Food & Drink

5 Best Cafes In Yangon

5 Best Cafes In Yangon

မိုးအေးအေးမှာ ကော်ဖီနွေးနွေးတစ်ခွက်၊ စာအုပ်တစ်အုပ်ရှိရင် ဘာများလိုပါဦးမလဲ? အခုလို မိုးတစိမ့်စိမ့် ရွာနေတဲ့ ကာလလေးမှာ ကော်ဖီဆိုင်ထိုင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်ရော၊ ချစ်သူနဲ့ အတူ ရိုမန့်တစ်ဆန်ဆန် ကော်ဖီဒိတ်ချင်တဲ့သူတွေအတွက်ပါ ဓာတ်ဖမ်းလို့ကောင်းတဲ့ ရန်ကုန်မြို့က ကော်ဖီဆိုင်လှလှလေး (၅) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။

(၁) Time Off Cafe

ဒီကော်ဖီဆိုင်လေးက ဗဟန်းမြို့နယ်မှာရှိပြီး Pet-friendly လည်း ဖြစ်ပါတယ်။ မိုးရာသီမှာ ထိုင်လို့ကောင်းတယ်လို့ ဘာလို့ပြောလဲဆိုရင် ဆိုင်ကို မှန်တွေနဲ့ ကာရံထားတော့ အပြင်မှာ မိုးရွာနေတာကို တိုက်ရိုက်မြင်တွေ့ခံစားနိုင်လို့ပါ။ ဆိုင်ရဲ့ ခြံဝန်းထဲမှာ အပင်လေးတွေ စိုက်ထားလို့ အမြင်လည်း အေးစေပါတယ်။ 

ဆိုင်ကတော့ နှစ်ထပ်ဖြစ်ပြီး ဆိုင်အပြင်အဆင်က Instagram Spot လို့ ပြောရင်ရတယ်ဆိုတော့ ဓာတ်ဖမ်းမယ့်သူတွေ အကြိုက်ပေါ့။ စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူတွေအတွက်လည်း ဖတ်စရာ စာအုပ်လေးတွေ ထားပေးထားပါတယ်။ ဒီဆိုင်မှာက Coffee၊ Drink၊ Dessert တွေအပြင် Spaghetti၊ Rice Bowl၊ Noodle Bowl တွေပါ တော်တော်စုံစုံ ရပါတယ်။ 

No.12 , Nat Mauk Lane (1) , Bocho Quarter 2 , Bahan Township, Yangon

09-442999305

(၂) Laika Pet Cafe

ဒီဆိုင်လေးကလည်း နောက်ထပ် Decoration လှလှလေးနဲ့ Pet-friendly ဖြစ်တဲ့ ကော်ဖီဆိုင်လေးပါ။ အပင်တွေ ပတ်ပတ်လည် ဝန်းရံထားပြီး ဆိုင်မှာ သုံးထားတဲ့ အရောင်က Pastel Green ဆိုတော့ ကြည့်ရတာ လိုက်ဖက်မှုရှိပြီး တော်တော်လေး လှပါတယ်။

Aircon နဲ့ Wifi ကို Full Service ပေးထားပြီး ကားအစီး (၂၀) လောက် ရပ်နားလို့ရတဲ့ ကားပါကင်လည်း ရှိပါသေးတယ်။ ဆိုင်အတွင်းရော အပြင်ရောက ကျယ်ကျယ်ဝန်းဝန်းရှိတော့ Table ကျပ်မှာလည်း ပူစရာမလိုတော့ပါဘူး။  

ဆိုင်ရဲ့ မီနူးကတော့ သောက်စရာအနေနဲ့ Coffee၊ Tea၊ Smoothie၊ Juice တွေ၊ စားစရာအနေနဲ့ Burger၊ Sandwich၊ Pasta၊ Fries၊ Mexican Food၊ Appetizer၊ Salad တို့အပြင် မနက်စာတွေလည်း ရပါတယ်။ ကော်ဖီကောင်းကောင်းတစ်ခွက်ရယ်၊ ချစ်ရသူတွေရယ်၊ ချစ်ရတဲ့ Pet လေးတွေရယ်နဲ့ အတူတူ ဒိတ်နိုင်မယ့် ဆိုင်လေးပါ။

No 303 (A), Mahar Thukhitar 1st Street (North), East Gyo Gone, Insein Township, Yangon

09 40911 8822

Advertisement

Click Here > Hon Chuan

(၃) The Plant House

ဒီဆိုင်လေးကတော့ နေရာကျဉ်းပေမယ့် ဆိုင်နာမည်လေးအတိုင်း အပင်လေးတွေ၊ ရောင်စုံပန်းလေးတွေ အများကြီးနဲ့ ပြင်ဆင်ထားတာမို့ Insta-worthy Cafe လို့တောင် တင်စားရင် မလွန်ပါဘူး။ 

ဆိုင်က နှစ်ထပ်ရှိပြီး  Books, Plants, Coffee ဆိုတဲ့ ဆိုင်အဝင်၀က စားသားလေးအတိုင်း ဆိုင်ထဲမှာ စာဖတ်လို့ရအောင် စာအုပ်စင်ထားပေးထားပါတယ်။ ကော်ဖီဆိုင်ဆိုပေမယ့် ကော်ဖီချည်းပဲ ရောင်းတာမျိုးမဟုတ်ဘဲ အပင်လေးတွေ၊ ပန်းလေးတွေနဲ့ Local Handmade Product လေးတွေပါ ရောင်းပါတယ်။ 

ဒီဆိုင်မှာက ကော်ဖီ၊ အအေးနဲ့ မြန်မာအစားအစာမုန့်တွေ ရပြီးတော့ ဆိုင်ရဲ့ Signature ကတော့ Spicy Noodle နဲ့ Buffalo Wings ဖြစ်ပါတယ်။ 

No-33 , Nyaung Tone Street , San Chaung Township , Yangon, Myanmar 

09 798 883355 

(၄) White Cafe & Bistro

ဥယျာဉ်ခြံလေးထဲမှာ ခုံလေးတွေချပြီး ကော်ဖီသောက်နေရတဲ့ Vibe မျိုးကို ပေးမယ့် ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးက မြောက်ဒဂုံမြို့နယ်မှာ ရှိပြီး အဖြူရောင် ခုံတန်းလေးတွေနဲ့ ပန်းခြံပုံစံလေး ပြင်ဆင်ထားတာမို့ ရှင်းရှင်းလေးနဲ့ စိမ်းစိုလှပနေပါတယ်။ ဒီလို Photogenic ဖြစ်တဲ့ ကော်ဖီဆိုင်လေးမှာ ဓာတ်ဖမ်းမယ်ဆိုရင်လည်း အတော်လေး မိုက်မှာပါ။ 

ဒီဆိုင်မှာက သောက်စရာ ကော်ဖီမီနူးတွေအပြင် အနောက်တိုင်းအစားအစာ၊ ဟော့ပေါ့၊ မာလာထန်၊ ပါစတာ၊ ဒင်မ်စမ်း စသဖြင့် စားသောက်ဖွယ်မီနူးတွေ အစုံအလင် ရှိပါတယ်။

No. 9 & 10, U Wizara Road, 42 Ward, North Dagon Tsp, Yangon, Myanmar

09 767 196269 

(၅) Burma Bistro

မိုးအေးအေးနဲ့ Retro Vibe ကို ရချင်တယ်ဆိုရင်တော့ ခေတ်ဟောင်းအငွေ့အသက်နဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ပေါင်းစပ်ထားတဲ့ ဆိုင်အပြင်အဆင်နဲ့ Burma Bistro ရှိပါတယ်။ ဒီဆိုင်က ဘားနဲ့ တွဲဖွင့်ထားတာဆိုတော့ Cocktail နဲ့ တခြားသောက်စရာ Alcohol Drink တွေလည်း ရပါတယ်။

သောက်စရာအနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အသီးဖျော်ရည်တွေရတဲ့အပြင် မနက်စာတွေ၊ နာမည်ဆန်းဆန်းလေးနဲ့ တိုင်းရင်းအစားအစာတွေ၊ မြန်မာအစာအစာတွေလည်း ရပါတယ်။

No. 644 Corner of Merchant Road & Shwe Bon Thar Road, Yangon, Myanmar

09 40118 3838

မိုးရာသီလေးမှာ ကော်ဖီဆိုင်ထိုင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကော်ဖီဆိုင်လေးတွေ အလွယ်တကူ ရှာဖွေနိုင်ဖို့ ရန်ကုန်မြို့တွင်းက ကော်ဖီဆိုင် (၅၂၉) ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်ကလင့်ခ်မှာ စုစည်းပေးထားပါတယ်။

>> https://shorturl.at/oxAM1

⇐ Previous Next

Read 2265 times