Technology

Sony launches Playstation 5 for $ 399

Sony launches Playstation 5 for $ 399

Sony က PlayStation ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Ps5 ဂိမ်းစက်ကို မနေ့ညက Online ပေါ်မှတစ်ဆင့် မိတ်ဆက်သွားခဲ့ပါတယ်။ Ps5 ကိုတော့ Version နှစ်မျိုးနဲ့ ရနိုင်မှာဖြစ်ပြီး အခွေထည့်လို့ရတဲ့ Version က $499 နဲ့ Digital Version က $399 ဆိုပြီး အသီးသီးရှိပါတယ်။ 

ဒီစက်ကိုတော့ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ မက္ကဆီကို၊ သြစတေးလျ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာ နိုဝင်ဘာ (၁၂) ရက်နေ့မှ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံများအတွက် တစ်ပတ်နောက်ဆုတ်ကာ (၁၉) ရက်နေ့မှာ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ ဘယ်အနေ့ ရောင်းချပေးသွားမယ်ဆိုတာ ပြောကြားခြင်း မရှိသေးပါဘူး။ 

Ps4 Game တွေဖြစ်တဲ့ God Of War , The Last of Us Remastered, Monster Hunter World, Final Fantasy XV စတဲ့ Game တွေကိုလည်း Ps5 မှာ ပြန်ဆော့လို့ရမယ်လို့ ပြောထားပါတယ်။ 

ဒါ့အပြင် Game အသစ်တွေဖြစ်တဲ့ Final Fantasy XVI, Devil May Cry 5 Special Edition, God Of War Ragnarok, Harry Potter Hogwarts Legacy တို့ကိုလည်း ပြသသွားခဲ့ပါသေးတယ်။ 

Ps5, Xbox New Series စတဲ့ Console တွေနဲ့ Intel ရဲ့ RTX 3080 ကလည်း ထွက်ရှိထားတဲ့အပြင် နောက်လဆို AMD ကနေ CPU တွေ GPU အသစ်တွေ ထပ်ထွက်မယ်လို့လည်း ဆိုထားတာကြောင့် အခုအချိန်ကတော့ Gamer တွေအတွက်ကတော့ လုံးဝကို ရွှေခေတ်လို့ ဆိုရမှာပါ။

Next

Read 1445 times