Things To Do

Which Learning Methods are the best for Memorization

Which Learning Methods are the best for Memorization

ကျက်ပြီးသားစာတွေ မေ့သွားတာမျိုး ဖြစ်ဖူးကြလား? စတင်မွေးဖွားလာထဲက အလုပ်လုပ်နေရတဲ့ ဦးနှောက်က တခါတလေ သင်မှတ်ချင်တာတွေကို မမှတ်ထားနိုင်တာမျိုး၊ မှတ်ထားပြီးသမျှကို မေ့ပစ်လိုက်တာမျိုးတွေ ဖြစ်တတ်တာ သဘာ၀ပါပဲ။ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲဆိုရင် သင့်ဦးနှောက် မှတ်ဉာဏ်ရဲ့ မှတ်သားနိုင်စွမ်းဟာ ကန့်သတ်ချက်တွေ ရှိနေလို့ပါ။ ဒါကြောင့် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်က ဘယ်လိုအရာတွေကို ပိုမှတ်မိနိုင်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ အမှတ်တမဲ့ အရာများ

ဦးနှောက်ဟာ ဘာမှ မသင်ရ၊ မကြားရပါဘဲ၊ ကိုယ့်ဘာသာ စူးစမ်းခြင်း၊ ရုတ်တရက် တွေ့ရှိခြင်း၊ လွှတ်ကနဲ ပြောဆိုလိုက်ခြင်း၊ ငယ်ငယ်က မှတ်မှတ်ရရဖြစ်ရပ်၊ ဘဝမှာ မမေ့နိုင်တဲ့အကြောင်းအရာ စတဲ့ သင်ကြားခြင်းနဲ့ မဆိုင်တဲ့ အချက်တွေကိုတော့ ၉၀% အထိ မှတ်မိနိုင်ပါတယ်။

၂။ လက်တွေ့ လေ့ကျင့်ခန်းများ

ဦးနှောက်ဟာ လက်တွေ့လုပ်ရတဲ့ အလုပ်တွေကို ၇၅% အထိ မှတ်မိနိုင်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တက္ကသိုလ်တွေနဲ့ ပညာရေးသင်တန်းကျောင်းတွေမှာ ဘာသာရပ်တိုင်းအတွက် လက်တွေ့လုပ်ဆောင်နိုင်ဖို့ Practical အခန်းတွေ၊ ကွန်ပျူတာအခန်းတွေ၊ သုတေသနအခန်းတွေ ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။

၃။ အစုအဖွဲ့အလိုက် ဆွေးနွေးငြင်းခုန်ခြင်း

လူတွေဟာ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းကနေ ၅၀% အထိ မှတ်မိနိုင်ပါတယ်။ တက္ကသိုလ်၊ ပညာရေးကျောင်းနဲ့ သင်တန်းတွေ တော်တော်များများမှာ Group Activity နဲ့ Group Presentation အစီအစဉ်တွေ ထည့်သွင်းခဲ့ပြီး ကျောင်းသားတွေကို Topic တွေ ပေးကာ ငြင်းခုန်စေတာမျိုးတွေ ရှိလာပါတယ်။ ဒါဟာလည်း ကျောင်းသားတွေရဲ့ မှတ်ဉာဏ်အတွက် တကယ်ကို ထိရောက်တဲ့ သင်ကြားရေးပုံစံပါ။

     Advertisement

Click Here > Ko Tint Lwin & Brothers

၄။ သရုပ်ပြသင်ကြားမှု

သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ ဒီအတိုင်း သင်သွားတာထက် သရုပ်ပြသင်ကြားခြင်းကို ကျောင်းသားတွေက ပိုမှတ်မိလွယ်ပါတယ်။ ဦးနှောက်ဟာ သရုပ်ပြသင်ကြားခြင်းကနေ ၃၀% အထိ မှတ်မိနိုင်ပါတယ်။ ဒါကြောင့် တက္ကသိုလ်တွေဟာ နောက်ပိုင်းကာလတွေမှာ စာအတိုင်း သင်ကြားခြင်းထက် သရုပ်ပြသင်ကြားခြင်းကို ပိုပြီး လုပ်လာကြတာ ဖြစ်ပါတယ်။

၅။ နားထောင်ခြင်း

သင်ခန်းစာ အသံဖိုင်တွေကို နားထောင်တယ်၊ တရားတွေ နာတယ်၊ သီချင်းတွေ နားထောင်တယ်။ ဦးနှောက်က အဲဒီ နားထောင်ခြင်းကနေ ၂၀% အထိ မှတ်မိနိုင်ပါတယ်။

၆။ ဖတ်ရှုခြင်း

လူတွေဟာ စာအုပ်တွေ၊ ပြဌာန်းစာအုပ်တွေ မြောက်များစွာကို ဖတ်ရှုကြပါတယ်။ အဲဒီ စာတွေ ဘယ်လောက်ပဲဖတ်ဖတ် ဦးနှောက်က ကောင်းကောင်းမှတ်နိုင်တာကတော့ ဖတ်ရှုခြင်းများစွာရဲ့ ၁၀% ကိုသာ မှတ်မိနိုင်ပါတယ်။

၇။ သင်ခန်းစာများ

ဦးနှောက်ဟာ ကျောင်း (သို့) သင်တန်းမှာသင်တဲ့ သင်ခန်းစာတွေကို ဘယ်လောက်ပဲ သင်သင်၊ ဘယ်လောက်ပဲ မှတ်ဖို့ ကြိုးစားကြိုးစား သင်ကြားမှုတွေရဲ့  ၅% ကိုသာ မှတ်မိနိုင်စွမ်း ရှိပါတယ်။

 

⇐ Previous Next ⇒

Read 3081 times