ်းသုံးဖို့ကတော့ MacBook လေးတစ်လုံးလောက်လည်း ဝယ်ထားဖို့လိုတာပေါ့။ သူကလည်း သိပ်တော့မရှိပါဘူး။ 

Basic Version ဆို $2,799  လောက်ပဲကျမှာဆိုတော့ အကြမ်းသုံးပျော်ပါတယ်။ဒီ basic version ကနှေးတယ်ကွာ သုံးရတာ အားမရဘူးဆိုရင်တော့ 5.0Ghz ထိပေးမယ့် Intel Core i9 9th Gen Processor ကို $200, Ram 64 Gb ကို $800,AMD Radeon Pro 5600M graphics chip 8GB ကို $700, ဘာဘာညာညာ ရုပ်ရှင်တွေ ဂိမ်းတွေထည့်ဖို့ Storage 8TB ကို $2,200 ကျန်တဲ့ Software ဘာညာနဲ့ Care + တွေပါထပ်ထည့်မယ်ဆို စုစုပေါင်း $7,198 ပဲကျမှာဆိုတော့ တန်ပါတယ်။ 

 

Macbook ကိုအလှဆင်ဖို့ Accessories လေးတွေက Leather Case $199 ရယ် (ဒါလေးက Hermès  Collection Watch လေးနဲ့ ဆင်တူလေးသုံး) iPhone နဲ့ MacBook ချိတ်ဖို့ $36 ကျပ်တန်  Lightning Adptaer Cable လေးတွေလိုမျိုး ပေါပေါပဲပဲ နှစ်ရာဖိုး သုံးခုလောက်လေးတွေ ရောင်းပါတယ်။ 

 


 

iPad 

နောက်တစ်ခုကတော့ iPad ပေါ့ ။ 12.9 လက်မ iPad Pro ကိုမှ $1649 ဆိုတော့ သူလည်းမဆိုးပါဘူး။ အိမ်မှာကလေးတွေ PUBG တို့ဘာတို့ ပစ်လို့ရတာပေါ့။ သူနဲ့ တွဲသုံးလို့ရမယ့် Keyboard နဲ့ Pencil လေးတွေလည်း ဝယ်လိုရပါသေးတယ်။ သူတို့ကတော့ နှစ်ခုပေါင်းမှ $500 လောက်ပါပဲ။ 

 

 

AirPod Pro 

သီချင်းလေး ဘာလေး နားထောင်ဖို့ကတော့ $249 ကျပ်တန် AirPod Pro လေး တစ်ခုလောက်ဝယ်ထားရင် လုံလောက်ပါတယ်။ 

 

 

 

AirPod Max 

AirPod Pro ရဲ့ Audio နဲ့ နားထောင်ရတာ ကြည့်ရတာ အားမရဘူးကွာဆိုရင် $549 တန် AirPod Max လေး တစ်ခုလောက် ထပ်ဝယ်ထားလိုက်ပေါ့။ 

 

 

 

Home Pod 

နားကြပ်မတပ်ချင်ဘူး Speaker လေးနဲ့မှဆိုရင်လည်း $299 တန်တဲ့ HomePod လေးရှိပါသေးတယ်။ 

 

 

Apple TV

HomePod လေးနဲ့တွဲကြည့်ဖို့ကလည်း TV ကလိုသေးတယ်လေ။ 4K Apple TV ကိုမှ $199 ပဲဆိုတော့ သူလည်း တန်တယ်လို့ပြောရမှာပါ။

 

 

Services 

Apple က iPhone တွေရောင်းရတာ ဒီနှစ်ပိုင်း လျော့လာတယ်လို့ ဆိုပါတယ်။ ဒါကြောင်မို့လို့ Apple one လို့ခေါ်တဲ့  Service Bundle တွေလည်း ရောင်းရင်း အပိုဝင်ငွေရှာလာပါတယ်။ စစချင်း တစ်လကို အလကား ပေးသုံးပြီးတော့ နောက်ပိုင်းတွေကတော့  တစ်လကို $29.95 နဲ့ ဝယ်သုံးပေါ့။

 

 

ဆိုတော့ စုစုပေါင်း Product ပေါင်းစုံကို ဝယ်ဖို့ တွက်လိုက်မယ်ဆိုရင် $75,000 လောက်တော့သွားကျမှာပါ။ Latest & Greates တွေသုံးရမယ့် အပြင် Apple Eco System ထဲမှာ ဝင်ရမှာဆိုတော့ ပျော်ပျော်ကြီး သုံးသင့်ပါတယ်။

⇐ Previous Next

Read 1578 times