Things To Do

Scholarship Program For English Language In Yangon

Scholarship Program For English Language In Yangon

Yangon Thu Michelle နဲ့ The Space Language Academy တို့ ပူးပေါင်းပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူချင်ပေမယ့် အကြောင်းကြောင်းကြောင့် ဆက်လက်သင်ယူဖို့ အခက်အခဲဖြစ်နေသူ (၄) ယောက်ကို ရွေးချယ်ပြီး ပညာသင်ဆု ပေးအပ်သွားမယ့် အစီအစဉ်ဖြစ်ပါတယ်။ ရွေးချယ်ခံရသူ (၄) ယောက်က The Space Language Academy ရဲ့ Intermediate၊ Upper-Intermediate၊ Advanced နဲ့ IELTS Preparation သင်တန်းများကို အခမဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ Class (၄) ခုလုံးစာ (၁၅) လ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်

(၁) အသက် (၁၄) နှစ်မှ (၂၂) နှစ်အထိ

(၂) ပညာအရည်အချင်း အနိမ့်ဆုံး ရှစ်တန်း 

(၃) အင်္ဂလိပ်စာ အရည်အချင်း Intermediate And Above (Placement Test ဖြေဆိုရမည်)

(၄) ပြည်ပတွင် နေထိုင်သူမဖြစ်ရ။ မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်ရမည်။

(၅) သင်တန်းကျောင်းရှိရာသို့ လူကိုယ်တိုင် တက်ရောက်နိုင်ရမည်။ 

(၆) စိတ်အားထက်သန်စွာဖြင့် အဆုံးတိုင် တက်ရောက်နိုင်ရမည်။

ရရှိမည့် အကျိုးခံစားခွင့်

(၁) သင်တန်းကြေး၊ စာရွက်စာတမ်းကြေး အလုံးစုံ အခမဲ့ (3 Class + IELTS Preparation အတန်းအတွက်)

(၂) ခရီးစရိတ်နှင့် အင်တာနက်ဖိုး လစဉ်ထောက်ပံ့ငွေ

(၃) The SPACE Language Academy ရဲ့ Online Speaking Class  အခမဲ့ တက်ရောက်ခွင့်

(၄) IELTS စာမေးပွဲကြေးကို မိမိဘာသာ အရင်သွင်းရမှာဖြစ်ပြီး Band 7 နှင့်အထက် ရပါက The SPACE Language Academy မှ Exam Fees Refund Scholarship (စာမေးပွဲကြေးပြန်အမ်းငွေ) ကို ရာခိုင်နှုန်းအလိုက် လျှောက်ထားနိုင်ပါသည်။ 

(၅) IELTS Band 8.5 ရရှိပါက The SPACE Language Academy မှ Exam Fees Refund Scholarship ကို အပြည့်အဝရရှိမှာ ဖြစ်ပါသည်။

(၆) Advanced Level ပြီးဆုံးပါက The SPACE Language Academy ရဲ့ Diamond Member Card ကို ရရှိမှာဖြစ်ပြီး The SPACE Language Academy ရဲ့ အင်္ဂလိပ်စာအတန်းများကို ရာသက်ပန် အခမဲ့ တက်ရောက်ခွင့် ရရှိပါမည်။

(၇) IELTS ဖြေဆိုပြီးပါက ဆက်လက်လျှောက်ထားလိုသော ပညာသင်ဆုအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း၊ Mentor များနှင့် ချိတ်ဆက်ခြင်း၊ ကျောင်းတက်ရန် လိုအပ်သော Skill များအတွက် ပံ့ပိုးပေးခြင်းများကို ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်။

Advertisement

Click Here > Sweety Bras

ပညာသင်ဆု လျှောက်ထားရန် လိုအပ်သည့် လုပ်ငန်းစဉ်

ပညာသင်ဆုကို https://bit.ly/MICHELLSPACE လင့်ခ်ထဲ ဝင်ရောက်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ ဖောင်ပိတ်ရက်က ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်၊ ည ၁၂ နာရီ (ရန်ကုန်အချိန်) အထိ လျှောက်ထားနိုင်ပါတယ်။  

ပညာသင်ဆုလျှောက်ထားရန် သတ်မှတ်ထားသော လိုအပ်ချက်နှင့် ကိုက်ညီသူများသည် Placement Test အတွက် အွန်လိုင်းစာရင်းသွင်း ဖြေဆိုရပါမယ်။  

Placement Test  ဖြေဆိုရန်လင့်ခ် > bit.ly/2vsXJHw

လျှောက်ထားသူသည် ဖောင်ပိတ်ရက်မတိုင်ခင်မှာ The Space Language Academy တွင် Placement Test ဖြေဆိုပြီး ဖြစ်နေရပါမယ်။

အွန်လိုင်းဖောင်ဖြေဆိုပြီး ရွေးချယ်ခံရသူများကို ဇွန်လ (၃၀) ရက်နေ့တွင် ကြေငြာပေးသွားမှာဖြစ်ပြီး ဇူလိုင် (၉) ရက်ကနေ (၁၂) ရက်အတွင်း အချိန်နဲ့ ရက်သတ်မှတ်ပေးကာ လူတွေ့အင်တာဗျူးသွားမှာပါ။ ဇူလိုင်လ (၁၅) ရက်နေ့တွင် ပညာသင်ဆု ရရှိသူများကို ကြေငြာပေးသွားမှာဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်မှာ သင်တန်းစမှာဖြစ်ပါတယ်။

လိုက်နာရမည့် စည်းမျဉ်းများ

(၁) ပညာသင်ဆုကို ဆုံးခန်းတိုင် တက်ရောက်နိုင်ရမည်။

(၂) ရန်ကုန်မဟုတ်သော မြို့တွင်နေထိုင်သူကို ပိုမို ဦးစားပေးမည်။

(၃) သင်တန်းကျောင်း ရွေးချယ်ခွင့် မရှိပါ။

(၄) The SPACE Language Academy သင်တန်းကျောင်း တည်ရှိရာ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့သို့ လူကိုယ်တိုင် တက်ရောက်နိုင်ရမည်။

(၅) သင်တန်းကြေးကို ငွေသားအနေဖြင့် ထုတ်ယူခွင့် မရှိပါ။

(၆) Online Speaking Class မှအပ ကျန်အတန်းအားလုံးကို ကျောင်းတွင် လာရောက်တက်ရောက်နိုင်သူဖြစ်ရပါမည်။ 

(၇) လစဉ် ရီပို့များကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါမည်။

(၈) ဖောက်ဖျက်ခဲ့ပါက ပညာသင်ဆုတန်ဖိုး၏ သုံးဆ (သင်တန်းကြေး လေးဆယ့်ငါးသိန်းကျပ်တိတိနှင့် လစဉ်ထောက်ပံ့ကြေးငွေ လေးဆယ့်ငါးသိန်း) ပြန်လည်ပေးလျော်ရမည်။

(၉) ကိုယ်ရေးအချက်အလက်များ လိမ်ညာသည်ကို သိရှိပါက ပညာသင်ဆုပေးခြင်းကို ရပ်စဲမည့်အပြင် ပညာသင်ဆုတန်ဖိုး၏ သုံးဆ ပြန်လည်ပေးလျော်ရမည်။

(၁၁) ရုပ်ပုံ၊ ဗီဒီယိုများကို လူမှု့ကွန်ယက်တွင် အသုံးပြုခွင့်ရှိ/မရှိ ကြိုတင်အကြောင်းကြားပေးရန် လိုအပ်ပါသည်။

(၁၂) ပညာသင်ဆုရရှိသူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ကိုယ်ကျင့်တရားပျက်ပြားခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ/လိင်စိတ်တိမ်းညွန့်မှု့အပေါ် ခွဲခြားဆက်ဆံခြင်း၊ တစ်ဖက်သားကို နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်အမှုအရာဖြင့်သော်လည်းကောင်း၊ အင်တာနက် လူမှု့ကွန်ယက်မှတဆင့်သော်လည်းကောင်း ရှုံ့ချစွပ်စွဲ အနိုင်ကျင့် ညှင်းပန်းခြင်းများ ရှိသည်ကို သိရှိရသော် ပညာသင်ဆု ရပ်တန့်ခွင့် ရှိ၊ မရှိကို Yangon Thu Michelle နှင့် The SPACE Language Academy မှ ဆုံးဖြတ်မည်ဖြစ်ပါသည်။ 

(၁၃) ပညာသင်ဆုနဲ့ ပတ်သက်လို့ အငြင်းပွားမှု တစ်စုံတစ်ရာ ရှိခဲ့ပါက Yangon Thu Michelle နှင့် The SPACE Language Academy ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ 

ပညာသင်ဆုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အသေးစိတ်ကို သိရှိမေးမြန်းချင်တယ်ဆိုရင်  [email protected] ကို Email ပို့ စုံစမ်းနိုင်ပါတယ်။ 

Source - ရန်ကုန်သူမီရှဲ

⇐ Previous Next

Read 1680 times