Technology

Realme's 5th Anniversary Giveaway _ realme 11 Pro Series

Realme's 5th Anniversary Giveaway _ realme 11 Pro Series

Realme ဖုန်းကုမ္ပဏီကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာကြောင့် အခုနှစ်ဆို (၅) နှစ် သက်တမ်းရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက် Realme က ဝယ်ယူသုံးစွဲသူတွေကို ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ ဆုငွေ (၁) သိန်းကျပ် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ 

မဲဖောက်ပေးသွားမယ့် အစီအစဉ်က Realme မှ နောက်ဆုံးထွက်ရှိထားတဲ့ 11 Pro Series ကို သုံးပြီး ဓာတ်ပုံဆရာတွေ ရိုက်ကူးထားတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေနဲ့ သဘာ၀အလှဓာတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ ပုံ (၁) ပုံကို ရွေးချယ်ပေးလိုက်ရုံနဲ့ ဆုငွေ (၁) သိန်း ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

Super Shine Trading (Food)

11 Pro Series မှာ realme 11 Pro+ (5G) နဲ့ realme 11 Pro (5G) ဆိုပြီး မော်ဒယ်နှစ်မျိုး ထွက်ရှိထားပါတယ်။ အခု အစီအစဉ်မှာ ရွေးချယ်ရမယ့် ဓာတ်ပုံတွေကတော့ Realme 11 Pro Series ထဲက realme 11 Pro+ (5G) ကို သုံးပြီး ဓာတ်ပုံဆရာ ဆရာကျော်ကျော်ဝင်း (X-Photographer) နဲ့ ဆရာပိုက်ထွေးကျော်တို့က မြန်မာပြည်ရဲ့ အထင်ကရနေရာတချို့ကို ကိုယ်တိုင်သွားရောက်ကာ ဖန်တီးရိုက်ယူခဲ့ကြတဲ့ ပုံတွေဖြစ်ပါတယ်။

အဲဒီပုံတွေထဲက ရင်ထဲ ပိုရောက်တဲ့ ဓာတ်ပုံ (၁) ပုံကို ရွေးချယ်ပေးလိုက်ရုံနဲ့ ဆုငွေ (၁) သိန်း ရရှိနိုင်မှာပါ။ ဓာတ်ပုံဆရာတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ဖုန်းကင်မရာရဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေကို ပေါင်းစပ်ထားတဲ့ ဓာတ်ပုံတွေထဲက (၁) ပုံတည်းကို ရွေးရမှာဖြစ်လို့ သင့်အတွက် နည်းနည်းတော့ ခေါင်းစားရပါလိမ့်မယ်။  

ပါဝင်ကံစမ်းဖို့ စည်းကမ်းချက်များ

(၁) ပထမဆုံး အောက်မှာ လင့်ခ်ချပေးထားတဲ့ Post လေးကို Like & Share ပြုလုပ်ပါ 

>>  https://shorturl.at/sAO15

(၂) သင်အကြိုက်ဆုံး ပုံ (၁) ပုံကို ရွေးပြီး ဘာကြောင့်ရွေးဖြစ်တယ်ဆိုတဲ့ စာသားနဲ့အတူ မူရင်း Post ရဲ့ Comment အောက်မှာ သွားမန့်ပေးထားရပါမယ်။ (ပုံနှင့်စာကို အတူတကွ မန့်ပေးရမှာပါ။)

ဒီ ၂ ချက်လေး ပြည့်စုံတာနဲ့ သင်ဟာ ဆုငွေ (၁) သိန်း ကံထူးနိုင်မယ့် အခွင့်အရေးကို ရရှိသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို realme 11 Pro+ (5G) မှာ ပါဝင်တဲ့ 200MP ပင်မကင်မရာနဲ့အတူ ရုပ်ထွက်အရည်အသွေးကို ကျဆင်သွားခြင်းမရှိဘဲ မြင်ကွင်းကို ၄ ဆချဲ့ယူပြီး ရိုက်ကူးနိုင်မယ့် 4x Lossless Zoom စနစ် ပါဝင်တဲ့အတွက်ကြောင့် ဓာတ်ပုံတွေကို ကြည်ကြည်လင်လင် ရိုက်ကူးနိုင်ကြောင်း သိရှိစေရန်နဲ့ မြန်မာပြည်ရဲ့ အထင်ကရနေရာတွေနဲ့ သဘာဝဓလေ့တွေကို ရင်သပ်ရှုမောဖွယ် ခံစားနိုင်စေဖို့ပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကံစမ်းနိုင်တဲ့ အချိန်သတ်မှတ်ချက်ကတော့ (၃၁) ရက်နေ့ သြဂုတ်လကုန်အထိပဲ ဖြစ်ပါတယ်။ ကံထူးရှင် (၉) ဦးကို ကျပန်းစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်ပြီး ကံထူးသူတွေကို စက်တင်ဘာလ (၂) ရက်နေ့မှာ ကြေညာပေးသွားမှာပါ။

⇐ Previous Next

Read 749 times