Food & Drink

How to make Butter Potato Catalace

How to make Butter Potato Catalace

ကိုဗစ်ကာလမှ အခုချိန်က အိမ်မှာနေရင်း မိသားစုနဲ့ အတူတူ မုန့်လုပ်စားပြီး စကားဝိုင်းဖွဲ့ ပြောဖို့ အကောင်းဆုံး အချိန်ဖြစ်တာကြောင့် အိမ်မှာနေရင်း အလွယ်တကူ လုပ်စားလို့ရအောင် ထောပတ်အားလူး ကတ်တလိတ်ကြော် လုပ်နည်းကို အခုလို ပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း 

နူးအာင်ပြုပ်ပြီးအခွံခွာကာစေးနေအောင်ထောင်းထားသောအာလူး - (၆၀) သား

ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 

ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားမှုန့်ထဲ့လဲရ)

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ထောပတ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး

ခလောက်ထားသော ကြက်ဥ - နှစ်လုံး 

ဂျုံမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး

ပေါင်မုန့်ခြောက်အမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ 

ပထမဆုံး အားလူး (၆၀) သားကို နူးအောင်ပြုပ်ပြီး အခွံခွာကာ စေးနေအောင် ထောင်းထားပါ။ ပြီးလျှင် ထောင်းထားသော အာလူးထောင်းကို ထောပတ်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းချိုမှုန့်နှင့် ကော်မှုန့်တို့ကို စေးပိုင်နေအောင် နယ်ပေးရပါမယ်။ 

နယ်ပြီးသွားတဲ့ အခါမှာတော့ အာလူးနယ်ကို အနေတော် အလုံးလေးများလုံးပြီး ဂျုံမှုန့်ထဲတွင် လှိမ့်ပေးရပါမယ်။ 

ဂျုံမှုန့်တွင် လှိမ့်ပြီးသွားပြီ ဆိုရင်တော့ ခေါက်ထားတဲ့ ကြက်ဥထဲတွင် နှစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ 

နှစ်ပြီးသွားတဲ့ အားလူး အလုံးလေးတွေကို ကြက်ဥထဲမှ ဆယ်ယူကာပါ။ မုန့်ခြောက်အမှုန့်ထဲတွင် ထပ်ပြီး လှိမ့်ပေးဖို့ လိုအပ်နေပါတယ်။  အားလုံးပြီးသွားပါက မီးအနေတော်နှင့် အပူပေးထာသော ဆီပူပူတွင် ထောပတ်ကို ထည့်လိုက်ပါ။ ပြီးမှ အာလူးအလုံးလေးတွေကို ထည့်ပြီး အရောင်ပြောင်းပြီး ညိုလာတဲ့ထိ ကြော်ပေးရပါမယ်။ 

ပြီးရင်တော့ အကောင်းဆုံး အာလူးကတ်တလိတ် မွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီ။ 

⇐ Previous Next

Read 1487 times