Technology

Vivo Y51 smartphone coming to Myanmar with high speed technology

Vivo Y51 smartphone coming to Myanmar with high speed technology

မြန်မာနိုင်ငံရဲ့ နာမည်ကြီး စမတ်ဖုန်း အမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ Vivo က (၂၀၂၁) နှစ်သစ်ကို မြန်နှုန်းမြင့် နည်းပညာတွေနဲ့ ထူးခြားအံ့ဩဖွယ် လုပ်ဆောင်ရည်တွေ ပါဝင်တဲ့ Y series စမတ်ဖုန်းအသစ်  Vivo Y51 စမတ်ဖုန်းနဲ့အတူ ကြိုဆိုလိုက်ပြန်ပါတယ်။ 

 

Vivo ရဲ့ Y Series စမတ်ဖုန်းတွေဟာ ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ တီထွင်ဆန်းသစ်နိုင်မှုတွေကြောင့် မြန်မာစမတ်ဖုန်း ဈေးကွက်မှာ လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ Vivo စမတ်ဖုန်းတွေဟာ … 

  • ကြာရှည်အသုံးခံတဲ့ ဘက်ထရီပမာဏ၊ 
  • အမြန်ပြန်လည်အားဖြည့်နိုင်စွမ်း၊ 
  • ရင်သပ်ရှုမောဖွယ်ဒီဇိုင်း၊ 
  • အဆင့်မြင့်ပြီး သာလွန်ကောင်းမွန်တဲ့ ကင်မရာနည်းပညာများ၊ 
  • အဆင့်မြှင့်ထားတဲ့ Processor နဲ့ စွမ်းဆောင်ရည်များ 

စတာတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းကို ရရှိထားတဲ့ Brand တစ်ခု ဖြစ်ပါတယ်။ 

 


 

အခု အသစ်ထွက်ရှိလာတဲ့ Vivo Y51 မှာ ပါဝင်မယ်လို့ သိရတဲ့ Spec တွေကတော့ … 

  • Android OS အနေနဲ့ နောက်ဆုံးပေါ် Funtouch OS 11,
  • Memory ကိုတော့ ဂိမ်းအကြီးစားတွေ၊ App အကြီးစားတွေအထိ အေးအေးဆေးဆေး အသုံးပြုနိုင်မယ့် 8GB RAM + 128GB ROM,
  • ဆယ်လ်ဖီကင်မရာ - 16MP
  • အနောက် ကင်မရာ (၃)လုံးကတော့ - 48 MP + 8 MP + 2 MP
  • Processor အနေနဲ့ Snapdragon 662, Octa Core 2.0GHz, 11nm
  • Dimensions - 163.86×75.32×8.38mm

စတာတွေအပြင် Screen ဆိုဒ် (၆.၅၈)လက်မနဲ့ LED Full View ™ Display ကို အသုံးပြုပေးထားတယ်။ ဘက်ထ္ထရီကိုတော့ 5000mAh(TYP) နဲ့ Charger ကိုတော့ 18W Flashcharge ထည့်သွင်းပေးထားပါတယ်။ 

 


 

Security အပိုင်းမှာ Fingerprint အနေနဲ့ ide Mounted Fingerprint Scanner ပါဝင်ပြီး 4G/3G Network အသုံးပြုလို့ ရပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ 188g ဆိုတော့ သာမန် စမတ်ဖုန်းတွေထက် ပိုမိုပါးလျတဲ့ဖုန်းတစ်လုံး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

 

တရားဝင် ထွက်ရှိမယ့် နေ့ရက်နဲ့ ဈေးနှုန်းကို အတိအကျ ကြောညာတာမျိုး မရှိသေးပေမယ့် Leak ဖြစ်ထားတဲ့ ခန့်မှန်းဈေးနှုန်းအရတော့ မြန်မာငွေကျပ် (၃)သိန်းခွဲ ပတ်ဝန်းကျင်မှာ ဈေးစဖွင့်မယ်လို့ သိရပါတယ်။ တရားဝင် ထွက်ရှိလာမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ Vivo ရဲ့ ကြေညာမှုအပေါ် စောင့်ဆိုင်းရမှာပါ။ 

 

ဒါ့အပြင် Vivo Y51 စမတ်ဖုန်းကို သဘောကျ နှစ်သက်လို့ Pre Order မှာယူချင်တယ်ဆိုရင် ဇန်နဝါရီ (၁၈) ရက်နေ့ကနေ (၂၂) ရက်အတွင်း Vivo ရဲ့ Official Showroon တွေနဲ့ Vivo စမတ်ဖုန်း ဝယ်ယူရရှိနိုင်တဲ့ တရားဝင်ဆိုင်တိုင်းမှာ Order တင်ထားနိုင်ပါတယ်။ 

 

Pre Order မှာယူသူတွေအတွက် အထူးအစီစဉ််အနေနဲ့ Power Bank နဲ့ FOOMEE နားကြပ်များကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ Vivo ရဲ့ Official Facebook Page (https://www.facebook.com/vivomobileMM) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

Vivo ရဲ့ Smartphone တွေအကြောင်း သိရှိလိုတယ်ဆိုရင်တော့ www.vivo.com.mm မှာ ဝင်ရောက် ကြည့်ရှုနိုင်သလို ဖုန်း 09 988 288 882 ကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 

⇐ Previous Next

Read 3595 times