Health & Beauty

Why gray hair?

Why gray hair?

ဆံပင်ဖြူခြင်းဟာ လူငယ်တော်တော်များများမှာ တွေ့လာရတယ်။ တကယ်တော့ ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ်လုပ်မှုနည်းလာလို့ ဖြစ်ပါတယ်။ မျိုးရိုး၊ စိတ်ဖိစီးမှု၊ အာဟာရဓာတ်ချို့တဲ့မှုတွေက ဆံပင်အရောင်ကို ဖြူလာစေတယ်။ 

ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ခေါ်ပါတယ်။ ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေကအများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူစေနိုင်ပါတယ်။ နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်း တို့ပါဝင်ပါတယ်။ 

gray hair at 18 discounts OFF 69%

လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ(ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓါတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ ပုံမှန်အားဖြင့် အသက် (၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့် ဒီနေ့ခေတ်မှာတော့ အသက်(၂၀)ကျော်နဲ့ ဆံပင်ဖြူလာသူတွေ တွေ့လာရပြီ။ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို premature grey hair လို့ ခေါ်ပါတယ်။

ဒီလို ပုံမှန်မဟုတ်ဘဲ ဖြူလာရတဲ့အကြောင်းရင်းတွေကိုသိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကိုလုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ဆံပင်ဖြူနေပြီဆိုရင် ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။

၁။ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည် တစ်မျိုးထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြား ဟာတွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်း သုံးတာဟာဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့ အပြင်ဆံပင်ဖြူတာကိုလည်း အားပေးပါတယ်။

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကို ပါးပါးလှီးကာနှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ခေါင်းမလျှော်ခင်တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာ မနက်ရောက်မှလျှော်ပါ။ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီးအပိုင်းအစလေးတွေကို ရေနွေးထဲထည့်ပြုပ်ပြီး အအေးခံကာအဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

White hair: Causes and ways to prevent it

၃။ဆီပုံမှန်လိမ်းပါ။

အုန်းဆီဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှသုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာ ဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင်အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့် စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။ 

၄။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်ခြင်းမှရှောင်ရပါမယ်။အကယ်လို့ စားကျင့်ရှိနေရင်တောင်အနည်းငယ်လျော့စားပေးပါ။တချို့အစားအစာတွေဟာဆံသားအတွက်လိုအပ် တဲ့အစိုဓာတ်ကိုဆိုးရွားစွာလျော့နည်းစေတာကြောင့်ဆံပင်ဖြူမြန်စေပါတယ်။

⇐ Previous Next

Read 1466 times