Health & Beauty

သွားကျဲတာကို ဘယ်လိုကုသကြမလဲ?

How to Prevent Gapped Teeth?

သွားကျဲတာဟာ ကြည့်ရအင်မတန်ဆိုးပါတယ်။သေးသေးဖွဲ့ဖွဲ့လေးလို့ ထင်ရပေမယ့် တကယ်တမ်းတော့မဟုတ်ပါဘူး။ဒီလို သွားကျဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။သွားကျဲတာကို ကုသနည်း (၄) နည်းရှိပါတယ်

(၁) လေဆာနဲ့ ပြုပြင်နည်း

အချိန် ၁၀-၁၅ မိနစ်ဝန်းကျင်နဲ့ ပြီးပါတယ် 

ကျဲနေတဲ့ နေရာလေးတွေကို လေဆာနဲ့ ပြုပြင်ပေးတဲ့နည်းက မြန်ဆန်ပြီး ကုန်ကျစရိတ်နည်းပါတယ်။

ကုန်ကျစရိတ်ကတော့ တချောင်း၂၀၀၀၀ဝန်းကျင်သာကုန်ကျပါတယ်

 

(၂) ကြွေလွှာကပ်ခြင်း

ကျဲတာအပြင် ညီညာလှပသူတွေအတွက် ရွေးချယ်စရာနည်းလမ်းတခုဖြစ်ပါတယ်

သွားကျဲတာတင် မဟုတ်ပဲ သွားအနည်းငယ် ပဲ့တာ စောင်းနေတာတွေကို ညီညာစေပါတယ်

အချိန် မိနစ် ၃၀ ဝန်းကျင်ပေးရလေ့ရှိပါတယ်

ကုန်ကျစရိတ်ကတော့ တချောင်း၃၀၀၀၀/၄၀၀၀၀ဝန်းကျင် ကုန်ကျလေ့ရှိပါတယ်

 

(၃) ကြွှေလွှာစွပ်ခြင်း

အပေါ်နည်းလမ်း(၁)နဲ့ (၂) နည်းတွေကတော့ အမာရှောင်ရမှာဖြစ်ပြီး နည်းလမ်း(၃) ကတော့ မာတဲ့အရာတွေပါ ကိုက်တာစားတာမျိုး လုပ်လို့ရပါတယ်။ 

သွားပုံစံယူပြီးနောက်တခေါက်လာရန်လိုအပ်ပါတယ်။

ကုန်ကျစရိတ်က တချောင်း၇၀၀၀၀ ကနေစရှိပါမယ်

 

(၄) သွားညှိကုသခြင်း

သွားညှိကုသခြင်းကတော့ ရေရှည်ကုသနည်းတခုဖြစ်ပြီး ကုသချိန် ၁နှစ်/၁နှစ်ခွဲ ဝန်းကျင်ကြာပါတယ်

အချိန်ပေးနိုင်သူတွေအတွက် အကောင်းဆုံးပါဘဲ။ ကိုယ်ရွေးချယ်တဲ့ Braces ပေါ်မူတည်ပြီး ကုန်ကျစရိတ် ၁၂ သိန်းဝန်းကျင်ကနေစပြီး ရှိပါတယ်

 

⇐ Previous Next

Read 2604 times