Health & Beauty

How to defeat the cockroach wisely?

How to defeat the cockroach wisely?

ပိုးဟပ်တွေက Blattodea မျိုးစိတ်ထဲပါဝင်တဲ့ အင်းဆက်အမျိုးအစားတွေဖြစ်ပြီး Blattodea မျိုးစိတ်ထဲမှာ ခြတွေလည်းပါဝင်ပါတယ်။ ပိုးဟပ်မျိုးစိတ်ပေါင်း ၄,၆၀၀ မှာ ၃၀ လောက်က လူတွေရဲ့ အိမ်နေရာအများစုမှာ မှီခိုနေထိုင်ပါတယ်။

ပိုးဟပ်တွေဟာ ရောဂါပိုးတွေနဲ့ ဗက်တီးရီးယားတွေကို သယ်ဆောင်ဖြန့်ချိနိုင်သလို လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်တဲ့အတွက် အိမ်မှာရှိတဲ့ ပိုးဟပ်ကို ပြေးအောင်လုပ်နည်းတွေ သိထားဖို့ လိုအပ်ပါတယ်။ ပိုးဟပ်က ခိုတွေလောက် ရောဂါပိုး မများပေမယ့် ပိုးမွှားတစ်မျိုးဖြစ်တဲ့အတွက် ဂရုစိုက်ဖို့လိုပါတယ်။

How to Get Rid of Roaches and Ants in the Kitchen | HGTV

ဒါဆို ပိုးဟပ်တွေကို ပညာသားပါပါ ဘယ်လိုနှိမ်နင်းမလဲဆိုတာကတော့ ...

ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား - ဘောရက်မှုန့်သုံးဆနဲ့ သကြားတစ်ဆရောပြီး ပိုးဟပ်တွေရှိတဲ့နေရာမှာ ပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေ သေနေတာတွေ့ရမှာပါ။ အိမ်မှာ ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင်တော့ ဒီနည်းသုံးဖို့ မသင့်တော်ပါဘူး။

တမာ - တမာဆီ သို့မဟုတ် အမှုန့်ကိုသုံးနိုင်ပါတယ်။ တမာဆီ ကို ရေအနည်းငယ်ရောပြီး ပိုးဟပ် ရှိတဲ့နေရာကို ဖျန်းနိုင်သလို၊ တမာမှုန့်ကို ဖြူးထားတာမျိုးလည်း လုပ်နိုင်ပါတယ်။

တောရှောက်ခါးဆီ - ပိုးဟပ်ပြေးစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး တောရှောက်ခါးဆီနဲ့ ရေအနည်းငယ်ရောပြီး ဖျန်းလိုက်တာနဲ့ ပိုးဟပ်တွေပြေးမှာသေချာပါတယ်။

တောနှံပင် - တောနှံရွက် လတ်လတ်ဆတ်ဆတ်ကိုခူးပြီး အိတ်တစ်ခုထဲထည့်ပြီး ပိုးဟပ်ရှိတဲ့နေရာမှာ ချထားပေးပါ။ အရွက်တွေ လဲလဲပေးပြီး ချထားရင် ပိုးဟပ်တွေ မလာတော့ပါဘူး။

Cockroaches - Ottawa Public Health

ကော်ဖီမှုန့် - ကရားတစ်ခုထဲကို ရေအပြည့်ထည့်ပါ။ စက္ကူခွက်တစ်ခုထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ရေကရားထဲမှာ ထည့်ထားပါ။ ကော်ဖီနံ့ က ပိုးဟပ်တွေကိုဆွဲဆောင်ပြီး ကော်ဖီရှိရာကိုလာကြတဲ့အခါ ရေကရားထဲကျစေတဲ့နည်းနဲ့ ဖမ်းနိုင်ပါတယ်။

ဆွမ်းမွှေးရွက် - ပိုးဟပ်တွေရှိတဲ့ နေရာတွေမှာ ဆွမ်းမွှေးရွက် ချထားရင်လည်း ပိုးဟပ်တွေပြေးပါတယ်။

အဝတ်မွှေးရနံ့ဆီ - ရနံ့ဆီနဲ့ ရေ အနည်းငယ်ရောပြီး ဖျန်းရင်လည်း ပိုးဟပ်တွေ မလာတော့ပါဘူး။

Where Do Roaches Hide? 10 Common Hiding Places for Cockroaches

စားကြွင်းစားကျန်တွေ သေချာသိမ်းဆည်းခြင်း - ပိုးဟပ်တွေဟာ ရေနဲ့အစားအစာမရှိရင် အသက်မရှိင်နိုင်တာမို့ အစားအသောက်တွေကို အပြင်မှာ ဘာတစ်ခုမှ ချန်မထားဘဲ သိမ်းဆည်းတာမျိုး၊ ဆန်ခါအုပ်၊ အဝတ်အုပ်၊ အဖုံး အုပ်ပြီးကာကွယ်တာမျိုး၊ အမှိုက်ပုံးတွေကိုလည်း လုံအောင်ပိတ်တာမျိုးလုပ်ရင် အစားအစာမရှိတော့တဲ့အတွက် သူ့အလိုလို နည်းသွားမှာပါ။

အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ခြင်း - အိမ်မှာရှိတဲ့အခန်းတွေ အကုန်လုံးကို ပုံမှန် သန့်ရှင်းရေးလုပ်တာမျိုး၊ သပ်သပ်ရပ်ရပ်ထားတာမျိုး၊ အထူးသဖြင့် မီးဖိုဆောင်မှာ ရှုပ်ပွနေတာမျိုး မဖြစ်စေဘဲ သန့်ပြန့်နေအောင်ထားရင် ပိုးဟပ်ကို မြင်ရမှာတောင် မဟုတ်ပါဘူး။

⇐ Previous Next

Read 2355 times