Technology

OPPO Reno8 T Launch In Myanmar

OPPO Reno8 T Launch In Myanmar

OPPO က အသစ်မိတ်ဆက်လိုက်တဲ့ Reno8 T ကို မတ်လ (၈) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ နီးစပ်ရာဆိုင်တွေမှာ Pre-order မှာယူနိုင်ပြီး မတ်လ (၁၄) ရက်နေ့က စပြီး ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

 

ဈေးနှုန်းက ၈၉၉,၉၀၀ ကျပ် ဖြစ်ပြီး OPPO Reno8 T ကို Sunset Orange နဲ့ Midnight Black ဆိုပြီး အရောင်နှစ်ရောင် ရွေးချယ် ဝယ်ယူနိုင်မှာပါ။ Pre-order ကြိုတင်ထားတဲ့သူတွေအနေနဲ့ကတော့ Sport Bag ကို အထူးလက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်သလို OPPO Enco Buds2 ကိုပါ တွဲဖက်ဝယ်ယူမယ် ဆိုရင် ၁ သောင်းကျပ် လျှော့စျေး Gift Voucher လည်း ရရှိမှာ ဖြစ်ပါတယ်။ 

 

ဒီတော့ အသစ်မိတ်ဆက်လိုက်တဲ့ OPPO Reno8 T မှာ ဘယ်လို Feature အသစ်တွေ ပါဝင်လာလဲ၊ အရင်ဖုန်းတွေထက် ဘာတွေ ထူးခြားကောင်းမွန်လာတာ ရှိမလဲ… ဒါတွေကို အောက်မှာ တစ်ခုချင်းစီ ဖော်ပြပေးသွားပါမယ်။

 

 

အသေးစိတ် မဖော်ပြသေးခင် သူ့ရဲ့ ထူးခြားချက်လေးတွေကို ကြည့်လိုက်ရအောင်…

  • The Portrait Expert လို့ ဆိုရလောက်တဲ့ 100MP Camera
  • မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေကို မှတ်တမ်းတင်နိုင်မယ့် 40x Microlens
  • Notification ကို အရောင် (၈) မျိုးနဲ့ ပြသပေးနိုင်တဲ့ Orbit Light 
  • နည်းပညာမြင့် MTK Helio G99 (6nm) Octa-core Processor
  • လျင်မြန်စွာ အားသွင်းပေးနိုင်တဲ့ 33W SUPER VOOC
  • ကာဗာတပ်စရာမလိုပဲ အကြမ်းခံတဲ့ Fiberglass Leather Design 
  • Screenshot တွေကို ဝှက်ထားပေးနိုင်မယ့် Auto Pixelate

OPPO Reno8 T ရဲ့ Camera, Display & Body, Performance စတဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် ဖော်ပြပေးထားပါတယ်။

 

Advertisement

Click Here > Meditech Co., Ltd.

 

ကင်မရာ လုပ်ဆောင်ချက်များ

 

“The Portrait Expert” ဆိုတဲ့အတိုင်း  OPPO Reno8 T ဟာ ယခင် Reno Series ဖုန်းတွေ အားလုံးထက် သာလွန်တဲ့ 100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး Landscape နဲ့ Portrait ဓာတ်ပုံတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

 

Reno8 T ရဲ့ 100 MP Camera ဟာ ပုံရိပ်တွေကို ချဲ့ပြီး ရိုက်ကူးတဲ့အခါမှာတောင် အရည်အသွေး ကြည်လင်ပြတ်သားမှုကို ပေးစွမ်းမှာဖြစ်တဲ့အပြင် ကိုယ်ရိုက်ကူးထားတဲ့ ပုံတွေကို အရွယ်အစား စိတ်ကြိုက် ပြန်လည် ပြောင်းလဲ ပြင်ဆင် ဖြတ်တောက်လို့ ရပါသေးတယ်။ ကိုယ်ရိုက်ထားတဲ့ အသေးစိတ်ပေါ်လွင်နေတဲ့ ပုံထဲမှာ ကိုယ့်အတွက် မလိုအပ်တာတွေကို Crop လုပ်မယ်ဆိုရင် ဓာတ်ပုံ အရည်သွေး မကျသွားဘဲ စိတ်ကြိုက်ပြင်ဆင် ဖြတ်တောက်လို့ရပါတယ်။

 

OPPO Reno8 T မှာ 2 MP Depth Camera လဲ ပါဝင်သလို AI Portrait Retouching နဲ့ Bokeh effect Portrait လုပ်ဆောင်ချက်တွေ၊ ဘယ်လိုအခြေအနေမှာမဆို ကြည်လင် ပြတ်သားတဲ့ Selfie ပုံရိပ်တွေကို ရိုက်ကူးစေနိုင်မဲ့ 32 MP Front Camera နဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အဆ ၄၀ ချဲ့ထွင် ရိုက်ကူးနိုင်မည့် 2MP 40x Microlens ပါဝင်လာတဲ့အတွက် သေးငယ်တဲ့ ကမ္ဘာက ပုံရိပ်တွေကို အသစ်အဆန်းအနေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။

 

 

ခေတ်ဆန်လှပ ပါးလွှာတဲ့ ဒီဇိုင်း

 

OPPO Reno8 T ကို Sunset Orange နဲ့ Midnight Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို Ultra Slim Design နဲ့ ထွက်ရှိလာခဲ့တဲ့အတွက် ကိုင်ဆောင်ရ လွယ်ကူစေမှာ ဖြစ်ပါတယ်။ Sunset Orange အရောင်ဟာ လူငယ်တွေ ကြိုက်နှစ်သက်စေမယ့် Premium Fiberglass-Leather Stitching Design နဲ့ ထုတ်လုပ်ထားပြီး ဘေးဘောင်တွေကို Metal Frame နဲ့ ပြုလုပ်ထားကာ ပုံမှန်သမားရိုးကျ သားရေကာဗာများထက် ပိုမိုကျစ်လစ်ပြီး ပိုမို ပေါ့ပါးစေပါတယ်။ 

 

Sunset Orange အရောင်မှာ သုံးထားတဲ့ Fiberglass-Leather ကို Alcohol နဲ့ ပွတ်တိုက် စစ်ဆေးမှု အကြိမ် ၅,၀၀၀၊ ဂျင်းစ နဲ့ ပွတ်တိုက်စမ်းသပ်မှု အကြိမ် ၂၀၀,၀၀၀ နဲ့ ခဲဖျက်နဲ့ ပွတ်တိုက်စမ်းသပ်မှု အကြိမ် ၁၀,၀၀၀ စတဲ့ ပွန်းပဲ့ဒဏ် ခံနိုင်ရည်စမ်းသပ်မှုတွေ များစွာကိုလည်း ပြုလုပ်စမ်းသပ်ခဲ့ပါတယ်။ 

 

Midnight Black အရောင်ကို တည်ငြိမ်တဲ့ အရောင်ကြိုက်နှစ်သက်သူတွေအတွက် OPPO Glow Design နဲ့ ထုတ်လုပ်ထားပါတယ်။ OPPO ရဲ့ လှပတဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Orbit Light လုပ်ဆောင်ချက်ကိုလဲ ယခု OPPO Reno8 T တွင် ထည့်သွင်းထားပြီး Notification တွေကို အရောင် ၈ မျိုးအထိ စိတ်ကြိုက်ရွေးချယ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

 

 

ကြာရှည်ခံဘက်ထရီနဲ့ SUPER VOOC

 

OPPO Reno8 T မှာ ကြီးမားတဲ့ 5000mAh Battery ထည့်သွင်းထားပြီး Type C အားသွင်းကြိုးနဲ့အတူ OPPO ရဲ့ 5 Layer Protection နည်းပညာနဲ့ အားသွင်းမြန်စနစ် 33W SUPER VOOC ပါဝင်ပါတယ်။ 

 

Performance နဲ့ အသံ

 

OPPO Reno8 T မှာ MTK Helio G99 (6nm) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Octa-Core Processor ကို အသုံးပြု ထားပြီး 8GB RAM နဲ့ 128GB ROM ပါဝင်တဲ့အပြင် OPPO ရဲ့ RAM Expansion နည်းပညာပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဖုန်းသုံးစွဲသူတိုင်းအတွက် ချောမွေ့တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Android 13 ကို အခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS Version 13 ကို အသုံးပြုပေးထားပြီး Ultra Mode ပါဝင်တဲ့ Dual Stereo Speaker ကိုလည်း ထည့်သွင်းပေးထားပါတယ်။

 

 

“The Portrait Expert” လို့ တင်စား ခေါ်ဝေါ်ရတဲ့ Reno Series အသစ် OPPO Reno8 T ကို မတ်လ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Official Launch Event ကနေတစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၈၉၉,၉၀၀ ကျပ်နဲ့ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 

 

ဒီပွဲကို OPPO ရဲ့ Brand Ambassador ဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ အနုအညာရှင်တွေဖြစ်ကြတဲ့ အလင်းရောင်၊ ထူးအောင်၊ စံထိပ်ထားဦးတို့ ပါဝင် တက်ရောက်ခဲ့တဲ့အပြင် Eternal Gosh နဲ့ ဂီတပညာရှင်  ဓိရာမိုရ်တို့ကလည်း ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

⇐ Previous Next

Read 980 times