Things To Do

how-your-zodiac-sign-acts-on-a-rainy-day

how-your-zodiac-sign-acts-on-a-rainy-day

ရာသီခွင် (၁၂) ခုကို ကြည့်ပြီး စိတ်နေစိတ်ထား၊ အိမ်ထောင်ဖက်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ခန့်မှန်းနိုင်သလို မိုးရွာတဲ့အခါမှာလည်း ပြုလုပ်တတ်တဲ့ အမူအကျင့်တွေကို သိနိုင်ပါတယ်။ ဒီနေ့လေးက မိုးနေ့ဆိုတော့ ရာသီခွင်တစ်ခုချင်းစီရဲ့ မိုးရွာတဲ့အခါမှာ ဘာတွေ တွေးနေတတ်လဲ၊ ဘာတွေ လုပ်တတ်ကြလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ 

၁။ Aries (March 21 - April 19) - Aries တွေက မိုးရွာတဲ့အခါ အိမ်မှာ နေရတာကို ကြိုက်ပြီး ဖုန်းနဲ့ပဲ ဆိုရှယ်မီဒီယာသုံးရင်း အချိန်ကုန်နေတတ်ပါတယ်။ 

၂။ Taurus (April 20 - May 21) - Taurus တွေက မိုးရွာတဲ့အချိန်မှာ စာအုပ်ဖတ်ပြီး အနားယူရတာကို သဘောကျပါတယ်။

၃။ Gemini  (May 22 - June 21) - Gemini တွေကတော့ မိုးရွာနေတာတောင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ချင်ကြတဲ့ သူတွေပါ။

၄။ Cancer (June 22 - July 22) - အလွမ်းဓာတ်ခံရှိတဲ့ Cancer တွေကတော့ မိုးရွာနေတာကို ငေးရင်းနဲ့ အမှတ်တရတွေကို  ပြန်တွေးရင်း ဆွေးနေတတ်ပါတယ်။ 

၅။ Leo (July 23 - August 22) - မိုးရွာတဲ့အချိန် Leo တွေက သူဝါသနာပါတာကို လုပ်လေ့ရှိပါတယ်။ ဥပမာ - ပုံဆွဲတာမျိုး။ မိုးရွာတဲ့အချိန်က သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို လောင်စာဖြည့်ပေးတယ်လို့ Leo တွေက ယူဆပါတယ်။

Advertisement

Click Here > Golden House

၆။ Virgo (August 23 - September 22) - Virgo တွေကတော့ မိုးရွာပြီဆိုတာနဲ့ အိမ်မှာ ရုပ်ရှင်ကြည့်ရင်း Chill မယ့် သူမျိုးပါ။

၇။ Libra (September 23 - October 22) - Libra တွေက မိုးရွာတာကို ကြိုက်တဲ့သူတွေမဟုတ်လို့ မိုးတိတ်စေဖို့ကိုပဲ ဆုတောင်းနေပါလိမ့်မယ်။

၈။ Scorpio (October 23 - November 22) - Scorpio တွေက မိုးရွာတဲ့အချိန်မှာ များသောအားဖြင့် သူတို့ရဲ့ အချိန်ကို စာလုပ်ရင်းနဲပဲ ကုန်ဆုံးတတ်ကြပါတယ်။ 

၉။ Sagittarius (November 23 - December 21) - Sagittarius တွေက မိုးရွာသီကို နှစ်သက်သူတွေမို့ မိုးရွာတဲ့အချိန်က သူတို့ရဲ့ ဘ၀အတွက် အပျော်ဆုံးအချိန်တွေထဲက တစ်ခုပါ။

၁၀။ Capricorn (December 22 - January 20) - Capricorn တွေကတော့ မိုးအေးအေးနဲ့ ဆောင်ခြုံကွေး၊ ရုပ်ရှင်ကြည့်ရင်း အိပ်မယ့်သူတွေပါ။

၁၁။ Aquarius  (January 21 - February 18) - Aquarius တွေက မိုးရွာတဲ့အချိန် သီချင်းအေးအေးလေးတွေ နားထောင်ပြီး သံစဉ်နဲ့အလိုက် ကတာမျိုးတွေ လုပ်တတ်ပါတယ်။  

၁၂။ Pisces (February 19 - March 20) - Pisces တွေက မိုးရွာနေတာကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်နေတာနဲ့ အလှုပ်ရှုပ်နေတတ်ပါတယ်။

⇐ Previous Next

Read 1583 times