Food & Drink

Self-Service Automatic Ramen Machine Shop In Yangon

Self-Service Automatic Ramen Machine Shop In Yangon

ဒီဆိုင်လေးကတော့ ဖွင့်ထားတာ သိပ်မကြာသေးဘူးဆိုပေမဲ့ ခေါက်ဆွဲကြိုက်သူတွေ တစ်ခါလောက် သွားစားသင့်တဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ " Noodle Me You " ဖြစ်ပြီး၊ လူစည်ကားပြီး သွားလာရ လွယ်ကူတဲ့ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ 

Advertisement

Click Here > Real Hub

ဆိုင်ရဲ့ ထူးခြားချက်ကတော့ အလိုအလျောက် ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်စက်နဲ့ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်ယူ၊ ကိုယ်တိုင်ပြုတ်၊ ကိုယ်တိုင်ထည့်စနစ် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတွေထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် အလိုအလျောက် ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်စက်မှာ ကိုယ်ကြိုက်နှစ်သက်ရာ Topping တွေ၊ အသားတွေ၊ အရွက်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ကြိုက်တဲ့ အရသာအတိုင်း ပြုတ်စားနိုင်ပါပြီ။

ရွေးချယ်စရာ ခေါက်ဆွဲအမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး Local ရော Import ရော နိုင်ငံအစုံက Instant Noodles Brand တွေ ထားပေးထားတော့ ရွေးချယ်စရာ များပါတယ်။ ဒါ့အပြင် ခေါက်ဆွဲပြုတ်နဲ့ တွဲစားချင်ရင်ဖြစ်ဖြစ်၊ ဒီအတိုင်း အဆာပြေ စားချင်ရင်ဖြစ်ဖြစ် စားလို့ရအောင် ရေညှိ၊ ငါးအသားပြား၊ အာလူးကြော်နဲ့ တခြား Snack လေးတွေလည်း ထပ်ထားပေးထားပါတယ်။ သောက်စရာအနေနဲ့ဆို Soft Drink တွေလည်း စီစဉ်ပေးထားပါတယ်။ 

ခေါက်ဆွဲပြုတ်စက်နဲ့ ခေါက်ဆွဲပြုတ်တဲ့နေရာမှာလည်း ဆိုင်ကသူတွေက ပြုတ်နည်းနဲ့ စက်သုံးနည်းကို စိတ်ရှည်ရှည်နဲ့ အသေးစိတ် ရှင်းပြပေးပါတယ်။ ဆိုင်အပြင်အဆင်လေးက ချစ်ဖို့ကောင်းပေမယ့် ဆိုင်ကတော့ နေရာနည်းနည်းကျဉ်းပါတယ်။ မီးပျက်သွားရင်လည်း မီးစက် စီစဉ်ပေးတော့ အေးအေးဆေးဆေး အရသာခံ စားလို့ရပါတယ်။ ဆိုင်ကလည်း မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိ ပိတ်ရက်မရှိ ဖွင့်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၈၀၊ ဗဟိုလမ်း၊ ဆီဆုံလမ်းထိပ်နား၊ Pizza Maru မျက်နှာချင်းဆိုင်၊ စမ်းချောင်မြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - 09 42573 8754

Facebook - https://www.facebook.com/noodlemeyou

⇐ Previous Next

Read 1049 times