Health & Beauty

When beauty lovers get a new face with beer for 7 days

When beauty lovers get a new face with beer for 7 days

ဘီယာနေ့တိုင်း သောက်ရင် ကျန်းမာရေးကို ထိခိုက်နိုင်ပေမယ့် ဘီယာနဲ့ နေ့တိုင်းနီးပါး မျက်နှာသစ်မိရင်တော့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်နော်။ ဘီယာကို မုယောစပါး၊ နှံစားပြောင်း၊ စပါး စတဲ့ သီးနှံတွေနဲ့ ပြုလုပ်ထားတာမို့ အသားအရေကို များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ 

 

ဘီယာနဲ့ မျက်နှာသစ်ခြင်းအားဖြင့် အသားအရေကို တင်းရင်း စိုပြေလာစေပြီး ချွေးပေါက်ကြားထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင် နုပျိုစေပါတယ်နော်။ 

 

ဒါဆိုရင် (၇)ရက်အတွင်း ဘီယာနဲ့ နည်းလမ်းတကျ ဘယ်လိုမျက်နှာ သစ်ကြမလဲ? နေ့ရက်အလိုက် မျက်နှာသစ်ပုံ သစ်နည်းနဲ့ ပြောင်းလဲလာမယ့် အသားအရေ အနေအထားတွေကို အောက်မှာ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။ 

 

Day (1) 

အရင်ဆုံး မျက်နှာကို ကိုယ်သုံးနေကျ Facial Foam နဲ့ စင်အောင် သစ်လိုက်ပါ။ ပြီးရင် ကိုယ်သုံးချင်တဲ့ ဘီယာအမျိုးအစားကို ဆေးကြောသန့်စင်ပြီးသား မျက်နှာပေါ်မှာ ထပ်ဆေးပါ။ ဘီယာတွေ အသားထဲ စိမ့်ဝင်အောင် လက်ဖျားထိပ်လေးနဲ့ ဖိဖိပြီး ဆေးပေးပါနော်။ 

 

ပြီးရင်တော့ နူးညံ့တဲ့ မျက်နှာသုတ်ပဝါ (သို့) အဝတ်စနဲ့ အသာအယာ တို့ပြီး သုတ်ပေးပါ။ အာနိသင်တွေ အကုန်လုံး စိမ့်ဝင်ဖို့ ညဘက်မှာ သစ်ပေးတာ အကောင်းဆုံးပါပဲနော်။ တစ်ရက်ထဲနဲ့တော့ မျက်နှာက ဘာမှ သိသာမှာ မဟုတ်ဘူး။ စိတ်လောပြီး ဘာမှမထူးခြားဘူးလို့ မတွေးပါနဲ့ဦး။ 

 

Day (2) 

ပထမနေ့ကလိုပဲ Facial Foam နဲ့ မျက်နှာသစ်ပြီး သုံးနေကျ ဘီယာနဲ့ပဲ ထပ်သစ်ပေးပါ။ ဒီနေရာမှာ ဘီယာအမျိုးအစား အလိုက် Alcohol ပါဝင်မှုနှုန်းတွေ ကွဲနိုင်တာမို့ တတ်နိုင်သလောက် တူညီတဲ့ ဘီယာကိုပဲ နေ့တိုင်း အသုံးပြုပေးပါနော်။ Alcohol % တွေကတော့ အရမ်းမများတဲ့ သာမန် ဘီယာလောက်ဆို အဆင်ပြေပါတယ်။ 

 

Day (3) 

မျက်နှာသစ်ပြီးတဲ့အခါ ဝက်ခြံရှိတတ်တဲ့သူဆိုရင် စပ်ဖျဉ်းဖျဉ်းလေး ခံစားရပါလိမ့်မယ်။ ဝက်ခြံမရှိပေမယ့် မွဲခြောက်တတ်တဲ့ အသားအရည်ဆိုရင်တော့ အရေပြား အပေါ်ယံက ချေးတွေ တစ်ဖြည်းဖြည်း ကွာလာတာမျိုး ဖြစ်တတ်ပါတယ်။ လန့်ပြီး အသုံးပြုတာကို မရပ်လိုက်ပါနဲ့နော်။ အာနိသင် စပြတာလို့ ပြောလို့ ရပါတယ်။ 

 

Day (4) 

ဝက်ခြံရှိတတ်တဲ့သူဆိုရင်တော့ (၄)ရက်မြောက်နေ့မှာ ဝက်ခြံတွေ သိသိသာသာ လျော့ပါးလာတာကို မြင်ရပါလိမ့်မယ်။ ဘီယာရဲ့ Antibacterial Action က ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်တာမို့ ပုံမှန်ထက် ဝက်ခြံထွက်အား လျော့ကျသွားမှာပါ။ 

 

Day (5) 

ဘီယာထဲကို သံပုရာရည်နဲနဲညစ်ပြီး ပုံမှန်အတိုင်း မျက်နှာကို ဆေးချပါ။ သံပုရာပါဝင်တာကြောင့် ချွေးပေါက်ကို ပွင့်စေပြီး ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ 

 

Day (6) 

ပုံမှန်အတိုင်း သုံးနေကြ ဘီယာနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာ အသားအရည် သိသိသာသာ ကြည်လင်လာပြီး ဆားဝက်ခြံနဲ့ အမဲစက်တွေ ပျောက်လုနီးပါး ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ 

 

Day (7) 

ချွေးပေါက်အတွင်းထဲအထိ လုံးဝသန့်စင်လာပြီး ကြည်လင်တင်းရင်း စိုပြေတဲ့ အသားအရည်ကို ရရှိလာပါလိမ့်မယ်။ မယုံရင် စမ်းကြည့်နော်။ တစ်ကယ်သိသာလာတာကို တွေ့ရပါလိမ့်မယ်။ 

 

နောက်ထပ် လူတော်တော်များများ သိတဲ့ Tips တစ်ခု ထပ်ပေးရရင် ဘီယာနဲ့ ခေါင်းလျှော်တာကလည်း ဆံပင်ကို သန်စေတဲ့အပြင် ဗောက်ထတာကိုလည်း သက်သာစေတယ်လို့ ကြားဖူးပါတယ်နော်။ 

 

ကဲ။ အခု ဘီယာနဲ့ မျက်နှာသစ်တဲ့အခါ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို တော်တော်များများ သိပြီးပြီဆိုတော့ နေ့တိုင်း ဘီယာနဲ့ မျက်နှာအတူတူသစ်မယ့် သူငယ်ချင်းတွေကို Comment မှာ မန်းရှင်းခေါ်သွားကြဦးနော်။ 

 

Ref : MAYA Skincare , Google 

⇐ Previous Next

Read 2262 times