Food & Drink

Top Ten Restaurants In Mandalay

Top Ten Restaurants In Mandalay

အခုပြောပြပေးသွားမယ့် မန္တလေးမြို့က စားသောက်ဆိုင် (၁၀) ဆိုင်ဟာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များပါ သဘောကျ ကြိုက်နှစ်သက်ပြီး မှတ်ချက်ကောင်းတွေရထားတဲ့ ဆိုင်တွေဖြစ်ပါတယ်။

သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ အစားအသောက်တွေကြောင့် နာမည်ကြီးတဲ့ ဒီစားသောက်ဆိုင် (၁၀) ဆိုင်ကို ဗိုက်လည်း၀၊ စိတ်ကျေနပ်မှုလည်း ရဖို့အတွက် မန္တလေးရောက်ဖြစ်ရင် သွားရောက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) Bistro At 82nd

ဒီစားသောက်ဆိုင်လေးဟာ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ အမြဲ လူပြည့်နေတတ်ပါတယ်။ ဒါကြောင့် သွားမယ်ဆိုရင် ကြိုပြီး ဘိုကင်တင်ထားတာ မမှားပါဘူး။

Bistro At 82nd စားသောက်ဆိုင်ရဲ့ နာမည်ကြီး ဟင်လျားတွေကတော့ အနောက်တိုင်းအစားအသောက်တွေဖြစ်တဲ့ အီတလီပါစတာ၊ ပြင်သစ်စတိုင် ကြက်ကင်၊ အမဲကင်နှင့် ကော်ဖီတို့ ဖြစ်ပါတယ်။ 

လောင်နေတာတွေ ငြိမ်းသွားစေမယ့်  ကော့တေးများကလည်း သင့်ရဲ့ အထူးညတွေကို ပုံဖော်ဖန်တီးပေးမှာပါ။  

လိပ်စာ - ၈၂ လမ်း၊ ၃၀ လမ်း နှင့် ၃၁ လမ်းကြား ၊ မန္တလေး

ဖုန်း - +95 9 250 121 280

ဆိုင်ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၂) The Golden Duck

ရွှေဘဲစားတော်ဆက်က ရန်ကုန်က လူတွေနဲ့လည်း သိပ်တော့ စိမ်းမှာ မဟုတ်ပါဘူး။ ရွှေဘဲစားတော်ဆက်ဟာ လေးထပ်ရှိတဲ့ မန္တလေးမြို့ရဲ့ အကြီးဆုံး တရုတ်စားသောက်ဆိုင်လည်းဖြစ်ပါတယ်။ မန္တလေးကျုံး အလှမြင်ကွင်းကို ခံစားကြည့်ရှုရင်း ဘဲကင်နှင့် တခြား ပန်းသေးအစားအသောက်တွေကို မြည်းစမ်းနိုင်ပါတယ်။

လိပ်စာ- အမှတ် ၁၉၂၊ လမ်း ၈၀ နှင့် ၁၆ လမ်းထောင့်၊ မန္တလေး

ဖုန်း - +95 2 36 808

ဆိုင်ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၃) Ko's Kitchen ထိုင်းစားသောက်ဆိုင်

ဆွဲဆောင်မှုရှိတဲ့ မက်မွန်ရောင် အလှဆင်ထားသော ဒီစားသောက်ဆိုင်မှာ အရသာရှိပြီး စစ်မှန်တဲ့ ထိုင်းဟင်းလျာမျိုးစုံကို ရရှိနိုင်ပါတယ်။

လိပ်စာ - အမှတ် ၂၈၂၊ ၁၉ လမ်း နှင့် ၈၀ လမ်း ထောင့် ၊ မန္တလေး

ဆိုင်ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၄) Koffee Korner

ထန်းပင်ကြီးတွေ ကာရံထားတဲ့ Koffee Korner စားသောက်ဆိုင်မှာ အနောက်တိုင်း အစားအသောက် စုံစုံလင်လင် ရရှိနိုင်ပါတယ်။

အထူးသဖြင့် ကော်ဖီ၊ Quesadillas (အသားနဲ့ ချီးစ်ညှပ်ထားတဲ့ ဂျုံမုန့်တစ်မျိုး)၊ ရုရှားစတိုင်အသုပ်၊ ပါစတာ၊ အသားကင်နှင့် ဆော့စ်အရသာမျိုးစုံတို့က နာမည်ကြီးပါတယ်။ 

ဒီစားသောက်ဆိုင်ဟာ မန္တလေးသူ/သားတွေကြား ရေပန်းစားပြီး ကော့တေးမီနူးတွေကလည်း စုံလင်လို့ လူငယ်တွေအကြိုက်ဖြစ်ပါတယ်။

လိပ်စာ - ၂၇ လမ်း နှင့် ၇၀ လမ်း ၊ မန္တလေး

ဖုန်း - +95 9 526 86 48

ဆိုင်ဖွင့်ချိန် - နံနက် ၉း၀၀ မှ ည ၁၁း၀၀ နာရီ

(၅) Mingalabar Myanmar 

သန့်ရှင်းသပ်ရပ်တဲ့ ဒီမြန်မာထမင်းဆိုင်လေးမှာ မြန်မာစတိုင်စစ်စစ် ဝက်သားဟင်းပွဲကတော့ အထူးစပယ်ရှယ် ဟင်းလျာဖြစ်ပါတယ်။ တခြား အသားဟင်း၊ ဟင်းချို၊ အရွက်ကြော်၊ အသုပ်စတဲ့ အရံဟင်းလျာတွေကလည်း အရသာရှိလို့ လူကြိုက်များပါတယ်။

လိပ်စာ - အမှတ် ၇၁၊ ၂၈ လမ်း နှင့် ၂၉ လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး

ဖုန်း - +95 2 60 480

ဆိုင်ဖွင့်ချိန် - နံနက် ၆း၀၀ မှ ည ၉း၀၀ နာရီ

(၆) Shan Ma Ma

ဒီစားသောက်ဆိုင်က ခုံတွေ၊ စားပွဲတွေကို ဆိုင်အပြင်မှာ ခင်းကျင်းပြင်ဆင်ပေးထားတဲ့အတွက် လေကောင်းလေသန့်ရပါတယ်။ စျေးတန်ပြီး အရသာလည်းကောင်းမယ့် ဆိုင်မျိုး လိုက်ရှာနေတယ်ဆိုရင်တော့ ရှမ်းမမက သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဟင်းလျာအစုံအလင်တို့ကို အရှေ့တောင်အာရှစတိုင် အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်ပေးထားပါတယ်။

လိပ်စာ - အမှတ် ၄-၈ ၊ ၈၁ လမ်း၊ မန္တလေး

ဖုန်း - +95 9 205 47 65

ဆိုင်ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၇) Marie Min

“အသားမစားခြင်းဖြင့် တိရစ္ဆာန်တွေကို ကြင်နာပါ” ဆိုတဲ့ ဆောင်ပုဒ် ချိတ်ဆွဲထားတဲ့ သက်သတ်လွတ်စားသောက်ဆိုင်ဖြစ်ပါတယ်။ 

ဒီဆိုင်မှာ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာစတိုင် သက်သတ်လွတ်ဟင်းလျာတွေ ရရှိပါတယ်။ တို့ဖူးဟင်းနှင့် ခရမ်းသီးနှပ်တို့ကတော့ အရသာကောင်းလို့ နာမည်ကြီးပါတယ်။ စားပြီးသွားရင် အချိုတည်းဖို့ အသီးဖျော်ရည်တွေလည်း ရပါသေးတယ်။

လိပ်စာ - ၂၇ လမ်း၊ ၇၄ လမ်း နှင့် ၇၅ လမ်းကြား ၊ မန္တလေး

ဖုန်း - +95 9 619 542 348

ဆိုင်ဖွင့်ချိန် - မနက် ၁၀း၀၀ မှ ည ၁၀း၃၀ နာရီ

(၈) Aye Myit Tar

ဆိုင်အပြင်အဆင်က ရိုးရှင်းပေမဲ့ ကိုလိုနီခေတ် အဆောက်အဦးဖြစ်‌ပြီး မန္တလေးမြို့လယ်ခေါင်မှာ တည်ရှိပါတယ်။ ကြက်သား၊ ငါးနှင့် ဝက်သားဟင်းတို့ နာမည်ကြီးပြီး တခြား အရံဟင်းတွေဖြစ်တဲ့ ဟင်းချို၊ အသုပ်နှင့် ဟင်းသီးဟင်းရွက်ကြော်တို့ကိုလည်း ရွေးချယ်စားသုံးနိုင်ပါတယ်။

လိပ်စာ - အမှတ် ၅၃၀, ၈၁ လမ်း၊ မန္တလေး

ဖုန်း -  +95 2 31 627

ဆိုင်ဖွင့်ချိန် - မနက် ၉း၃၀ မှ ည ၉း၃၀ နာရီ

(၉) Rainforest

ရှေးဟောင်း မိသားစု စားသောက်ဆိုင်လေးဖြစ်တာကြောင့် ဆိုင်အတွင်းမှာ ရှေးဟောင်းပစ္စည်းလေးတွေကို တွေ့မြင်နိုင်ပါတယ်။ ရှေးဟောင်းအငွေ့အသက်ကို ခံစားရင်း အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ထိုင်းအစားအသောက် ဟင်းလျာတွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။

လိပ်စာ - ၇၄ လမ်း နှင့် ၇၅ လမ်းကြား ၊ မန္တလေး

ဖုန်း - +95 9 431 615 51

ဆိုင်ဖွင့်ချိန် - နံနက် ၈း၀၀ မှ ည ၁၀း၀၀ နာရီ

(၁၀) Super 81

Super 81 စားသောက်ဆိုင်ဟာ နှစ်ထပ်ရှိပြီး အပေါ်ထပ်မှာ အရသာကောင်းမွန်တဲ့ တရုတ်အစားအစာတွေ၊ BBQ အသားကင်တွေကို ရရှိပါတယ်။ အောက်ထပ်မှာတော့ ဘီယာကောင်တာရှိပြီး စျေးလည်း  သင့်တင့်ပါတယ်။

ဒါ့အပြင် Mustache Brothers အဖွဲ့ ဖျော်ဖြေမှုကိုလည်း ကြည့်ရှုနိုင်ပါတယ်။

လိပ်စာ - အမှတ် ၅၈၂၊ ၈၁ လမ်း ၊ ၃၈ လမ်း နှင့် ၃၉ လမ်းကြား ၊ မန္တလေး၊

ဖုန်း - +95 9 777 790 081

ဆိုင်ဖွင့်ချိန် - နံနက် ၉း၀၀ မှ ည ၁၁း၀၀ နာရီ

⇐ Previous Next

Read 3558 times