Technology

OPPO Find N3 Flip

OPPO Find N3 Flip

ကမ္ဘာမှာ နာမည်ကြီးတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ OPPO ဟာ "A Better Flip" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အသုံးပြုတွေအတွက် အတွေ့အကြုံကောင်းတွေ ယူဆောင်လာပေးမယ့် Find N3 Flip ကို မြန်မာနိုင်ငံ ခေါက်ဖုန်းစျေးကွက်မှာ နိုဝင်ဘာ (၁) ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ 

Yangon Convention Center မှာ ကျင်းပတဲ့ OPPO Find N3 Flip မိတ်ဆက်ပွဲအခမ်းအနားကို OPPO ရဲ့ Brand Ambassador ဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ခင်ဝင့်ဝါအပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ပိုင်တံခွန်၊ နန်းဆုရတီစိုး၊ အလင်းရောင်နဲ့ မေဂရစ့်တို့က တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ 

OPPO ရဲ့ အသစ်မိတ်ဆက်လိုက်တဲ့ Find N3 Flip ဖုန်းဟာ ခေါက်ရာမထင်သလောက် နည်းပါးပြီး ဒီဇိုင်းပိုင်း၊ ကင်မရာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတို့မှာလည်း တိုးမြှင့်လုပ်ဆောင်ထားတာကို တွေ့ခဲ့ရပါတယ်။ စျေးနှုန်းအနေနဲ့ မြန်မာငွေ ၃,၄၉၉,၉၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး Pre-Order နဲ့ First Sales တို့အတွက် အထူးခံစားခွင့်နဲ့ ဆုလက်ဆောင်ပေါင်းများစွာကိုလည်း ပေးဦးမှာဖြစ်ပါတယ်။

"A Better Flip" လို့ ကြေညာပြီး မိတ်ဆက်ခဲ့တဲ့ OPPO Find N3 Flip မှာ တခြားခေါက်ဖုန်းတွေနဲ့ မတူတဲ့ ထူးခြားချက်တွေက ဘာတွေဖြစ်မလဲ?? ဆိုတာ အောက်မှာ ဆက်ကြည့်ရအောင်နော်။

OPPO Find N3 Flip ရဲ့ Cover Screen

Oppo Find N3 Flip Launch Likely On August 29: What To Expect - News18

တခြားခေါက်ဖုန်းတွေနဲ့ မတူတဲ့ Find N3 Flip ရဲ့ Cover Screen အကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ခေါက်ဖုန်းတွေမှာ များသောအားဖြင့် Cover Screen ကို အလျားလိုက် ထားကြတာ များပေမဲ့ OPPO ကတော့ ဒေါင်လိုက် Vertical Cover Screen နဲ့ ပွဲဦးထွက်လာတာဖြစ်ပါတယ်။

ဒေါင်လိုက်ဖြစ်တဲ့အတွက် အသုံးပြုတွေအနေနဲ့ Cover Screen ပေါ်မှာပဲ Mini ဖုန်းလေးတစ်လုံး သုံးနေရသလိုမျိုး ခံစားရေစေပါတယ်။ အပြင်ဘက် Screen အကျယ်ကတော့ 3.26" နဲ့ 17:9 Vertical Layout ဖြစ်ပါတယ်။ အတွင်းဘက်မှာတော့ 6.8" ရှိပြီး AMOLED Display ဒီဇိုင်း လုပ်ထားပါတယ်။

Cover Screen အသေးလေးမှာဆိုရင် Gorilla Glass Victus ကို သုံးထားတဲ့အတွက် N2 ထက် ပိုပြီး အကြမ်းခံလာမယ်လို့ ပြောလို့ရပါတယ်။

App များများ အသုံးပြုချင်သူတွေအတွက်လည်း Cover Screen မှာ နှစ်သက်ရာ App ပေါင်း (၈၀) ကျော်ကို အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Cover Screen မှာ ကိုယ့်ရဲ့ GIF ပုံလေးတွေကို Customize ပြုလုပ်ပြီး Wallpaper အဖြစ် ထားနိုင်တာကလည်း တကယ်မိုက်ပါတယ်။

OPPO Find N3 Flip ရဲ့ Camera

ဖုန်းဝယ်တော့မယ်ဆိုရင် ကင်မရာကောင်း/မကောင်းကိုပဲ အဓိကထား ကြည့်ပြီး ဝယ်တဲ့သူတွေ ရှိကြလား?

OPPO ဟာ Hasselblad နဲ့ ပူးပေါင်းပြီး ခေါက်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Flagship Telephoto Len ပါဝင်တဲ့ ကင်မရာ (၃) လုံးကို Find N3 Flip မှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ 

Main Wide-angle Camera အတွက် တခြားခေါက်ဖုန်းတွေထက် ၃၀% ကြီးမားတဲ့ Flagship 50MP Sony IMX 890 Sensor ကို တပ်ဆင်ထားပြီး ပိုမို ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ ဝေဝါးမှုတွေကို လျှော့ချရိုက်ကူးနိုင်မယ့် OIS ကိုလည်း ထည့်သွင်းထားပါတယ်။ 

ရိုက်ချက်တစ်ခုအတွင်း လူတိုင်းပါဝင်နိုင်သလို HD အရည်အသွေးဖြင့် ဖမ်းယူနိုင်မယ့် Ultra-Wide မြင်ကွင်းအတွက် တခြား ခေါက်ဖုန်းတွေထက် ၁၀၀% ကြီးမားတဲ့ 48MP Sony IMX 581 Sensor ကို တပ်ဆင်ပေးထားပါတယ်။

နောက်ပြီး ခေါက်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ရှေ့ကြည်နောက်ဝါး ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူနိုင်မယ့် 32MP Telephto Portrait Camera လည်း ပါဝင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Sensor မှာ အလင်းရောင်နည်းတဲ့ နေရာတွေမှာတောင် ကြည်လင်တဲ့ ပုံရိပ်တွေ ရိုက်ကူးလို့ရမယ့် OPPO ရဲ့ အထူးသီသန့် RGBW IMX 709 Sensor လုပ်ဆောင်ချက်လည်း ထည့်သွင်းထားပြီး မြင်ကွင်းတွေကို 2× Optical Zoom ကနေ 20× Digital Zoom အထိ ပံ့ပိုးပေးနိုင်ပါတယ်။ 

Update Design

OPPO Find N3 Flip ကို လူကြိုက်များပြီး ဖက်ရှင်ကျတဲ့ Sleek Balck နဲ့ Cream Gold ဆိုပြီး အရောင် (၂) မျိုး ထုတ်လုပ်ထားပါတယ်။

Cover Screen ပေါ်က ကင်မရာ (၃) လုံးပါတဲ့ Falgship ဒီဇိုင်းကို Cosmos Ring ဒီဇိုင်းလို့ခေါ်တဲ့ High-end Watch တွေမှာ ပါတဲ့ နာရီရဲ့ ဒိုင်ခွက်ဒီဇိုင်းကို Inspire ယူထားတာဖြစ်တဲ့အတွက်ကြောင့် ကြည့်လိုက်တာနဲ့ Luxury ဆန်တဲ့ ဖုန်းမှန်း သိသာပါတယ်။

ဖုန်းကိုင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်အောင် Curve အဖြစ်ဆုံး ဖန်သားအမျိုးအစားကိုပဲ သုံးထားပြီး Micro-Carved Flowing Hinge ဒီဇိုင်းပြုလုပ်ထားတဲ့အတွက် ဖုန်းကို ခေါက်တဲ့အချိန်တိုင်း ချောမွေ့ညက်ညောတဲ့ ခံစားမှုကို ရရှိစေပါတယ်။

ဒီ OPPO ဖုန်းဟာ ဖုန်းမျက်နှာပြင် ဖြန့်လိုက်တဲ့အခါမှာ ခေါက်ရာကြီး ထင်းမနေအောင် ဖန်တီးပေးထားပေးပြီး အကြိမ်ပေါင်း ၆ သိန်း အခေါက်အဖြန့်လုပ်နိုင်တဲ့အထိ ကြာရှည်ခံအောင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ ဘက်ထရီ

Find N3 Flip ဖုန်းဟာ လျင်မြန်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံး Chipset ဖြစ်တဲ့ Media Tek Dimensity 9200 Chipset ကို အသုံးပြုထားပါတယ်။ RAM 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။

ကြာရှည်ခံတဲ့ 4300mAH ဘက်ထရီ ပါဝင်တာဖြစ်ပြီး 44W SUPERVOOC အမြန်အားသွင်းစနစ်က (၂၃) မိနစ်လောက် အချိန်ပေးအားသွင်းလိုက်ရုံနဲ့ ဖုန်းအား (၅၀) အထိ သွင်းနိုင်မှာ ဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်းသာဆို ကိုယ်လုပ်ရမယ့် အရေးကြီးအလုပ်တွေကို နှောင့်နှေးမှုမဖြစ်စေတော့ဘူးပေါ့။ 

နောက်ထပ် သုံးစွဲသူတွေအတွက် အသစ်တစ်ခုဖြစ်စေမယ့်အရာကတော့ Alert Slider ပဲ ဖြစ်ပါတယ်။ Alert Slider ဟာ ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို လျင်လျင်မြန်မြန် ပြောင်းပြီး အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် တိတ်ဆိတ်နေတဲ့ အခြေအနေတွေမှာ ရုတ်တရက် ဖုန်းအသံကျယ်ကျယ်လောင်လောင် ထမြည်တာကို တားဆီးနိုင်မှာဖြစ်ပါတယ်။

Price

ဒီလို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ကြည်လင်ပြတ်သားတဲ့ ကင်မရာပိုင်းတို့ ပါဝင်လာတဲ့ OPPO Find N3 Flip ဖုန်းဟာ မြန်မာငွေကျပ် ၃၄ သိန်း ၉ သောင်း ၉ ထောင့် ၉ ရာကျပ်ဖြင့် တရားဝင် စျေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း Pre-order စတင်လို့ရမှာဖြစ်ပြီး နိုဝင်ဘာ (၁၁) ရက်နေ့မှာမှ စတင်ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ 

Pre-order တင်ပြီး အားပေးမယ့်သူတွေအတွက် OPPO Enco Buds2၊ တစ်နှစ်အတွင်း အခမဲ့ တစ်ကြိမ် ပြုပြင်နိုင်မယ့် 1 Year Screen Protection Plan နဲ့ International Warranty Service တို့ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း  Main Screen (သို့) Cover Screen တစ်ခုခု ထိခိုက်ပျက်စီးသွားရင် တစ်ကြိမ် အခမဲ့ ပြန်လည် လဲလှယ်တပ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ စတင် ဝယ်ယူမယ့် First Sales တွေအတွက်လည်း အထူးလက်ဆောင်တွေ၊ ခံစားခွင့်တွေ ထပ်ရဦးမှာပါ။ 

⇐ Previous Next

Read 826 times