Technology

Vivo New Series V25 5G And V25e

Vivo New Series V25 5G And V25e

Vivo က V Series မှ နောက်ဆုံးပေါ် စမတ်ဖုန်းများဖြစ်တဲ့ V25 5G နဲ့ V25e ကို မြန်မာနိုင်ငံတွင် စက်တင်ဘာ (၁၆) ရက်နေ့တွင်  စတင်မိတ်ဆက်ခဲ့ပါတယ်။ 

အသစ်ထွက်ရှိထားတဲ့ V25 5G နဲ့ V25e ဟာ  စတိုင်ကျပြီး ကြော့ရှင်းလှပသော ဒီဇိုင်းရှိတဲ့အပြင် ဆန်းသစ်သော အသုံးပြုသူ အတွေ့အကြုံကိုလည်း ပေးစွမ်းပါတယ်။ 

V25 Series မှ စမတ်ဖုန်းများမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မိရင် အလိုအလျောက် အရောင်ပြောင်းလဲပေးတဲ့ Glass  နည်းပညာ ပါဝင်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွင် သုံးထားတဲ့ Fluorite AG Glass က ကြယ်တွေလို တောက်ပြောင်နေတဲ့ ပုံဆောင်ခဲ သေးသေးလေးတွေကို ဖန်သားမျက်နှာပြင်ပေါ်တွင် ပေါ်စေပြီး ဖုန်းမျက်နှာအသွင်အပြင် လှပမှုကို မြှင့်တင်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

V25 စမတ်ဖုန်းတွေက နောက်ဆုံးပေါ် ကင်မရာနဲ့ ပုံရိပ်ဖော်နည်းပညာကို ပေးဆောင်ထားတာဖြစ်လို့ ဓာတ်ပုံရိုက် ဝါသနာရှင်တွေအတွက်တော့ စံပြစမတ်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ 

V25 စမတ်ဖုန်းများတွင် အကောင်းဆုံးအခိုက်အတန့်များကို ဖမ်းယူနိုင်စေမယ့် ထူးခြားသော ကင်မရာ အင်္ဂါရပ်များ ပါဝင်ပါတယ်။

V25 စမတ်ဖုန်းများတွင် 64MP OIS Ultra Sensing Rear Camera ထည့်သွင်းထားလို့ သုံးစွဲသူများအတွက် လှပသောဓာတ်ပုံများကို ရရှိစေပြီး ကျောဘက်ကင်မရာတွင်လည်း Hybrid Image Stabilization နဲ့အတူ Optical Image Stabilization (OIS) နဲ့ Electronic Image Stabilization (EIS) စွမ်းရည်များကို ပေါင်းစပ်ထားတာဖြစ်လို့ တုန်ခါမှုနည်းပါးပြီး ကွက်ကွက်ကွင်းကွင်း အသေးစိတ်ကျကျ ကြည်လင်ပြတ်သားသော ဗီဒီယိုများကို မှတ်တမ်းတင်နိုင်စေပါတယ်။

ဒါ့အပြင် Dual Camera စနစ်နဲ့ AI Algorithm ကို အသုံးပြုထားလို့ နောက်ခံအလင်း အရင်းမြစ်များကို အိပ်မက်ဆန်ဆန် မီး‌ရောင်များအဖြစ် ပြောင်းလဲကာ ရင်သပ်ရှုမောဖွယ် ပုံရိပ်များ ရရှိစေမယ့်အပြင် ညဘက် ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံ ရရှိစေမယ့် Bokeh Flare Portrait လည်း ပါရှိပါတယ်။

V25 စမတ်ဖုန်းများတွင် 44W Flash Charge နဲ့ ကြီးမားသော 4500mAh Battery ပါဝင်လို့ သုံးစွဲသူတွေအနေနဲ့  ဖုန်းအားကုန် သက်သာပြီး နာရီအတော်ကြာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ချောမွေ့သော အတွေ့အကြုံကို ရရှိစေရန် စမတ်ဖုန်းမှ လိုအပ်တဲ့အခါတိုင်း 8GB အပို RAM ကို ပေးဆောင်ပေးမယ့် Extended RAM 3.0 + 8GB ကိုလည်း ပံ့ပိုးပေးထားပါတယ်။

V25 5G ကို Aquamarine Blue နဲ့ Diamond Black အရောင်နှစ်မျိုး ထုတ်ထားပြီး မြန်မာငွေ ၁၂ သိန်းကျော် ကျသင့်ပါတယ်။ V25e ကတော့ Sunrise Gold နဲ့ Daimond Black အရောင်နှစ်မျိုး ထုတ်ထားပြီး ၁၀ သိန်းကျော် ကျသင့်ပါတယ်။ ဒေါ်လာစျေးအတက်အကျပေါ် မူတည်၍ စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။

 

⇐ Previous Next

Read 948 times