Health & Beauty

Foods linked to better brainpower

Foods linked to better brainpower

အသက်အရွယ် ကြီးငယ်မရွေး လူတိုင်း မှတ်ဉာဏ်ကောင်းချင်ကြမှာပါ။ ဒီလိုမှတ်ဉာဏ်ကောင်းဖို့ဆိုရင် ဦးနှောက်ကို အထောက်အကူပြုတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးဖို့ လိုပါတယ်။ ဒါမှ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု အားကောင်းလာနိုင်မယ့်အပြင် အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်စွမ်းရည် ကျဆင်းမှု ဖြစ်နိုင်တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးမယ့် အစားအစာ (၁၀) မျိုးကို မျှဝေပေးလိုက်ပါတယ်။ 

(၁) အဆီများတဲ့ငါး

အဆီများတဲ့ငါးတွေမှာ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အကူပြုတဲ့ အိုမီဂါ - ၃ ဖက်တီးအက်ဆစ် (Omega 3 Fatty Acid) ကြွယ်၀စွာ ပါဝင်ပါတယ်။ ဒါ​ကြောင့် မှတ်ဉာဏ် ကောင်းစေဖို့ အဆီများတဲ့ ငါးတွေဖြစ်ကြတဲ့ ဆာဒင်း၊ ဆယ်လ်မွန်၊ ထရောက်ငါး၊ မက်ကာရယ်တို့လို ငါးတွေကို စားပေးပါ။

(၂) ကော်ဖီ

ကော်ဖီမှာပါတဲ့ အဓိက ပါဝင်ပစ္စည်း (၂) မျိုး ဖြစ်တဲ့ ကဖင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကော်ဖီက လန်းဆန်း တက်ကြွစေပြီး၊ စိတ်ခံစားမှုကို ကောင်းစေလို့ မှတ်ဉာဏ်ကောင်းစေပြီး အာရုံ စူးစိုက်နိုင်စွမ်းလည်း တိုးစေနိုင်ပါတယ်။

တစ်ခုသတိထားသင့်တော့ ကဖိန်းဓာတ်ကို အလွန်အကျွန်သောက်သုံးခြင်းက ကျန်းမာရေး အတွက် မသင့်တော်ပါဘူး။

(၃) ဘယ်ရီသီးများ

စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီတို့လို အန်တီအောက်စီးဒန့် ကြွယ်ဝတဲ့ အသီးအနှံတွေဟာ ဦးနှောက်နဲ့ မှတ်ညဏ်စွမ်းရည်ကို ကောင်းမွန်စေလို့ များများ စားသုံးပေးသင့်ပါတယ်။ နေ့တိုင်း လက်တစ်ဆုပ်စာခန့် ပုံမှန်စားသုံးပေးသွားမယ်ဆိုရင်တော့ ဦးနှောက်ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။

(၄) နနွင်းမှုန့်

ဟင်းချက်တဲ့အခါတိုင်း ထည့်နေကျ နနွင်းမှာပါတဲ့ Curcumin က ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေကို သွေးနဲ့ အောက်ဆီဂျင် ပြည့်ဝစေတာကြောင့် မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

နနွင်းက မှတ်ဉာဏ် ကောင်းစေသလို စိတ်ဓာတ်ကျမှုကို သက်သာစေပြီး ဦးနှောက်ဆဲလ်တွေ ကြီးထွားစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်တွေကို အကောင်းဆုံးအာဟာရဖြစ်စေတဲ့ ဗီတာမင် K ပါဝင်နေပါတယ်။ ဒါကြောင့် ဘရိုကိုလီစားရင် မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုတွေ တိုးတက်စေပြီး မှတ်ဉာဏ်ကျဆင်းမှုအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

Advertisement

Click Here > Hong Kong Enterprise

(၆) ဖရုံစေ့

ဖရုံစေ့မှာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူပြုတဲ့ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ်တွေလည်း ပါဝင်နေလို့ မှတ်ဉာဏ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

(၇) Dark Chocolate

အချိုနဲ့ သကြား အလွန်အကျူး စားသုံးခြင်းက မှတ်ညဏ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ချောကလတ်မှာဆိုရင် ကိုကိုး ၇၀% ပါတဲ့ Dark Chocolate ကို ရွေးချယ် စားသုံနိုင်ပါတယ်။ သူ့မှာ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အကူပြုတဲ့ Flavonoids ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ 

(၈) အရွက်စိမ်းများ 

ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လိုမျိုး အရွက်စိမ်းတွေမှာ ဖောလိတ်နဲ့ သံဓာတ်တို့ အပါအဝင် ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ကြွယ်၀စွာ ပါဝင်ပါတယ်။

(၉) ဥများ 

ဘဲ‌ဥ၊ ကြက်ဥတွေမှာ ဦးနှောက်ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပရိုတင်းနှင့် ချိုလိုင်းဓာတ် (Choline) များစွာ ပါဝင်ပါတယ်။ ချိုလိုင်းဓာတ်အနေနဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။

(၁၀) ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် အေ၊ စီ၊ အီး၊ ကေတို့ ပါဝင်တဲ့အပြင် အဆီဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဦးနှောက်က ခန္ဓာကိုယ်မှာ အဆီအများဆုံးဖြစ်ပြီး Oxidative stress (ဦးနှောက်အိုမင်းမှုကို အဓိကဖြစ်စေတဲ့အရာ) အဖြစ်အများဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက ဦးနှောက်အတွက် အကျိုးပြုပြီး ဦးနှောက်အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အီ၊ Lutein နဲ့ Zeaxanthin တို့ ပါဝင်လို့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြန်ဆန်စေပါသေးတယ်။

⇐ Previous Next

Read 908 times