သွားကျဲတာဟာ ကြည့်ရအင်မတန်ဆိုးပါတယ်။သေးသေးဖွဲ့ဖွဲ့လေးလို့ ထင်ရပေမယ့် တကယ်တမ်းတော့မဟုတ်ပါဘူး။ဒီလို သွားကျဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။သွားကျဲတာကို ကုသနည်း (၄) နည်းရှိပါတယ်
(၁) လေဆာနဲ့ ပြုပြင်နည်း
အချိန် ၁၀-၁၅ မိနစ်ဝန်းကျင်နဲ့ ပြီးပါတယ်
ကျဲနေတဲ့ နေရာလေးတွေကို လေဆာနဲ့ ပြုပြင်ပေးတဲ့နည်းက မြန်ဆန်ပြီး ကုန်ကျစရိတ်နည်းပါတယ်။
ကုန်ကျစရိတ်ကတော့ တချောင်း၂၀၀၀၀ဝန်းကျင်သာကုန်ကျပါတယ်
(၂) ကြွေလွှာကပ်ခြင်း
ကျဲတာအပြင် ညီညာလှပသူတွေအတွက် ရွေးချယ်စရာနည်းလမ်းတခုဖြစ်ပါတယ်
သွားကျဲတာတင် မဟုတ်ပဲ သွားအနည်းငယ် ပဲ့တာ စောင်းနေတာတွေကို ညီညာစေပါတယ်
အချိန် မိနစ် ၃၀ ဝန်းကျင်ပေးရလေ့ရှိပါတယ်
ကုန်ကျစရိတ်ကတော့ တချောင်း၃၀၀၀၀/၄၀၀၀၀ဝန်းကျင် ကုန်ကျလေ့ရှိပါတယ်
(၃) ကြွှေလွှာစွပ်ခြင်း
အပေါ်နည်းလမ်း(၁)နဲ့ (၂) နည်းတွေကတော့ အမာရှောင်ရမှာဖြစ်ပြီး နည်းလမ်း(၃) ကတော့ မာတဲ့အရာတွေပါ ကိုက်တာစားတာမျိုး လုပ်လို့ရပါတယ်။
သွားပုံစံယူပြီးနောက်တခေါက်လာရန်လိုအပ်ပါတယ်။
ကုန်ကျစရိတ်က တချောင်း၇၀၀၀၀ ကနေစရှိပါမယ်
(၄) သွားညှိကုသခြင်း
သွားညှိကုသခြင်းကတော့ ရေရှည်ကုသနည်းတခုဖြစ်ပြီး ကုသချိန် ၁နှစ်/၁နှစ်ခွဲ ဝန်းကျင်ကြာပါတယ်
အချိန်ပေးနိုင်သူတွေအတွက် အကောင်းဆုံးပါဘဲ။ ကိုယ်ရွေးချယ်တဲ့ Braces ပေါ်မူတည်ပြီး ကုန်ကျစရိတ် ၁၂ သိန်းဝန်းကျင်ကနေစပြီး ရှိပါတယ်
Read 3138 times