Technology

What should you do to save mobile data usage?

What should you do to save mobile data usage?

မကြာသေးမီက မိုဘိုင်းဒေတာဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ မိုဘိုင်းဖုန်း Application တွေရဲ့ ဒေတာသုံးစွဲမှုတွေကလည်း အတိုင်းအတာတစ်ခုထိရှိလာပါတယ်။ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအရ ဒေတာကုန်စေတဲ့ App တွေကလည်း Version အသစ်တွေနဲ့ ပိုပြီးဆွဲဆောင်လာပါတယ်။

လူအများစုဟာ Social Media တွေမှာ အားလပ်ချိန်တော်တော်များများကို ကုန်ဆုံးစေပါတယ်။ ဒီကုန်ဆုံးမှုကလည်း ကိုယ့်အတွက် Data Usage ကိုမြင့်တက်စေတယ်ဆိုတာ သတိပြုရပါမယ်။ 

အဖက်ဖက်က ကုန်ကျစရိတ်တွေများနေရတဲ့ကြား ဒေတာအတွက်ပါ ထပ်ကုန်နေရင် စားဝတ်နေရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါဆို Data Usage ကို လျော့ချဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ 

(၁) တတ်နိုင်သလောက် Wifi ကို အားကိုးပါ။

ဘယ်နေရာကို ရောက်နေရောက်နေ အင်တာနက်သုံးတော့မယ်ဆိုရင် Wifi ကိုအရင်ရှာဖွေပါ။ ဥပမာ- ကော်ဖီဆိုင်၊ စာကြည့်တိုက်၊ ဈေးဆိုင်နဲ့ စားသောက်ဆိုင်တွေ ရောက်တဲ့အခါ Wifi ချိတ်ဖို့လုပ်ပါ။ နောက်ပြီး App ကို Update တင်မယ်ဆိုရင်လည်း Wifi ရှိတဲ့နေရာရောက်မှတင်ပါ။ 

ရုပ်ရှင်ကားတွေကို Download ဆွဲမယ် သို့မဟုတ် File အချို့ကို Download မယ်ဆိုရင်လည်း Wifi နဲ့ပဲ Down ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရဲ့ အသုံးပြုမှုပေါ် မူတည်ပြီး အင်တာနက်ကုန်ကျမှုကို ဇယားမှာလေ့လာနိုင်ပါတယ်။

(၂) Wi-Fi Assist or Smart Network Switch ကို ပိတ်ပါ။

Apple iPhone တွေမှာဆိုရင် Wi-Fi Assist လို့ခေါ်ပြီး Android မှာဆိုရင်တော့ Smart Network Switch ဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ သင်က Wifi သုံးနေရင်းနဲ့ Wifi ကျသွားရင်ဖြစ်ဖြစ် အင်တာနက် MB နှေးရင်ဖြစ်ဖြစ် မိုဘိုင်းဖုန်းရဲ့ ဒေတာကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကိုဖွင့်ထားမိရင် မထင်မှတ်ထားတဲ့ ကုန်ကျမှုတွေ သင့်ဆီရောက်လာမှာပါ။

Cellular iPhone Image

(၃) Video တွေကို Autoplay မလုပ်ပါနဲ့။

Social Media App တွေအသုံးပြုတဲ့အခါ Video တွေကို ဘယ်တော့မှ Autoplay မလုပ်ပါနဲ့။ တတ်နိုင်သလောက် Setting မှာ Autoplay ကိုပိတ်ဖို့ သတိထားပေးပါ။

(၄) Background App တွေကို ဂရုစိုက်ပါ။

ဘယ် App ကိုပဲသုံးသုံး သုံးပြီးတဲ့အခါမှာ တစ်ခါတည်း Recent App ကိုဖျက်ပါ။ ဘာလို့လဲဆိုတော့ Background မှာ သင့်ရဲ့ Data တွေကို အသုံးပြုနေတတ်လို့ပါ။ အမှတ်တမဲ့ဆိုပေမယ့် ကုန်ပေါက်တစ်ခုပါပဲ။ Setting မှာ Data ကို Limit ထားထားရင်လည်း အဆင်ပြေပါတယ်။

How to turn off Background App Refresh on Android & iPhone | Asurion

(၅) Offline GPS Map ကို အသုံးပြုပါ။

ဒီနည်းဟာ Data ချွေတာတဲ့နည်းတွေထဲမှာ အလွယ်ဆုံးနည်းပါ။ ကိုယ်မသိတဲ့ တစ်နေရာရာကို သွားမယ်ဆိုရင် သေချာအောင် Google Map or Maps ကို အသုံးပြုကြပါတယ်။ Data ကုန်မှာစိုးရင် သင်သွားချင်တဲ့နေရာကို ထောက်ပြီး Map ကို Download လို့ရပါတယ်။

⇐ Previous Next

Read 1258 times