Programming ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ နည်းပညာအသစ်တွေဟာ မနေ့ကနဲ့ ဒီနေ့တောင်မတူတာမို့လို့ Self-study လုပ်မှသာလျှင် ခေတ်ရေစီးကြောင်းနဲ့အမှီ လိုက်နိုင်မှာပါ။ဒီလိုလုပ်ဖို့အတွက် နာမည်ကြီးပြီးတော့ အခမဲ့လေ့လာနိုင်မယ့် Youtube Channel တွေကိုပြောပြပေးသွားပါမယ်။
1.Programming Knowledge
ဒီChannelမှာက Java,python,c++လေ့လာချင်သူများအတွက်ကတော့ ရွှေတွင်းကြီးပါပဲ Video ပေါင်း 1000အထက်ရှိပြီး Programming Languageတွေအပြင် Flutter,Vue.jsတို့ပါ လေ့လာနိုင်မှာဖြစ်ပါတယ်
https://www.youtube.com/user/ProgrammingKnowledge
2.TreeHouse
Treehouseမှာက Pythonနဲ့ c#အတွက်ကတော့ Special Listအနေနဲ့လေ့လာလို့ပါတယ် တခြားသော webနဲ့ဆိုင်သော videoများရှိပါတယ်
https://www.youtube.com/c/gotreehouse/videos
3.Learncode Academy
Codecademy မှာက JavaScriptနဲ့ Jqueryသမားတွေအတွက် အလွန်ကောင်းသော videoများစွာရှိပါတယ်..Web Developmentအတွက်ဆို ဒီ Channelကို Recommend ပေးပါတယ်
https://www.youtube.com/user/learncodeacademy
4.Derek Banas
ဒီ channelနဲ့ After Effectsနဲ့ Algebraအပြင် Javascriptလေ့လာချင်သူတွေများစွာသော videoတွေရှိနေပါတယ်
https://www.youtube.com/user/derekbanas
5.TheNewBoston BostonမှာReact,Kotlin,Angular,Djanonအပြင် တခြား programmingနဲ့သက်ဆိုင်သော Tutorial Video 4200နီးပါးရှိပါတယ်
https://www.youtube.com/user/thenewboston
6.Kudvenkat
ဒီCHANNELမှာ စာသင်နှစ် ၁၃နှစ်သက်တမ်းရှိပြီး microsoft.netမှာ ဆရာလုပ်နေတဲ့ဆရာကိုယ်တိုင်သင်ပေးတာဖြစ်ပါတယ်..C# SQL Serverတို့ကိုလေ့လာနိုင်ပါတယ်
https://www.youtube.com/user/kudvenkat
7.DevTips
DevTipsမှာ က web Developmentအတွက် အဓီကထားလေ့လာလို့ရပါတယ်
https://www.youtube.com/user/DevTipsForDesigners
8.Css-tricks
ဒီChannelမှာ HTML CSS jsတို့ပါ ရှိပါတယ်
https://www.youtube.com/user/realcsstricks
9.Mike Locke
ဒီChannelကသင်ပေးတဲ့ဆရာကတော့ စာသင်နှစ် ၁၇နှစ်ရှိပြီး Front Endပိုင်းလေ့လာချင်သူများအတွက် အလွန်အဆင်ပြေမှာပါ
https://www.youtube.com/user/mlwebco
10.Adam Khoury
JavaScript,PHP,SQLအတွက်ဆို ဒီchannelက လက်လွှင့်မသင့်ပါဘူး
https://www.youtube.com/user/flashbuilding
Read 2133 times