Health & Beauty

Men Fashion For Winter 2023

Men Fashion For Winter 2023

ရန်ကုန်ဆောင်းက သိပ်မအေးပေမဲ့ အေးတဲ့နေရာဒေသတွေ သွားတဲ့အခါ လူငယ်ဆန်ပြီး စတိုင်ကျမယ့် ဆောင်းတွင်း ဖက်ရှင်အတွဲအစပ်တွေကို သိထားတော့ ရှိုးထုတ်လို့ရတာပေါ့။ အခုပြောပြပေးသွားမယ့် ဖက်ရှင်အတွဲအစပ်တွေကတော့ ၂၀၂၃ ခုနှစ်မှာ ခေတ်စားလာမယ့် အမျိုးသားဝတ် ဆောင်းရာသီ ဖက်ရှင်စတိုင်တွေပဲ ဖြစ်ပါတယ်။

(၁) Hoodie 

ဟူဒီကတော့ မြန်မာအမျိုးသားတွေ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ထုတ်ဝတ်လေ့ရှိကြတဲ့ Outfit တစ်မျိုးပါ။ သူက ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အပေါ်က ဟူဒီ၊ အောက်က ခပ်ပွပ်ပွ Baggy Pant လေးဝတ်ပြီး Sneaker ဖိနပ်စီး၊ Beanie ဦးထုပ်လေးဆောင်းလိုက်မယ်ဆိုရင် ခပ်မိုက်မိုက် ကောင်လေးစတိုင်ကို ရရှိမှာဖြစ်ပါတယ်။

(၂) Cargo Vest

၂၀၂၂ မှာတော့ အရမ်းကိုခေတ်စားခဲ့တဲ့ Cargo Vest လေးကို အောက်က Sweatshirt လေးခံပြီး ဝတ်တာမျိုး၊ ရိုးရိုးရှပ်လက်ရှည်လေး အောက်ကခံပြီး ဝတ်မယ်ဆိုလည်း အဆင်ပြေပါတယ်။

ဘောင်းဘီအနေနဲ့ Baggy Pant၊ Ankle Pant၊ Style Pant တွေနဲ့လည်း လိုက်ဖက်ပါတယ်။ ၂၀၂၃ မှာတော့ Crazy Color တွေ ခေတ်စားလာမှာမို့ Cargo Vest ကို အရောင်တောက်တောက်တွေ ကြိုက်တယ်ဆိုရင် လုံး၀ကွက်တိပါပဲ။

(၃)  Layered Fashion

တည်ငြိမ်ချင်တဲ့ အမျိုးသားတွေအတွက် ကော်လံပါ ရှပ်လက်ရှည်ကို အောက်ကဝတ်ပြီး အပေါ်က Sweatshirt ထပ်ဝတ်တာမျိုး၊ လည်ပင်းအပိတ် Fit Sweater ကိုမှ အပေါ်က ရှပ်လက်ရှည်ထပ်ဝတ်တာမျိုး လုပ်လို့ရပါတယ်။ Sweatshirt အပေါ်မှာ Oversized Tee ထပ်ဝတ်လိုက်ရင်လည်း မိုက်ပါတယ်။

အောက်က Style Pant တွေ၊ Jean Pant တွေနဲ့ လိုက်ဖက်ပါတယ်။ လူငယ်ဆန်ချင်ရင်တော့ Sneaker ဖိနပ်၊ Boot ဖိနပ်တွေ ရွေးချယ်သင့်ပြီး Classic ဘက် သွားချင်ရင်တော့ Loafers ဖိနပ်မျိုး ရွေးချယ်သင့်ပါတယ်။

(၄) Sweatshirt

နောက်တစ်မျိုးကတော့ Sweatshirt နဲ့ Pullover တွေပါပဲ။ သူတို့ကိုလည်း ကိုယ်သဘောကျတဲ့ Cargo Pant၊ Sweat Pant အပွတွေနဲ့ တွဲဝတ်လို့ရပါတယ်။ Jeans ဆိုလည်း အကျပ်တွေထက်စာရင် Straight Jeans မျိုးတွေနဲ့ တွဲမယ်ဆိုရင် ပိုမိုက်ပါတယ်။

(၅) Fur-trimmed Coat

Fur-trimmed Coat တွေကိုတော့ အောက်က တီရှပ်ဗြောင် လက်တို၊ Sweater အပါး လက်ရှည်တို့နဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ ဘောင်းဘီကတော့ Jean Pant အပွတွေနဲ့ဆို လိုက်ဖက်မှုရှိပါတယ်။

(၆) Jacket

အမျိုးသားတွေအတွက် ရွေးချယ်နိုင်တဲ့ Jacket တွေကတော့ Jean Jacket၊ Leather Jacket၊ Varsity Jacket၊ Bomber Jacket၊ Coach Jacket၊ Carhartt Jacket၊ Puffer Jacket တို့ဖြစ်ပါတယ်။ သူ့ချည်း ဒီတိုင်းဝတ်မယ်ဆိုလည်း စတိုင်ကျပြီး အောက်က တစ်ခုခု ခံဝတ်မယ်ဆိုလည်း မိမိုက်နေမှာပါ။

(၇) Long Coat

၂၀၂၀ နောက်ပိုင်း ပြန်ခေတ်စားလာတဲ့ Blazer တွေ၊ Long Coat နဲ့ Cropped Jacket စတာတွေကို တီရှပ်၊ Sweater တွေ ခံပြီး ဝတ်နိုင်သလို Jean Pant၊ Work Pant၊ Ankle Pant တွေနဲ့ တွဲဝတ်ရင်လည်း အထာကျပါတယ်။ ဖက်ရှင်ပိုကျချင်ရင် Belt Chain တွေ၊ Wallet Chain တွေနဲ့ Styling ထပ်လုပ်နိုင်ပါသေးတယ်။

 

⇐ Previous Next

Read 1041 times