Health & Beauty

To Repair Sun-Damage Skin for all skin types

To Repair Sun-Damage Skin for all skin types

အခုချိန်မှာ တော်တော်များများ အမျိုးသမီးတွေရော အမျိုးသားတွေပါ နေ့တိုင်းလိုလို နေပူထဲ သွားလာနေကြတော့ အသားအရေက နေလောင်တာမျိုး၊ ခြောက်သွေ့တာမျိုး ဖြစ်နေကြမယ်လို့ ထင်ပါတယ်။

ဒီတော့ ပိုက်ဆံအပိုမကုန်ဘဲ အိမ်မှာရှိတာလေးတွေနဲ့ လွယ်လွယ်ကူကူ လုပ်လို့ရမယ့် အသားအရေ ထိန်းသိမ်းနည်းတွေကို ပြောပြပေးပါမယ်နော်။

Body Scrub 

ပထမဆုံးတစ်ခုက Body Scrub လုပ်နည်းလေးပါ။ ပါဝင်ပစ္စည်းတွေကလည်း သိပ်မများပါဘူး။ 

  • ပန်းကန်လုံးတစ်ခုထဲကို သကြား ( Brown Sugar ) နည်းနည်းထည့်ပါ။
  • ဒိန်ချဉ် ( Plain Yogurt ) ၄၊ ၅ ဇွန်း ထည့်ပါ။ ဒိန်ချဉ်က ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို တင်းရင်းစေပါတယ်။
  • ပျားရည် ( Natural Honey ) နည်းနည်း ထည့်ပါ။ ပျားရည်က အသားအရေကို တောက်ပ ချောမွေ့စေပါတယ်။
  • နွားနို့ ( Milk ) ၂၊ ၃ ဇွန်း ထည့်ပါ။
  • အုန်းဆီ ( Coconut Oil ) ၃၊ ၄ စက်လောက် ထည့်ပါ။ သူက ခြောက်သွေ့နေတဲ့ အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။

အားလုံးကို ရောသမအောင် မွှေလိုက်ပါ။ ပြီးရင် မိမိနှစ်သက်ရာ မျက်နှာ (သို့) ခြေ၊ လက်တွေပေါ်မှာ ပွတ်တိုက်လို့ ရပါပြီ။ Scrub ဖြစ်တာမို့လို့ ပွတ်တိုက်ပြီးရင် ရေဆေးချရုံပါပဲ။ အသားအရေက ချောမွတ်ပြီး နူးညံ့လာတယ် ခံစားရမှာ အမှန်ပါပဲ။

ပိုနေသေးတယ်ဆိုရင် ပုလင်းတစ်ခုထဲမှာ ထည့်သိမ်းပြီး နောက်ကျ ထပ်သုံးလို့ ရပါသေးတယ်။ တစ်ခုသတိထားဖို့က တစ်ပတ်မှာ (၂) ကြိမ်ပဲ Scrub လုပ်တာ အကောင်းဆုံးပါနော်။

Face Mask 

ဒုတိယ တစ်နည်းကတော့ Face Mask လုပ်နည်းလေးပါ။ 

  • ထောပတ်သီး ( Avocado ) အတွင်းသားတွေကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး ကြေညက်သွားအောင် ဇွန်းနဲ့ ဖိခြေပါ။ Blender ရှိရင် Blender နဲ့ ကြိတ်ပါ။ ထောပတ်သီးမှာက အသားအရေကို ကောင်းမွန်စေတဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ 
  • ဒိန်ချဉ် ( Plain Yogurt ) ၄၊ ၅ ဇွန်း ထည့်ပါ။ 
  • ပျားရည် ( Natural Honey )  ၂ ဇွန်း ထည့်ပါ။ 
  • အုန်းဆီ ( Coconut Oil ) ၃၊ ၄ စက်လောက် ထည့်ပါ။ 
  • Lemon ( သံပရိုသီး ) တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။ သံပရိုသီးမှာ ဗီတာမင်-စီ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။

အားလုံးကို ရောသမမွှေပြီးရင် မျက်နှာပေါ်မှာ လိမ်းလို့ ရပါပြီ။ (၁၀) မိနစ်လောက်ထားပြီး မျက်နှာသစ်လိုက်တာနဲ့ Refresh ဖြစ်သွားတာကို ခံစားရမှာပါ။

Prevention

နေပူထဲ မသွားခင် နာရီဝက်အလိုမှာ SPF 30+ ပါဝင်တဲ့ Sun Cream လိမ်းတာ၊ မျက်နှာကို Miracle Essence ဖြန်းတာ၊ Aloe Vera Gel လိမ်းတာ၊ ရေများများ သောက်တာတွေကလည်း အသားအရေကို နေလောင်တဲ့ ဒဏ်ကနေ ကာကွယ်ပေးပါတယ်။

After Sunburned

ဒိန်ချဉ်၊ ပျားရည်၊ နွားနို့၊ သခွားသီး၊ ရေခဲ  စတာတွေထဲက ကြိုက်တဲ့ တစ်ခုခုကို နေလောင်အသားအရေပေါ်  (၁၅) မိနစ်လောက် လိမ်းထားတာ ဒါမှမဟုတ် ကပ်ထားတာမျိုးကလည်း နေလောင်ဒဏ်ကို မြန်မြန်ဆန်ဆန်နဲ့ သက်သာစေနိုင်ပါတယ်နော်။

Next

Read 2409 times