Technology

Is there anything good in the mid-range other than Chinese phones?

Is there anything good in the mid-range other than Chinese phones?

လူလတ်တန်းစားများတဲ့ ကျွန်တော်တို့နိုင်ငံမှာ Price To Performance ကောင်းတဲ့ဖုန်းတွေလို့ ဆိုလိုက်ရင် (၁၀)လုံးမှာ (၉)လုံးလောက်က တရုတ်ဖုန်းတွေ ဖြစ်နေတတ်ကြပါတယ်။ ဒီလိုဆိုရင် တရုတ်ကထုတ်တဲ့ ဖုန်းကို မသုံးချင်ကြတဲ့သူတွေအတွက် Mid Range မှာ ရွေးချယ်စရာ မရှိတော့ဘူးလား? သိချင်ရင်တော့ ဒီပိုစ့်လေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ။ 

 

 

Samsung Galaxy A32 5G / A32 LTE

ဒီဖုန်းက Samsung ရဲ့ တန်ဖိုးသင့် Midrange ဖုန်းတွေထဲကတစ်လုံးဖြစ်ပြီး February လလောက်ကမှထွက်ထားတာပါ။ မြန်မာနိုင်ငံမှာလည်း ရောက်ရှိနေပြီဖြစ်ပြီး အရင်ကထွက်ခဲ့တဲ့ Midrange တွေနဲ့စာရင်တော့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။ 5Gနဲ့ LTE မှာအားသာချက်ကိုယ်စီ ပိုင်ဆိုင်ထားပါတယ်။

LTE Version မှာဆိုရင် 90 Hz Super Amoled Display ရမှာဖြစ်သလို 5G Version ဆိုရင်တော့ TFT LCD display ဖြစ်သွားပြီး 90 Hz လည်းပါမှာမဟုတ်ပါဘူး။ ဒါပေမယ့် CPU ပိုင်းကိုကြည့်မယ်ဆိုရင်တော့ 5G Version ကနှာတစ်ဖျားသာနေပြီး 7nm Dimensity 5G နဲ့ 12nm Helio G80 ဆိုတာလုံးဝယှဥ်လို့ မရတဲ့အတွက် ဒီနေရာမှာတော့ 5G Version ကသာနေမှာပါ။ Camera ပိုင်းမှာလည်း Cpu အစွမ်းကြောင့် 5G Version ကနည်းနည်းသာနေမှာဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ တူတူပါပဲ။ 4G LTE version ကိုတော့ 535,000 ကျပ်နဲ့ဝယ်နိုင်မှာဖြစ်ပြီး 5G Version   ကတော့ 580,000 နဲ့ရနိုင်မှာပါ။ဒီနေရာမှာ 5G မရတာကလွဲရင် ကျန်တဲ့အချက်တွေမှာ 4G Version ကအဆင်ပြေနေပြီး Game တစ်အားမဆော့တဲ့ သူတွေအတွက်ဆိုရင် ဒီစျေးမှာတန်တဲ့ဖုန်းတစ်လုံးပါ။ 

 

 

 

Samsung Galaxy A52

A32 5G ထက်ပိုကောင်းပြီးတော့ စျေးလေးလည်း မဆိုသလောက်များပါတယ်။ Super Amoled 90 Hz

SD card slot အကုန်ပါပြီးတော့ Camera ကလည်း 4လုံးပါတော့ သူ့စျေးတန်းမှာ တရုတ်မဟုတ်တဲ့ ဖုန်းတွေနဲ့ဆို ယှဥ်နိုင်တဲ့ကောင်သိပ်မရှိပါဘူး။ Battery ဆိုရင်လည်း 4500 mAh ကိုမှ fast charging 25W အထိရမယ်ဆိုတော့ တစ်နေတာ သုံးဖိုးအတွက်ကတော့ အဆင်ပြေစေမှာပါ။ ip67 လည်းပါတယ်ဆိုတော့ တော်ရုံရေနဲ့ ဖုန်မှုန့်တွေ အန္တရာယ်ကနေလည်း အထိုက်အလျောက်အကာအကွယ်ပေးပါတယ်။ စျေးနှုန်းအနေနဲ့ ၆၆၉,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ 

 

 

Google Pixel 4a  

Stock Android နဲ့သုံးရတာ သက်သောင့်သက်သာအဖြစ်ဆုံး ဖုန်းတွေလို့ဆိုလိုက်ရင် Google ရဲ့ Pixel တွေကို ပြစ်ပယ်ထားလို့ မရပါဘူး။ Daily use အနေနဲ့ သာမကကျန်တဲ့ camera တွေရော ကိုင်ရတဲ့ Feeling ကအစ လုံးဝအပေါစား တရုတ်ဖုန်းတစ်လုံးကို ကိုင်နေရတာနဲ့ ဘာမှမဆိုင်ပါဘူး။ဒီအထဲမှာမှ ညွှန်းပေးချင်တဲ့ ဖုန်းကတော့ Pixel 4a ပါ။ 6သိန်းဝန်းကျင်မှာ Build Quality ကောင်းကောင်း Camera ကောင်းကောင်း ဖုန်းတစ်လုံးလိုချင်တယ်ဆိုရင်တော့ ဒီဖုန်းကိုပဲရွေးရမှာပါ။ အားနေဂိမ်းဆော့မယ်ဆိုတဲ့ လူတွေကတော့ မကိုင်ပါနဲ့ ဒီဖုန်းက gaming phone မဟုတ်ပါဘူး။ သေးသေးကွေးကွေးလေးနဲ့ ပေါ့ပေါ့းပါးပါးကိုင်ရမယ် အလေးချိန်က 143gram ပဲရှိတယ်။ Andriod ရဲ့ အကောင်းဆုံး feature တွေရမယ်ဆိုပေမယ့် Finger Print ကအနောက်ဘက်မှာပဲရှိသေးတော့ နည်းနည်းတော့ ဖီလ်းငုတ်တာပေါ့ဗျာ ။Latest Technology တွေမပါဘူးဆိုပေမယ့် ရှုပ်ရှုပ်ထွေးထွေးတွေမကြိုက်ဘူး ရိုးရိုးရှင်းရှင်းပဲ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ပေးရတဲ့ပိုက်ဆံနဲ့ ပြန်ရတာကျေနပ်စေမှာပါ။ 

 

 

Iphone Se 2020 

Compact Phone ကြိုက်တဲ့သူတွေအတွက်ကတော့ SE 2020 လေးကရှိနေမှာပါ။ 4.7” သာရှိပြီး လက်ထဲမှာ ကိုင်ထားလို့ကိုင်ထားမှန်းမသိအောင် ပေါ့ပြီးသေးပါတယ်။ သေးတယ်ဆိုလို့ အထင်တော့မသေးလိုက်နဲ့နော်။ 7 nm+ A13 Chip ကိုသုံးထားတာမို့လို့ ဘယ် App ကိုမဆို အေးအေးဆေးဆေးပါပဲ။ Display ကတော့ IPS LCD မို့လို့ သိပ်ပြီးတော့ ကောင်းမှာမဟုတ်ပါဘူး။အခုချိန်ဝယ်မယ်ဆိုရင်တော့ ၇သိန်းဝန်းကျင်ကျသင့်မှာပါ။

 

⇐ Previous Next

Read 1708 times