Technology

Influential Business Leaders

Influential Business Leaders

စီးပွားရေးလောကဟာ အင်မတန်ကျယ်ပြန့် ရှုပ်ထွေးပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေ ပြည့်နှက်နေတဲ့ လောကကြီးတစ်ခုပါ။ လုပ်ငန်းရှင်တွေဟာ ဒီလိုနယ်ပယ်ထဲမှာ သူတို့ရဲ့ လုပ်ငန်းတွေကို ခပ်မြန်မြန် ဝင်ရောက်လာပေမယ့်၊ မကြာခင်မှာပဲ ခပ်မြန်မြန် ပြန်ထွက်သွားလေ့ ရှိကြပါတယ်။ 

ဒီလိုမျိုးနယ်ပယ်ထဲမှာ စီးပွားရေးတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ ဆိုတာကလည်း အင်မတန် ခက်ခဲလွန်းပြီး ဒီလိုခက်ခဲတဲ့ အရာတွေကိုမှ လုပ်ဆောင်နိုင်သူများဟာလည်း လက်ရှိကမ္ဘာ့စီးပွားရေးနဲ့ နည်းပညာလောကကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့သူချည်းပါပဲ။ 

အပြောင်းအလဲ ကြီးကြီးမားမားတွေကို တစ်ကမ္ဘာလုံးသိအောင် ချပြနိုင်ခဲ့တဲ့အပြင် ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကို ယူဆောင်လာနိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ 

၁။ Tim Cook

Apple CEO Tim Cook Explains Company's Response to COVID-19, New Closures |  Tom's Hardware

Tim Cook ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနဲ့ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ Apple Company ရဲ့ CEO တစ်ယောက် ဖြစ်ပါတယ်။ Apple ရဲ့ ပထမဆုံးသော Founder ဖြစ်တဲ့ Steve Jobs မရှိတော့တဲ့ (၂၀၁၁)နောက်ပိုင်းကနေ စတင်ပြီး CEO ဖြစ်လာခဲ့တာပါ။ 

Tim Cook ဟာ Steve Jobs ဆုံးပါးသွားပြီးတဲ့နောက် Appleရဲ့ သူမတူတဲ့ Product တွေကို ထုတ်လုပ်လာနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လက်လီအရောင်းဆိုင်နဲ့ တစ်ကမ္ဘာလုံးက လက်ကား ကုမ္ပဏီတွေအထိပါ ဖြန့်ဖြူးအောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

၂။ Sheryl Sandberg 

Facebook Giving $100M To Small Businesses, Cracking Down On Fake  Coronavirus News – Deadline

Sandberg ဟာ (၂၀၀၈)ခုနှစ်က စတင်ပြီး Facebook ရဲ့ Chief Operating Officer တစ်ယောက် ဖြစ်လာခဲ့သူပါ။ သူမက အမျိုးသမီး စီးပွား‌ရေးလုပ်ငန်းရှင်တွေကို အားပေးအားမြှောက် ပြုခဲ့သူဖြစ်ပြီးတော့ လူထုအကျိုးပြု Organization တစ်ခုဖြစ်တဲ့ LearnIn.org ရဲ့ Founder တစ်ဦးလည်း ဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ဘီလီယံနာတစ်ဦးလည်းဖြစ်၊ ပရဟိတသမားလည်း ဖြစ်တဲ့ Sandberg ဟာ Facebook ရဲ့ Board Of Director အားလုံးက တစ်ညီတစ်ညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

၃။ Bob Iger

Bob Iger steps down as Disney CEO, takes on new role

Bob Iger ဟာ Disney Corporation ရဲ့ CEO တစ်ဦး ဖြစ်ပါတယ်။ သူဟာ Marvel နဲ့ Pixar လိုမျိုး အလားအလာကောင်းတဲ့ ကုမ္ပဏီများစွာကို ရင်းနှီးမြှပ်နှံ ဝယ်ယူခဲ့သူဖြစ်ပြီးတော့ မကြားသေးမီကပဲ Lucas Films ကို ထပ်မံ စုဆောင်းဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ 

ကလေးဘဝရဲ့ Hero တွေကို ဖန်တီးထုတ်လုပ်ခဲ့တဲ့ Bob Iger ဟာ သူရဲ့ ဩဇာနဲ့ လုပ်ငန်းတော်တော်များများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပြီးတော့ ရှန်ဟိုင်းနဲ့ ဟောင်ကောင်မှာဆိုရင် Disney Character တွေနဲ့ Disney Land ကြီးတစ်ခုကိုပါ တည်ဆောက်တဲ့အထိ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ 

၄။ Reed Hastings 

Netflix won't work with Apple on video plans, CEO Reed Hasting says - Vox

တစ်ကမ္ဘာလုံးက လူငယ်တိုင်း သိကြတဲ့ Netflix ရဲ့ Co- Founder နဲ့ CEO ကတော့ Reed Hastings ပဲ ဖြစ်ပါတယ်။ သူဟာ (၁၉၉၇)ခုနှစ်ထဲက media-streaming နဲ့ video-rental ကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပြီးတော့ ကယ်လီဖိုးနီးယားက ပြည်သူတွေရဲ့ ပညာရေးလောကကို အကောင်းမွန်ဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ 

၅။ Mary Barra 

GM's Big Leap Into EVs Is Classic Mary Barra

သူမကတော့ (၂၀၁၄)ခုနှစ်က စတင်ပြီး General Motors Company ရဲ့ အမျိုးသမီး CEO တစ်ဦး ဖြစ်လာသူ ဖြစ်ပါတယ်။ သူမဟာGlobal Product Development, Purchasing and Supply Chain ရဲ့ အမှုဆောင် ဥက္ကဌတစ်ဦး ဖြစ်ခဲ့သူပါ။ လက်ရှိမှာတော့ Electronic Automobile Market ရဲ့ ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေသူ တစ်ဦးဖြစ်ပါတယ်။ 

သူမဟာ (၂၀၁၆)ခုနှစ်မှာ Chevrolet ရဲ့ Bolt EV လျှပ်စစ်ကားကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Automobile Market ရဲ့ ဦးဆောင်သူတွေထဲက တစ်ဦးလို့ ဆိုရမယ့် Mary Marra ဟာ (၂၀၁၇) မတိုင်မီကလည်း Disney ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ် ကမ်းလှမ်းခံခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။ 

၆။ Huateng “Pony” Ma 

Top 10 IT tycoons in China[9]- Chinadaily.com.cn

Pony Ma ကတော့ နည်းပညာနယ်ပယ်က လူတော်တော်များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ သူကတော့ တရုတ်နိုင်ငံက အကြီးဆုံးအင်တာနက်ကွန်ရက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent ရဲ့ Founder တစ်ဦး ဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံရဲ့ ဩဇာအရှိဆုံး စီးပွားရေးခေါင်းဆောင် အဖြစ် (၂)ကြိမ်တိုင်တိုင် ဖော်ပြခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 

သူဟာ သူ့ရဲ့ နေထိုင်မှုဘဝ ပုံစံကို လူအများမသိစေဘဲ လျှို့ဝှက်ထားနေထိုင်လေ့ ရှိပြီး ဒီလိုနေထိုင်တတ်သူ ဖြစ်တာကြောင့်လည်း ပိုပြီး နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်တွင်းမှာသာမက နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာလည်း သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် တော်တော်များများ ဩဇာ လွှမ်းမိုးထားနိုင်သူတစ်ဦး ဖြစ်ပါတယ်။ 

၇။ Jack Ma 

Indian court summons Jack Ma, Alibaba in worker lawsuit · TechNode

Jack Ma ဟာ Forbes မဂ္ဂဇင်း Cover မှာ တရုတ်ပြည်ရဲ့ ပထမဦးဆုံး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ရှိကမ္ဘာမှာ နာမည်အကြီးဆုံး E-commerce ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Alibaba ရဲ့ Founder တစ်ဦးလည်း ဖြစ်ပါတယ်။ 

မအောင်မြင်ခင် ကျောင်းသားတစ်ဦးဖြစ်ခဲ့တဲ့ Jack Ma ဟာ တက္ကသိုလ်ဝင်တန်းကို (၃)ခါတိတိ ကျရှုံးပြီးမှ ကျောင်းတက်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘွဲ့ရပြီးနောက်ပိုင်းမှာလည်း အလုပ်လျှောက်တဲ့အခါ ကုမ္ပဏီပေါင်း (၃၀)ကျော်ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရသူပါ။ 

သူဟာ အင်တာနက်ကွန်ရက်အကြောင်းကို အမေရိကန်နိုင်ငံရဲ့ အလည်အပတ် ခရီးစဉ်တစ်ခုမှာ ပထမဆုံးသင်ယူခဲ့တာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရဲ့ စမှတ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီခရီးကနေ အိမ်ပြန်ရောက်တဲ့အခါ သူဟာ Website ခပ်သေးသေးတစ်ခုကို စပြီး ဖန်တီးခဲ့ပါတယ်။ 

ဒီ Website ထဲမှာ တရုတ်နိုင်ငံရဲ့ အဓိက ထုတ်ကုန်တွေ၊ အစားအသောက်တွေနဲ့ အခြားသော လူသုံးကုန် ပစ္စည်းတွေကို တင်ပြီး‌ ရောင်းချခဲ့ပါတယ်။ ဒါက ကမ္ဘာ့အကြီးဆုံး E-commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibaba ရဲ့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ 

၈။ Bill Gates 

Bill Gates Exits Microsoft Board To Focus On Philanthropy Full-Time –  Deadline

Bill Gates ကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ သူဟာ Microsoft ရဲ့ Founder တစ်ဦးဖြစ်ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတစ်ဦးအဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာ့အချမ်းသာဆုံး သူဌေးစာရင်းဝင်တစ်ဦး ဖြစ်နေဆဲပါ။ 

နှစ်ပေါင်းများစွာ ပရဟိတလုပ်ငန်းတွေကို ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း Bill and Melinda Gates ဆိုတဲ့ ဖောင်ဒေးရှင်းကို တည်ထောင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ Bill Gates ဟာ သူ့ရဲ့ ချမ်းသာမှုတွေကို ပရဟိတအတွက် အသုံးလိုတဲ့နေရာတွေမှာသာ အသုံးပြုသွားမယ်လို့ ကတိကဝတ် ပြုထားသူလည်း ဖြစ်ပါတယ်။ 

၉။ Elon Musk 

Olivia Solon on Twitter: "can someone at the @elonmusk SXSW Q&A ask him to  explain this witchcraft pls… "

Elon Musk ကတော့ မကြာသေးမီကမှ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ်(၁)နေရာ ရရှိခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ PayPal နဲ့ SpaceX ရဲ့ Founder တစ်ဦးဖြစ်ပြီး Tesla Motor ရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်းမှာလည်း ပါဝင်ပတ်သတ်နေသူအဖြစ် လူသိများသူ ဖြစ်ပါတယ်။ 

၁၀။ Warren Buffett 

Warren Buffett's Berkshire Letter Doesn't Take Reddit, Bitcoin Bait -  Bloomberg

Warren Buffett ကတော့ လက်ရှိ မြန်မာနိုင်ငံအထိ လူသုံးများလာပြီဖြစ်တဲ့ LinkedIn ရဲ့ Founder တစ်ဦး ဖြစ်ပါတယ်။  LinkedIn ဟာ လက်ရှိ ကမ္ဘာ့ Social Media ပလက်ဖောင်းမှာ အသုံးဝင်ဆုံး ပလက်ဖောင်းတစ်ခု ဖြစ်လာပါတယ်။ သူဟာ ပရဟိတပြုလုပ်ရာမှာ အင်မတန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ DonorsChoose.org ရဲ့ Founder တစ်ဦး ဖြစ်ပါတယ်။ 

Source : cmoe.com 

⇐ Previous Next

Read 1194 times