Health & Beauty

Your health may be due to late dinner

Your health may be due to late dinner

အောက်ပါအချက်အလက်တွေက  ညစာ စောစော စားတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးရှိစေနိုင်မလည်း ဆိုတာတွေကို လေ့လာထားတဲ့ သုတေသန ပြုလုပ်ချက်များ ဖြစ်ပါတယ်။သင့်ရဲ့ ညစာ စားတဲ့ အချိန်ဟာ သင့်ရဲ့ ကျန်းမာရေးတွင်သာ မက , သင်နုပျိုမှု , အလှအပ ရေးရာ များနဲ့ ပါ သက်ဆိုင်ပါတယ်။အထင်ရှားဆုံး အချက်တချက်က ကိုယ်အလေးချိန် လျော့ချပေးတာပါ။ ဒါပေမယ့် ဆန့်ကျင်ဖက်ဖြစ်တဲ့ အိပ်ချိန်နဲ့နီးနီး ညစာစားပါက ကိုယ်အလေးချိန် တက်ပါတယ်။

 

လေ့လာတွေ့ရှိချက်များအရ မအိပ်ခင် အနည်းဆုံး ၃၊၄ နာရီ လောက် ညစာ စားတာက သင့်ရဲ့ ဇီဝကမ္မ ဖြစ်စဥ်တွေကို ကောင်းမွန်စေပါတယ်။ ထို့အပြင် အစာတွေက ကောင်းကောင်း ချေဖျက်ဖို့ အချိန်ရပြီး ညဖက် အစာအိမ်မှာ အက်ဆစ် ထွက်တာ သက်သာစေပါတယ်။ညစာ နောက်ကျ မှ စားတဲ့ အခါမှာ သင်စားလိုက်တဲ့ ကယ်လိုရီတွေကို ကောင်းကောင်း မချေဖျက်နိုင်တော့ပဲ ခန္ဓာကိုယ် မှာ အဆီဓါတ်တွေ စု လာကြပါတယ်။ အဲဒီလို နေ့စဥ် ရက်ဆက် ဖြစ်လာတော့ အဆီတွေစုလာပြီး  weight တက်လာမယ် ၊ အစာအိမ် အက်ဆစ် ထွက်တာတွေ များပြီး ရင်ပူမယ် ၊ လေတက်မယ်၊ အစာ မကျေဘူး စတာတွေ ပါ ဖြစ်လာပါတယ်။

လေ့လာ တွေ့ရှိချက်များအရ ညစာ ကို အနည်းဆုံး ၃ နာရီ လောက် အိပ်ချိန်နဲ့ ခွာစားတဲ့သူတွေမှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နည်းတယ်ဆိုပါတယ်။ အမျိုးသားတွေမှာ ဆီကျိတ် ကင်ဆာ ၂၆% လျေ့ချပေးပြီး အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ၁၆% လျော့ချပေးပါတယ်။ဆီးချို အဖွဲ့ကြီးတစ်ခု ရဲ့ တွေ့ရှိချက်တွေအရ ညစာ စားတာ နောက်ကျတဲ့ သူတွေ က ဝ လာ ကြသလို သွေးထဲ အချိုဓာတ်ပါ များလာကြပါတယ်။သူတို့ရဲ့ သုတေသန မှာ ကျန်းမာရေး ကောင်မွန်တဲ့ လူ အယောက် (၂၀) ကို တူညီတဲ့ အစားအသောက်ကို မတူတဲ့ အချိန်မှာ စား စေပြီး စမ်းသပ် ကြပါတယ်။  အဲဒီ ထဲ မှာ နောက်ကျ မှာ စားတဲ့ သူတွေက စောစော စားတဲ့ သူတွေ ထက် သွေးတွင်း အချိုဓာတ်တွေ ပို များနေပြီး အဆီဓာတ်တွေ လောင်ကျွမ်းတာ ပိုနည်းသွားတာကို တွေ့ကြရပါတယ်။

 

နောက်ကျမှ ညစာ စားသူတွေက ၂၀% သွေးတွင်း အချို ဓာတ်ပိုများနေပြီး ၁၀% အဆီလောင်ကျွမ်းမှု လျော့နည်းသွားတာ တွေ့ကြရပါတယ်။ ဒါကြောင့် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်ဖို့ ပိုများလာပါတယ်။နောက်တခုကနောက်ကျမှ စားတဲ့ အတွက် အစာအိမ်က နောက်ကျမှ ပို လုပ်ရသလို ဖြစ်ပြီး ကောင်းကောင်းလည်း အိပ်မပျော် တော့ပါ။ ကြာလာရင် အိပ်ပျော်တဲ့ ရောဂါတွေပါ ဖြစ်လာကြပါတယ်။နောက်ကျမှ ညစာစားပြီး တချို့က snack တွေ ထပ်စားကြပါသေးတယ်၊ ချောကလက်, ရေခဲမုန့်, ဒိုးနတ်, အာလူးကြော် စတဲ့ ကယ်လိုရီများတဲ့ အစာတွေ ထပ်စားလိုက်တဲ့ အခါ သူတို့ဟာ fatty acid များ အဖြစ်ပြောင်းသွားပြီး လူကို ဥပါတ်ပေးတတ်ပါတယ်။

ထို့အပြင် စားပြီးပြီးချင်း အိပ်ယာပေါ် ၀င်လှဲ တာဟာလည်း လုံး၀လုံး၀ လုံး၀ ကို ရှောင်ကြဥ်ရမဲ့ အကျင့်ဆိုးပါ။အခုနောက်ပိုင်း ကျတောတို့ရဲ့ life style တွေ ပြောင်းလဲ လာကြတာနဲ့ အမျှ လူနေမှု ပုံစံ၊ စားသောက်မှု ပုံစံများ ပြောင်းလဲ သွားပြီး physical inactivity လို့ ခေါ်တဲ့ ကိုယ်လက် လှုပ်ရှားမှုများ နည်းလာကြပါတယ်။ အသက် ၃၀ ကျော် ရုံ မျှ နဲ့ အ၀လွန်ရောဂါ ၊ သွေးတိုး ရောဂါ၊ ဆီးချို ရောဂါ တွေ ၀င်လာကြပါတယ်။ ထို့ကြောင့် သတိပြုကြစေဖို့ တင်ပြအပ်ပါတယ်။

 

⇐ Previous Next

Read 1064 times