Things To Do

Star City Sport Club 1 Year Anniversary

Star City Sport Club 1 Year Anniversary

၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အားကစားကလပ်ကြီး Star City Sport Club ဟာ အခုဆိုရင် တစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။ ၁ နှစ်ပြည့်ခဲ့ပြီဆိုတော့ အားလုံးအတူတူ ပျော်ပျော်ပါးပါး ပါဝင်လို့လည်းရမယ်၊ အမှတ်တရလေးလည်း ဖြစ်သွားစေမယ့် နှစ်ပတ်လည် အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ (စနေ၊ တနင်္ဂနွေနေ့) တွေမှာ ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။  

Star City Sport Club (SCSC) ရဲ့ ၁ နှစ်ပြည့် အခမ်းအနားမှာ ပါဝင်သွားမယ့် အစီအစဉ်တွေကတော့ - 

- ဆိုင်ခန်းပေါင်း ၅၀ ကျော် ပါဝင်မယ့် ညနေခင်း မုန့်ဈေးတန်း (Sunset Bazaar) 

- Live Music နဲ့အတူ လှုပ်ရှားရမယ့် GX (Group Exercise)

- လူတိုင်းအတွက် Facility အခမဲ့ အသုံးပြုခွင့်ရမယ့် Open House စတာတွေအပြင်

- SCSC Member တွေအတွက် Appreciation Ceremony နဲ့ 

- SCSC Challenge with Andy မှာ ဝင်ပြိုင်ထားကြတဲ့ Member ဝင်တွေအတွက် ဆုချီးမြှင့်မယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားပါသေးတယ်။

Open House အစီအစဉ်ကတော့ ဒီဇင်ဘာ (၉) ရက်နေ့နဲ့ (၁၀) ရက်နေ့မှာ မနက် (၆) နာရီကနေ ညနေ (၄) နာရီအထိ ရှိမှာပါ။ ညနေခင်းမုန့်စျေးတန်းနဲ့ တခြားအစီအစဉ်တွေကတော့ ဒီဇင်ဘာ (၉) ရက်နေ့ ညနေ (၄) နာရီကနေ ည (၈) နာရီအထိ ပြုပ်လုပ်သွားမှာ ဖြစ်ပါတယ်။

Open House မှာ ပါဝင်ဖို့ အောက်က link ကို နှိပ်ပြီး အခုပဲ Register လုပ်ထားလိုက်ပါ။

Link: https://bit.ly/AnniOH23

GX ဆိုတာ အဖွဲ့နဲ့လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးဖြစ်ပြီး GX မှာ -

- Aero Boxing 

- Aqua Zumba 

- Funky Dance 

- Latin Flavor 

- Pound Fit 

- Tabata 

- Yoga

- Zumba တို့ပါဝင်ပါတယ်။ 

photo_2023-02-01_19-28-55.jpg

Click Here > Diamond Printing ( Myanmar ) 1

SCSC မှာ ပြုလုပ်နိုင်တဲ့ အားကစားတွေက - 

- Football

- Basketball

- Badminton

- Volleyball

- Golf

- Table Tennis

- Swimming တို့ဖြစ်ပါတယ်။ 

SCSC ရဲ့ Facility တွေအနေနဲ့ -

- အားကစားခန်းမ

- ဖူဆယ်ကွင်း

- ဘောလုံးကွင်း

- တန်းနစ်ကွင်း

- ရေကူးကန်

- ဂေါက်ကွင်း

- Gym

‌- Bar & Cafe

- အားကစားဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းဆိုင်

- Member Lounge (အနားယူထိုင်လို့ရမယ့်နေရာ) တို့ရှိပါတယ်။ 

ကားနဲ့ သွားရတာထက် Star City Thanlyin ကို ရန်ကုန်မြစ်အလှကို ခံစားရင်း သက်တောင့်သက်သာ သင်္ဘောစီးသွားချင်တယ်ဆိုရင် ဆူးလေနားက ပန်းဆိုးတန်းဆိပ်ကမ်းကနေ စီးရမှာဖြစ်ပါတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းက Yangon Innovation Center မှာ Star Ferry လက်မှတ်ဝယ်ပြီး စီးလို့ရပါတယ်။ 

မိနစ် ၂၀ (သို့) နာရီဝက်လောက် စီးရင် ရောက်ပါပြီ။ သင်္ဘောတစ်ကြောင်းစာအတွက် လူတစ်ယောက်ကိုမှ ၃,၀၀၀ ကျပ်ပဲ ကျသင့်မှာပါ။ နာရီဝက်ကို တစ်စီး ထွက်တာကြောင့် အကြာကြီး စောင့်နေဖို့လည်း မလိုပါဘူး။

ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ Hotline: 09 777 377 555 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ - StarCity , Thanlyin, Myanmar

⇐ Previous Next

Read 600 times