Technology

Samsung launches Galaxy Z Fold 2 in Myanmar

Samsung launches Galaxy Z Fold 2 in Myanmar

Samsung မှထုတ်လုပ်လိုက်သော မျိုးဆက်သစ် Galaxy Fold 2 အား မြန်မာနိုင်ငံတွင် စတင်ရောင်းချတော့မည် ဖြစ်သည်။ ထိုဖုန်းတွင် ခေတ်မှီနည်းပညာ အသစ်များနှင့် ယခင်ကမျိုးဆက်ဖြစ်သည့် Galaxy Fold ထက်သာလွန်သော အလွယ်တကူ ခေါက်သိမ်းနိုင်သည့် နည်းပညာများကို အဆင့်မြှင့်တင်ထားသည်။ Galaxy Fold 2 တွင် 4500 mAh Battery ပါရှိပြီး Superfast Charging 25W စနစ်ကို ထည့်သွင်းထားသည့်အတွက် တစ်နေ့တာလုံးအသုံးပြုနိုင်စေမည်ဖြစ်သည်။

CPU အနေဖြင့် နောက်ဆုံးပေါ် Chipset ဖြစ်သော Snapdragon 865+ ၊ Display အနေဖြင့် 120Hz နှင့် HDR  10+ ပါဝင်မှာဖြစ်ပြီး Storage နဲ့ Ram အပိုင်းမှာတော့ 12/256 နဲ့ 12/512 ဆိုပြီး နှစ်မျိုးရှိမှာပါ။ Galaxy Z Fold2 စမတ်ဖုန်းတွင် ၆.၂” Infinity-O Cover ရှေ့မျက်နှာပြင် ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် အီးမေးလ်စစ်ဆေးခြင်း၊ လမ်းညွှန်ရှာဖွေခြင်းများ အပါအဝင် အမျိုးမျိုးသော လုပ်ဆောင်ချက်များစွာအား ရှေ့မျက်နှာပြင် မှတဆင့် အလွယ်တကူ ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Fold2 စမတ်ဖုန်းအား ဖြန့်လိုက်ပါက ကြီးမားကျယ်ပြန့်သော ၇.၆” အဓိက မျက်နှာပြင်အား ရရှိနိုင်မည်ဖြစ်ပြီး အလွန်ပါးလွှာသော ဘေးဘောင် နှင့် သေးငယ်သော ရှေ့ကင်မရာများသာ ပါရှိသည့်အတွက် ရုပ်ရှင်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများအား အထစ်အငေါ့မရှိ၊ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ကင်မရာပိုင်းတွင်လည်း စွမ်းဆောင်ရည် မြင့်မားသော အရည်အသွေးမြင့် ကင်မရာများ ထည့်သွင်းပေးထားသည့်အပြင် Pro Video mode၊ Single Take၊ Bright Night နှင့် Night Mode လုပ်ဆောင်ချက်များ ပါရှိသည့်အတွက် အရည်အသွေးပြည့်ဝသည့် အမှတ်တရပုံရိပ်များအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ရိုက်ကူးသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။

 

ကျစ်လစ်ကျော့ရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးပုံဖော်ထားခြင်းသည့်အတွက် ပြေပြစ်၍ အဆင့်မြင့်မားသော အသုံးပြုမှု အတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်သည်။ အဓိက မျက်နှာပြင်တွင် Samsung ၏ နာမည်ကျော် အဆင့်မြင့် Samsung Ultra-Thin Glass အား အသုံးပြုထားသည့် အတွက် သူမတူသော ကြည်လင်ပြတ်သားသည့် ခံစားမှုကို ရရှိစေမည်ဖြစ်ပြီး Galaxy Z Fold2 တွင် ကိုယ်ထည်နှင့် Hinge (ပတ္တာအိမ်) အကြား ဖုန်မှုန့်များနှင့် မလိုလားအပ်သော အညစ်အကြေးများ ဝင်ရောက်မှုမှ ကာကွယ်ပေးနိုင်မည့် sweeper နည်းပညာကိုလည်း ထည့်သွင်းပေးထားသည်။

 

မြန်မာနိုင်ငံမှ သုံးစွဲသူများအနေနှင့် Galaxy Z Fold2 စမတ်ဖုန်းအား ယခုအခါ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ အရောင်အားဖြင့် Mystic Black (အနက်ရောင်) နှင့်  Mystic Bronze (ကြေးရောင်) ဟူ၍ နှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ကာ မြန်မာငွေ ကျပ် (၃,၀၉၉,၀၀၀) ဖြင့် ဝယ်ယူရရှိသွားနိုင်မည်ဖြစ်သည်။ Galaxy Z Fold2 စမတ်ဖုန်းအား ဝယ်ယူအားပေးသူများအနေနှင့် ဖုန်းကာဗာ တစ်ခုနှင့် UV Sterilizer တစ်ခုအား အထူးလက်ဆောင် အဖြစ်ရရှိမည် ဖြစ်သည်။

 

 

⇐ Previous Next

Read 1684 times