Technology

In the new year, you will receive 5 of your new phones

 In the new year, you will receive 5 of your new phones

နှစ်တစ်နှစ်ရဲ့ အဆုံးကျရင် ကျွန်တော်တို့ အများစုဟာ တစ်ခုခုကို ပြောင်းလဲကြဖို့ ပြုလုပ်လေ့ ရှိကြပါတယ်။

တစ်ချို့တစ်လေကတော့ ပြောင်းလဲရတာ မကြိုက်ဘူးဆိုပေမယ့် နှစ်သစ်ရောက်ရင် အများစုကတော့ ပြောင်းလဲဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

 

ကဲဒီတော့ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး အမြဲအတူရှိနေတဲ့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ဖုန်းတွေကို လဲဖို့အတွက် စဥ်းစားနေတယ်ဆိုရင်တော့ လက်ရှိမှာ လူကြိုက်များနေတဲ့ ဖုန်းအမျိုးအစားတွေကို ပြောပြပေးသွားပါမယ်ဗျ။

 

(၁)Samsung Galaxy A11 

Samsung Galaxy Series ဖြစ်တဲ့ Samsung Galaxy A11 က 2GB RAMနဲ့ 32GB Rom, 179,000 ကျပ် ပဲ ကျမှာ ဖြစ်ပါတယ်။Battery အနေနဲ့ကတော့ 4,000 mAH ပါ၀င်မှာ ဖြစ်ပြီး Camera က တော့ Triple Camera ဖြစ်ပါတယ်။Samsung ထဲမှာ စျေးအသက်သာဆုံး ဖြစ်တဲ့အတွက် စျေးကြီးကြီး မသုံးချင်ပဲ ဖုန်းအသစ်ဝယ်မယ်ဆိုရင်တော့ ပေးရတဲ့ စျေးနဲ့ တန်တယ်လို့ ပြောရမှာပါ။(ပရိုမိုးရှင်းကာလအတွင်းပဲ ဒီစျေးနဲ့ ရမှာပါတဲ့)

 

(၂)Samsung Galaxy A31

Samsung Galaxy A31 က 6GB RAM/128GB ROM ရှိပြီး 399,000 ကျပ်ပဲ ကျမှာ ဖြစ်တဲ့အတွက် စျေးအရမ်းမပေါပဲ အလယ်အလတ်လောက် သုံးချင်ရင်တော့ ဒီဖုန်းလေးက အဆင်ပြေစေမှာပါ။Battery အနေနဲ့ 

5,000 mAH ပါ၀င်မှာ ဖြစ်ပြီး Camera က တော့  Multi Quad camera ဖြစ်ပါတယ်။

 

(၃)Red Mi 9 

Xiaomi Series ဖြစ်တဲ့ Redmi 9 ကတော့  Ram 4GB + Rom128GB, 189,000 ကျပ် ပဲ ကျမှာ ဖြစ်ပါတယ်။။Battery အနေနဲ့ကတော့ 5020mAh ရှိတဲ့ အတွက် (၆) နာရီလောက် အေးဆေးသုံးလို့ရမှာ ဖြစ်ပါတယ်။ Camera က တော့ Rear Camera  ဖြစ်ပါတယ်။ Xiaomi ကိုသုံးရတာ သဘောကျတဲ့ သူတွေအနေနဲ့ကတော့  စျေးမကြီးပဲ ပေးရတဲ့ စျေးနဲ့ တန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

 

(၄)Redmi 10X 5GB

Redmi 10X 5 GB အနေနဲ့ကတော့ (၃)သိန်းခွဲအောက်လောက် သုံးမယ်ဆိုရင် ဝယ်သင့်တဲ့ ဖုန်းထဲမှာ ပါဝင်ပါတယ်။ Ram 8GB + Rom 128GB ရှိပြီး 345,000 ကျပ်ပဲ ကျမှာ ဖြစ်တဲ့အတွက် အလယ်အလတ်လောက် သုံးချင်ရင်တော့ ဒီဖုန်းလေးက အဆင်ပြေစေမှာပါ။Battery အနေနဲ့ 

4520 mAh battery အပြင်  Fast charging 22.5W ပါဝင်တာ ဖြစ်ပါတယ်။  Camera က တော့ rear camera ဖြစ်ပါတယ်။

 

(၅)Oneplus Nord N 10 5G

 

One Plus ကတော့ Camera ပိုင်းနဲ့ ပြောရရင် အရမ်းကို လူကြိုက်များတဲ့ Brand တစ်ခုပဲ ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကလည်း (၄) သိန်း မကျော်ဘူးလို့ ပြောလို့ရတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Ram 6GB ရှိပြီး ‌399,000 ပဲကျသင့်မှာ ဖြစ်ပါတယ်။5G Support ပေးထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး Battery ကတော့ 4,300 mAH ပါ၀င်တာ ဖြစ်ပါတယ်။Speaker အနေနဲ့ ပြောရရင်လည်း ပုံမှန်ဖုန်းတွေထက် အသံပိုငြိမ်တာကို တွေ့ရမှာ ဖြစ်တယ်။

 

⇐ Previous Next

Read 6425 times