Health & Beauty

How to take care of your sneaker?

How to take care of your sneaker?

လူငယ်တွေ အပြင်ထွက်တိုင်း စီးဖြစ်ကြတဲ့ Footwear ထဲမှာ Sneaker တွေက ထိပ်ဆုံးက ပါပါလိမ့်မယ်။ Sneaker တွေက စီးလို့ကောင်းပါတယ်။ ဒါပေမယ့် ရေရှည်အစီးခံရဖို့အတွက် ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ Sneaker ဝယ်ထားတယ် ၊ အမြဲလည်း စီးဖြစ်တယ်ဆိုရင် အခုပြောတဲ့ နည်းလမ်းလေးတွေ လိုက်နာသင့်ပါတယ်။

 

1.Sneaker ဝယ်မယ်ဆိုရင် တစ်ခါတည်း Cleaner လေးပါဝယ်ထားတာ ကောင်းပါတယ်။ Sneaker ကို ရေနဲ့ လျှော်ပြီး Soft Brush လေးနဲ့ ပွတ်တိုက်ပြီး Shoe Cleaner နဲ့ သန့်ရှင်းပေးဖို့ လိုပါတယ်။ Microfiber towel လေးနဲ့  ပွတ်ရင်လည်း ရပါတယ်။

နောက်တစ်ခုက ဖိနပ်ကြိုးတွေ ဖြစ်ပါတယ်။ ဖိနပ်ကြိုးတွေကတော့ သက်သက် လျှော်ပေးရမှာပါ။ ကြိုးတွေကို Cleaner နဲ့ ရေခပ်နွေးနွေးထဲ ထည့်ပြီး လက်နဲ့ မွှေနှောက်ပြီး သန့်ရှင်းပေးရမှာပါ။ သန့်ရှင်းရေး လုပ်ပြီးတဲ့နောက်မှာလည်း ဖိနပ်အသားကို ကာကွယ်ပေးဖို့ ဖိနပ်သုတ်ဆေး/စပရေးတစ်ခုခု လိမ်းပြီး အခြောက်ခံထားမယ်ဆိုရင် ဖိနပ်သက်တမ်း ကြာကြာခံပါတယ်။

 

2.ချွေးထွက်များတဲ့ ခြေထောက်တွေနဲ့ အနံ့ဆိုးထွက်တဲ့ Insoles တွေက ပြဿနာပါ။ ဖိနပ်အောက်ခံ Sole ပြားကို ထုတ်လျှော်ပြီး နေလှမ်းထားဖို့ လိုပါတယ်။ ခြောက်သွားရင်တော့ Deodorizer ဒါမှမဟုတ် ရေမွှေးတစ်မျိုးမျိုး သုံးနိုင်ပါတယ်။ ခြေအိတ်တွေလည်း အမြဲ သန့်ရှင်းအောင်ထားပြီး ခြေအိတ်အပိုအနည်းဆုံး ၄ ခုလောက် ဆောင်ထားသင့်ပါတယ်။

 

 

3.ကိုယ်စီးနေတဲ့ Sneaker ကို Care လုပ်နိုင်ဖို့ Sneaker ရဲ့ ဒီဇိုင်းအပြင် ဘယ်လိုချည်နဲ့ ထုတ်ထားသလဲဆိုတာပါ စဉ်းစားဖို့လိုပါတယ်။ တစ်ချို့ Sneaker တွေက အပေါ်မှာဝါချည်ကွက်နဲ့ အုပ်ထားပြီး Brush အနုစားနဲ့ သန့်ရှင်းရေးလုပ်လို့ရပါတယ်။ လယ်သာသားနဲ့ ထုတ်ထားတဲ့ Sneaker ဆိုရင်တော့ Leather Shoe Spray သုံးနိုင်ပါတယ်။

Sneaker တွေဟာ အမြင်ပန်းအရ အကြမ်းခံတယ်လို့ ထင်ရတာကြောင့် ဂရုမစိုက်ဘဲ နေသူတွေ များပါတယ်။ Sneaker တွေကို စီးပဲ စီးပြီး ဂရုတစိုက် မထိန်းသိမ်းဘူးဆိုရင် မကြာခင် ပျက်စီးနိုင်တာကြောင့် Sneaker တွေ သက်တမ်းကြာကြာ အသုံးခံဖို့အတွက် အခုပြောမယ့် နည်းလေးတွေကို ပုံမှန်လိုက်နာသင့်ပါတယ်။

 

 

⇐ Previous Next

Read 1616 times