Technology

The Best App For Learners

The Best App For Learners

သင်တန်းတွေတက်နေတာပဲဖြစ်ဖြစ်၊ ကျောင်းတက်နေတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သင်ယူလေ့လာမှုအပိုင်းမှာ သူများတွေထက် သာနေဖို့နဲ့ လွယ်ကူဖို့ ဒီ App တွေကို အသုံးပြုသင့်ပါတယ်။ စာလေ့လာနေသူတွေအတွက်တင် မဟုတ်ဘဲ အလုပ်လုပ်နေသူတွေအတွက်ပါ အသုံးပြုနိုင်တဲ့ App တွေ ပါပါတယ်။ 

၁။ Google Podcast

ကျောင်းသား/သူတွေအတွက် Listening Skill သိသိသာသာ တိုးတက်ချင်ရင်တော့ Google Podcast ကို အသုံးပြုကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ Podcast လေးတွေ နားထောင်ခြင်းက Listening Skill ကို အများကြီး တိုးတက်စေပါတယ်။ အစပိုင်းမှာ နားထောင်ရတာ အခက်အခဲ ရှိနိုင်ပေမဲ့ ပုံမှန် အချိန်လေးတစ်ခုပေးပြီး နားထောင်သွားမယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ 

၂။ Microsoft Math

ဒီ App လေးကတော့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပေးနိုင်တဲ့ App လေးပါ။ သင်္ချာပုစ္ဆာတွေကို Draw ဆိုတဲ့နေရာမှာ ချရေးလို့ ရပါတယ်။ ဒါမှမဟုတ် Typing နဲ့လည်း ရိုက်ထည့်လို့ ရသလို Camera နဲ့ Scan လုပ်လို့လည်းရပါတယ်။ Math Problem တွေကို ဖြေရှင်းတဲ့ပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားတာမို့ ကျောင်းသား/သူတွေအတွက် အဆင်ပြေစေမှာပါ။

၃။ Google Keeps

ဒါကတော့ Note တွေကို ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့ ကြိုက်တဲ့ Device မှာ အလွယ်တကူ မှတ်ထားလို့ ရပြီး ဘယ်အချိန်ဖြစ်ဖြစ် ကိုယ်မှတ်ထားတဲ့ မှတ်စုတွေကို ပြန်ခေါ်လို့ရတဲ့ App လေးပါ။ အသုံးပြုရတာ လွယ်ကူပါတယ်။ App ထဲကို ဝင်ပြီး အပေါ်က + Sign လေးကို နှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တဲ့ မှတ်စုတွေ အကုန်ချရေးလို့ ရပါပြီ။ ကိုယ့်ရဲ့ မှတ်စုတွေကို Topic အလိုက်ခွဲထားမယ်၊ ဘာသာရပ်အလိုက် ခွဲမှတ်ချင်တယ်ဆိုရင်လည်း Label ဆိုတာကို နှိပ်ပြီး ခွဲခြားထားနိုင်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ မှတ်စုတွေကို မှားဖျက်မိတယ်ဆိုရင်လည်း Deleted File ထဲသွားပြီး Restore ပြန်လုပ်လို့ ရပါတယ်။ ကိုယ်က Google Account ရှိထားရုံနဲ့ ဘယ် Device မှာဖြစ်ဖြစ် ကိုယ့်အကောင့်ဝင်လိုက်တာနဲ့ မှတ်ထားသမျှ Notes တွေ အကုန်လုံး ပြန်ပေါ်လာမှာပါ။ 

၄။ Oxford Dictionary

အရမ်းအသုံးဝင်တဲ့ App လေးပါ။ ဘာသာစကားလေ့လာတဲ့သူအနေနဲ့ Dictionary တစ်ခု ဆောင်ထားဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ဒီ Oxford Dictionary လေးကတော့ ဘာသာစကားအမျိုးပေါင်း (၁၅) ခု ပြောင်းလဲပြီး ရှာလို့ရပါတယ်။ အဓိကကတော့ English စာအနေနဲ့ သွားတာပါ။ စာလုံးတစ်လုံးရှာလိုက်ရင် အဓိပ္ပါယ်၊ အသံထွက်၊ Phonetics၊ ဥပမာစာကြောင်း အကုန်စုံစုံလင်လင် တစ်ခါတည်း သိနိုင်ပါတယ်။ 

Advertisement

Click Here > Sein Gay Har

၅။ Google Drive

ဒါကတော့ တော်တော်များများလည်း သိကြမှာပါ။ တော်တော်လေးလည်း အသုံးဝင်သလို Function မျိုးစုံလည်း ပါရှိပါတယ်။ ကိုယ့်ရဲ့ Photos၊ Word File၊ Excel နဲ့ Powerpoint စတာတွေကို အကုန်တစ်နေရာတည်းမှာ သိမ်းဆည်းထားလို့ ရပါတယ်။ အကောင့်ရှိရုံနဲ့ ကြိုက်တဲ့ Device မှာ ပြန်ခေါ်လို့ ရပါတယ်။ 

ဒါ့အပြင် Google Docs, Google Sheets, Google Slides, Google Forms စတာတွေ အားလုံးကိုလည်း တစ်နေရာထဲမှာ Create လုပ်နိုင်ပါတယ်။

Docs ဖိုင်တွေဆိုလည်း ရေးနေရင်းနဲ့ Save မလုပ်မိလိုက်လို့ ပျောက်သွားမှာ မပူရတော့ပါဘူး။ ဒါ့အပြင် Drive ပေါ်မှာ Photo တွေကနေ စာဖိုင်အဖြစ်လည်း ပြောင်းလို့ ရပါသေးတယ်။ ကိုယ်လိုချင်တဲ့ စာဖိုင်ပါတဲ့ Photo ကို Upload လုပ်လိုက်ပါ။ ပြီးရင် Right Click တစ်ချက်နှိပ်ပြီး Open With မှာ Google Docs ကို ရွေးလိုက်မယ်ဆို လိုချင်တဲ့ စာဖိုင်တွေကို ရရှိနိုင်ပါပြီ။ 

၆။ Boosted Time Tracker

ကိုယ့်ရဲ့ အချိန်ကို Time Management လုပ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တော်တော်အဆင်ပြေတဲ့ App လေးပါ။ App ထဲကို ဝင်လိုက်ရင် Project ဆိုတာလေး ရှိပါတယ်။ Project မှာ ကျောင်းသား/သူတွေအနေနဲ့ စာလုပ်မယ်ဆို ကိုယ့်လုပ်မယ့် ဘာသာရပ်တွေ၊ အလုပ်လုပ်နေတဲ့သူဆို ကိုယ်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်လိုက်ပါ။ ပြီးရင် ကိုယ်လုပ်မယ့် အပိုင်းပေါ် မူတည်ပြီး Start Project လေးကို နှိပ်လိုက်ပါ။ ကိုယ်လုပ်နေတဲ့ အချိန်ကို တစ်ခါထဲ မှတ်ပေးသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ တစ်ရက်တာ လုပ်နိုင်မှု၊ တစ်ပတ်အတွင်း ဘယ်လောက်ရောက်နေပြီ၊ အချိန်ဘယ်လောက်မှာ ဘယ်အတိုင်းအတာထိ ပြီးသွားပြီဆိုတာတွေကို အကုန် ပြန်ကြည့်လို့ ရပါတယ်။ 

၇။ School Planner 

ကိုယ့်ရဲ့ ကျောင်းချိန်တွေ၊ စာသင်ချိန်တွေကို TimeTable လေး လုပ်ထားပြီး မှတ်ဖို့အတွက် School Planner က အဆင်ပြေပါတယ်။ သူက အတန်းချိန်မတိုင်ခင် ၁၅ မိနစ် ကြိုပြီးတော့ Remind လုပ်ပေးတာမို့ မေ့တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ 

၈။ MindMap Maker - Mindomo

ကျောင်းသား/သူတွေအနေနဲ့ စာကျက်တဲ့နေရာမှာ ကြက်တူရွေးနှုတ်တိုက် ကျက်တာထက် စာရဲ့  သဘောတရားကို Concept မိမိတွေးပြီးမှ မှတ်ရတာက ပိုပြီး အဆင်ပြေသလို ပိုလည်း မှတ်မိရလွယ်ကူစေမှာပါ။ အလုပ်မှာဆိုလည်း Mind Map ကတော့ အဓိက Concept တွေကို ရေးသားထားတဲ့ Diagram တစ်ခုပါ။ အလုပ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ Idea တွေ၊ အချက်အလက်တွေကို Note ထုတ်ပြီး တစ်ခါတည်း မှတ်ထားလို့ရတဲ့ နေရာအဖြစ် အသုံးပြုပါတယ်။ 

Poppy Pan (Myanmar Education Guide)

⇐ Previous Next

Read 1204 times