Things To Do

Preparing for a Tropical Strom

Preparing for a Tropical Strom

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မေလ (၁၀) ရက်နေ့မှာ မုန်တိုင်းငယ် အဖြစ်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းသွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။  မေလ (၁၁) ရက်မှာ ဆိုင်ကလုန်းမုန်တိုင်ဟာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အဲဒီကမှတဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းဘက်ဆီကို ရွေ့လျားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းတွေထဲက မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာနိုင်သလို၊ လေပြင်းတိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်ဟာ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေမဲ့ အန္တရာယ်မ‌ကျရောက်မီ ကြိုတင်ပြင်ဆင်ထားနိုင်ရင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါတယ်။ ဒါကြောင့် မုန်တိုင်းအန္တရာယ်အတွက် သတိပြုပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မုန်တိုင်းမကျရောက်မီ

==============

(၁) မိုးလေဝသ သတင်းတွေကို နားစွင့်ထားပါ။

(၂) အရေးကြီးပစ္စည်းတွေ ပါဝင်တဲ့ အရေးပေါ်အိတ်ကို အရန်သင့် ကြိုတင်ပြင်ဆင်ထားပါ။

အရေးပေါ် အိတ်မှာ အောက်ကပစ္စည်းတွေ မပါပါအောင် ထည့်ဖို့လိုပါမယ်။

- သောက်ရေသန့်

- အစားအသောက်

- ဖုန်း၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်၊ Power Bank

- ပတ်တီး၊ ပလာစတာ၊ အနာပိုးသတ်နိုင်တဲ့ ဆေးရည်၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးသုံးပစ္စည်း၊၊ ခြင်ပြေးလိမ်းဆေး၊ အရေးပေါ်ဆေးဝါး

- ငွေသား

- တစ်ရှူးအခြောက်၊ တစ်ရှူးအစို အစရှိတဲ့ သန့်စင်ရေးပစ္စည်းများ

- အရေးကြီးတဲ့ စာရွက်စာတမ်းများ

(၂) ကိုယ့်နေအိမ် ခိုင်ခန့်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပါ။ ခိုင်ခန့်မှုမရှိရင် ခိုင်ခန့်အောင် ပြုပြင်ထားပါ။

(၃) အိမ်ခြံဝန်းအတွင်း ကျိုးပဲ့နိုင်တဲ့ အပင်တွေရဲ့ အကိုင်းအခက်လက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားရန်၊

(၄) ကိုယ်နေထိုင်ရာ အရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်တဲ့ ဒေသဖြစ်ရင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦးစတဲ့ ပုန်းခိုလို့ရမယ့် နေရာတွေကို ကြိုတင်ရှာဖွေသတ်မှတ်ထားပါ။

(၅) အရေးပေါ်ဆက်သွယ်ရမယ့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက် ရရှိနိုင်မယ့် အဖွဲ့အစည်းတွေရဲ့  ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို ကြိုရှာထားပါ။

(၁၀) မီးပျက်နိုင်တဲ့အတွက် အားသွင်းစရာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို အားအပြည့် ဖြည့်ထားပါ။

(၁၁) မီးပျက်ရင် ရေလည်းရနိုင်တော့မှာ မဟုတ်လို့ ရေကိုလည်း ကြိုတင်စုဆောင်းထားပါ။

Advertisement

Click Here > Grand Winner

မုန်တိုင်းတိုက်ခတ်လာသောအခါ

======================

(၁) လျှပ်စစ်ကူးနိုင်တဲ့ မီးခလုပ်၊ မီးပလပ်ပေါက်နှင့် မီးကြိုးများကို ဖြုတ်ထားပါ။

(၂ ) လေပြင်းဒဏ်ကြောင့် ကိုယ်နေထိုင်တဲ့ အဆောက်အဦး ပြိုကျနိုင်တဲ့ အနေအထားရှိရင် ခိုင်ခန့်တဲ့ စားပွဲ၊ ကုတင်အောက်တွေမှာ ခိုလှုံပါ။ 

(၃) ဆိုးဝါးပြင်းထန်တဲ့ အခြေအနေကို ဖော်ပြထားတဲ့ မုန်တိုင်းသတိပေးချက်ရှိရင် ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းခြင်းတွေ မပြုလုပ်ပါနဲ့။

(၄) မုန်တိုင်းတိုက်နေတဲ့အချိန် အပြင်ကို လုံးဝမထွက်ပါနဲ့။ အပြင်မှာရှိနေတဲ့အချိန် မုန်တိုင်းနဲ့ ကြုံခဲ့ရင်လည်း အကာအကွယ်ရနိုင်မယ့်နေရာ ရှာပြီး နေပါ။

(၅) မုန်တိုင်းသတင်း သတိပေးချက်တွေကို နားစွင့်ထားပါ။

 

မုန်တိုင်းအန္တရာယ်ကျရောက်ပြီးသောအခါ

=============================

(၁) သက်ဆိုင်ရာမှ အန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ပါနဲ့။

(၂) ရေစိုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုပါနဲ့။

(၃) သက်ဆိုင်ရာမှ ကြေငြာပေးမယ့်သတင်းနဲ့ အကြံပြုချက်တွေကို ဂရုတစိုက် နားထောင်ပါ။

(၄) လမ်းဘေးတွင် ပြတ်ကျနေသော လျှပ်စစ်ကြိုးများကို မကိုင်မိ၊ မထိမိစေရန် သတိပြုပြီး နီးစပ်ရာလျှပ်စစ်ရုံးကို အကြောင်းကြားပေးလိုက်ပါ။

(၅) သစ်ပင်တွေနားကိုလည်း ရှောင်ရှားပါ။ မုန်တိုင်းနောက်ဆက်တွဲကြောင့် သစ်ကိုင်းကျိုးကျတာတွေ ဖြစ်နိုင်ပါတယ်။

 

⇐ Previous Next

Read 736 times