Health & Beauty

Emergency Bag (b) What should be in an emergency bag?

Emergency Bag (b) What should be in an emergency bag?

Emergency Bag (ခ) အရေးပေါ်အိတ်က အခုချိန်မှာ လူတိုင်း ပြင်ဆင်ထားသင့်တဲ့ အရာတစ်ခုလဲ ဖြစ်နေပါပြီ။သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ ဘယ်အကြောင်းကြောင့်ဖြစ်စေ အသုံးပြုလို့ ရနိုင်ပါတယ်။ဒီအိတ် ကို Emergency အနေနဲ့ရော survival bag အနေနဲ့ရော အသုံးပြုလို့ပါတယ်။ 

ဒီအိတ်ထဲမှာ ဘာတွေထည့်သင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။

လဲစရာအဝတ်အစား

လဲစရာအဝတ်ယူတဲ့အခါ ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့်

-ဘောင်းဘီတို(၂)ထည်

-အရှည်(၂)ထည် အ

-အင်္ကျီ(၂)ထည်

-underwear (၂)ထည် 

-ပုဆိုး(၁)ထည်

-မျက်နှာသုတ်ပဝါ(၁)ထည်

မိန်းကလေးတွေဆိုရင် 

- bra (၃)ထည် တို့ကို သေးသေးလေးတွေဖြစ်အောင် လိပ်ပြီးထည့်ထားပါ။ လိပ်နည်းမသိရင် Youtube မှာရှာလို့ရပါတယ်။

အဆာပြေမုန့်အခြောက်အခြမ်းများ 

-ရေဘူး

-ခေါက်ဆွဲခြောက်

-ကော်ဖီ or Teamix 

- အချိုဓာတ်မပြတ်အောင် သကြားလုံးနည်းနည်း (or) chocolate bar

-ထမင်းခြောက် (ရေနဲ့ပဲပြန်ပြုတ်စားစား၊ကြော်ပဲစားစား အဆင်ပြေပါတယ်) 

First Aid Kit

-ဟန်ဆာပလပ်

-ပတ်တီး

-အရက်ပြန်

-ဆေးဝါ

-အကိုက်အခဲပျောက်ဆေး (ibuprofen,acetaminophen)

-လက်အိတ် 

-သာမိုမီတာ

-ရေသန့်စင်တဲ့ ဆေးပြားလေးတွေပါဆောင်ထားပါ

ဓာတ်မီးနဲ့ Powerbank 

သုံးထောင့်ထိုး ဓာတ်မီးလိုမျိုး ဓာတ်ခဲနဲ့ဟာတွေကပိုကောင်းပါတယ်။ဓာတ်ခဲအပိုတွေ ဖုန်းအတွက် Powerbank,Radio,Phone Charger အစရှိတာတွေလည်း ထည့်ထားသင့်ပါတယ်။

တစ်ကိုယ်ရေသုံးပစ္စည်းများ

-ဆပ်ပြာ

-သွားတိုက်ဆေး၊ သွားတိုက်တံ

-wet tissure၊ ရိုးရိုးတစ်ရှုးလည်းယူပါ

-Pad (မိန်းကလေးတွေအတွက်တင်မကပါဘူး မတော်တဆဒဏ်ရာရလို့ သွေးထွက်သံယိုဖြစ်ရင်တောင် ပိုးသတ်ပြီးသားမို့လို့ အသုံးဝင်ပါတယ်)

-မိုးကာနဲ့ ထီး

အရေးကြီးစာရွက်စာတမ်းများ 

-မှတ်ပုံတင်၊ကားလိုင်စင်၊ ပတ်ပိုစ့်

-ဘဏ်စာအုပ်၊ ATM cards 

-သန်းခေါင်စာရင်း၊ မွေးဖွားမှတ်တမ်း

-လက်ဝတ်လက်စားများ 

-အရေးပေါ်သုံးရန် ပိုက်ဆံအချို့ စသည်တို့ကို ရေလုံတဲ့ အိတ်နဲ့ထည့်ပြီး ထုတ်ပိုထားရင်ပိုကောင်းပါတယ်။

ဒီပစ္စည်းတွေထည့်ထားပြီး ကိုယ်နဲ့ကိုက်သလို လိုတိုးပိုလျော့ပြန်လုပ်ပါ။ တစ်ပတ်လောက်တော့ ခံနိုင်မယ်လို့ထင်ပါတယ်။ 

 

 

⇐ Previous Next

Read 2142 times