Health & Beauty

How to take care of your elbows and knees?

How to take care of your elbows and knees?

အသားအရေဆိုတာ လူတစ်ယောက်ရဲ့ အပြင်လက္ခဏာဆိုပေမယ့် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရေပြားကို ကြည့်ပြီး Skin Blaming လုပ်တဲ့သူတွေကလည်း ဒုနဲ့ဒေး ပါ။

လူအများစုရဲ့ တံတောင်ဆစ်နောက်က အမည်းကွက်၊အညိုကွက်တွေကြောင့် အင်္ကျီလက်တို ဝတ်ရာမှာ ကြောက်နေသူတွေ၊ဒူးမည်းနေလို့ စကပ်တို၊ဘောင်းဘီတို ဝတ်ရမှာ စိတ်ညစ်နေသူတွေ တော်တော်များများရှိပါတယ်။

How to lighten dark knees and elbows naturally - Times of India

ဒါပေမယ့် အချိန်ကုန်၊ငွေကုန်သက်သာပြီး ဒူးမည်း၊တံတောင်မည်းနေတာတွေကို ဖယ် ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေရှိပါတယ်။အဲ့ဒါကတွေကတော့…

(၁) အုန်းဆီ

အုန်းဆီဟာ ပျက်စီးနေတဲ့ အသားအရေကိုလည်း ပြန်ကုစားပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်းမှာ မည်းနေတဲ့ ဒူးဆစ်၊တံတောင်ဆစ်နေရာကို အုန်းဆီလိမ်းပြီး တစ်မိနစ်၊နှစ်မိ နစ်လောက် ညင်သာစွာနှိပ်နယ်ပေးပါ။ 

ပိုထိရောက်တဲ့ နည်းကတော့ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံပရိုရည် ဇွန်းဝက်ကို ရောပြီး မည်းနေတဲ့ နေရာပေါ်ကို လိမ်းပေးပါ။ (၁၅)မိနစ်လောက် ကြာအောင် ထားပြီးရင် တစ်ရှူးနဲ့သုတ် ပစ်လိုက်ပါ။ နေ့စဉ်လုပ်ပေးခြင်းအားဖြင့် မည်းနေတာတွေ သက်သာပျောက် ကင်းသွားမှာပါ။

(၂) သံပရို

သံပရိုရည်ကို မည်းနေတဲ့ နေရာအပေါ် လိမ်းပေးပြီး မိနစ်(၂၀)ကြာအောင်ထားပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ရေဆေးချပါ။ ရေစင်အောင် သုတ်ပေးပြီးရင်တော့ Lotion လိမ်းပေးပါ။

(၃) ဒိန်ချဉ်

ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အဖြူရောင် ရှာလကာရည်ကို ရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ဆေးချပါ။ ရေခြောက်အောင်သုတ်ပေးပြီးရင်တော့ Lotion ဒါမှမဟုတ် moisturizer လိမ်းပေးပါ။ နေ့စဉ်လုပ်ပေးရင်တော့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါ။

10 Home Remedies To Get Rid of Dark Knee And Elbow (Easy to Do)

(၄) သကြား

သကြားနဲ့သံလွင်ဆီ လိုပါတယ်။ပြီးရင်တော့ ရောပြီးပျစ်နေအောင်မွှေပါ။ ပြီးရင်တော့ လိမ်းပေးပါ။ လိမ်းတဲ့နေရာမှာလည်း လက်ချောင်းကို စက်ဝိုင်းပုံစံမျိုး လှည့်ပြီး ငါးမိနစ်လောက် ကြာရင်တော့ ရေနွေးနွေးနဲ့ ဆေးချပါ။

(၅) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့တစ်ဇွန်းကိုရောပါ။ ပျစ်နေအောင် မွှေပြီးရင်တော့ လိမ်းပေးပါ။ နှစ်မိနစ်သုံးမိနစ်လောက် ကြာရင်တော့ ရေဆေးချပါ။ ဒီနည်းကိုလည်း နေ့စဉ်လုပ်ပေးရင်တော့ တစ်လအတွင်းမှာပဲ အမည်း ကွက်တွေ သိသိသာသာသက်သာစေမှာပါ။

(၆) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို လိမ်းပေးရမှာပါ။ မိနစ်(၂၀)လောက်ခြောက်အောင် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနည်းကိုတော့လည်း တစ်နေ့မှာ တစ်ကြိမ်(သို့)နှစ်ကြိမ်လုပ်ပေးရုံနဲ့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါ။

⇐ Previous Next

Read 948 times