Health & Beauty

IQ, EQ ,SQ နဲ့ AQ လို့ခေါ်ကြတဲ့ 4 Quotients

4 Quotients called IQ, EQ, SQ and AQ

IQ ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကြားဖူးကြမှာပါ။IQ မြင့်တယ်၊နိမ့်တယ် အစရှိသဖြင့်ပေါ့။အဲ့ဒါဆို EQ , IQ ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကဘာလဲ?  ဘယ်လိုအရာမျိုးတွေကို ခေါ်တာလဲ ဆိုတာတွေကိုရော သိပြီးကြပြီလား? ပြီးတော့ အဲ့ဒီနှစ်မျိုးအပြင် SQ နဲ့ AQ ဆိုတဲ့ စကားလုံးတွေကိုရော ရင်းနှီးကြရဲ့လား?မသိရင်တော့ အောက်မှာတစ်ခုချင်းစီ ဖတ်ကြည့်လိုက်ပါ…

 

IQ ဆိုတာ ?

 

ပထမဆုံးအနေနဲ့ Intelligence Quotient လို့ခေါ်တဲ့ IQ နဲ့စတင်လိုက်ပါမယ်။ IQ ကတော့အားလုံးနီးပါးသိရှိထား ကြတဲ့အတိုင်း လူတစ်ယောက်ရဲ့ဉာဏ်ရည်ကို တိုင်းတာတဲ့စွမ်းရည်တစ်ခုပါ။ မှတ်ဉာဏ်တွေတစ်စုံတစ်ရာကို မှတ်သားပြီး ပြန်လည်ပြောပြတာတွေ ပဟေဠိတွေကိုဖြေရှင်းတာမျိုးတွေကို IQ နဲ့တိုင်းတာသတ်မှတ်လို့ရပါတယ်။အတိုချုံးပြောရရင်လူတစ်ယောက်ရဲ့မှတ်ဉာဏ်ကို တိုင်းတာလို့ရတဲ့ စွမ်းရည်တစ်ခုပါ။ လူတစ်ယောက်က IQ ဘယ်လောက်ရှိလဲဆိုတာ IQ test တွေကနေ အလွယ်တကူသိရှိနိုင်ပြီးတော့ ကိန်းဂဏန်းတွေနဲ့လည်းဖော်ပြကြပါတယ်။ ကိုယ့်ရဲ့ IQ ဘယ်လောက်ရှိလဲဆိုတာကို Google မှာ အလွယ်တကူရှာပြီး စစ်ဆေးနိုင်ပါတယ်။ 

 

 

EQ ဆိုတာ ?

 

နောက်တစ်ခုကတော့ Emotional Quotient လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စွမ်းရည်တစ်ခုပါ။ အခုနောက်ပိုင်းမှာ EQ အကြောင်းတွေကိုလည်း အကျယ်တဝင့် ဖော်ပြလာကြပြီးတော့ လူတိုင်းနီးပါး သိနားလည်လာကြပါပြီ။ ဒါတွေကဘာတွေလဲဆိုရင် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို သိနိုင်တဲ့စွမ်းရည်ပါ။လူတစ်ယောက် EQ ကောင်းမကောင်းဆိုတာကို ရုတ်တရက် မသိနိုင်သလို အချိန်ခဏလေးနဲ့လဲ လွယ်လင့်တကူမသိနိုင်ပါဘူး။ Leadership လို့ခေါ်တဲ့ ခေါင်းဆောင်နိုင်တဲ့စွမ်းရည်တွေ စိတ်ခွန်အားတွေ ပြီးတော့ သူတစ်ပါးကို ကိုယ်ချင်းစာစိတ်တွေ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတွေဆိုတာ EQ စွမ်းရည်ကောင်းမကောင်း ပေါ်မူတည်ပါတယ်

 

 

 

SQ ဆိုတာ ?

 

နောက်တစ်ခုကတော့ SQ လို့ခေါ်တဲ့ Social Quotient ပါ။အရှင်းဆုံး ဖွင့်ဆိုရရင်တော့ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီးတော့ အချိန်တစ်ခုကြာတဲ့ထိ ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်လို့ ခေါ်လို့ရပါတယ်။အခုခေတ်ဆိုရင် မိတ်ဆွေဖွဲ့ဖို့ဆိုတာ အရမ်းကိုလွယ်ကူပါတယ်။ Facebook, Instragram စတဲ့ social media တွေကနေ တောင် မိတ်ဆွေသူငယ်ချင်းတွေ ရနိုင်နေတာဆိုတော့ အရမ်းကြီး မခက်ခဲပါဘူး။ SQ ကျတော့ ဘာထပ်ကွာသွားလဲဆိုတော့ အဲ့ဒီ relationship ကို အချိန်အကြာကြီးထိ ထိန်းသိမ်းထားနိုင်တဲ့စွမ်းရည်ပါ။ရင်ဖွင့်တာတွေ ဝမ်းနည်းမှု ဝမ်းသာမှုတွေကို အတူတူ ဝေမျှေပေးနိုင်တာကိုလည်း SQ လို့ခေါ်လို့ရပါတယ်။

 

AQ ဆိုတာ ?

 

နောက်ဆုံးတစ်ခုဖြစ်တဲ့ Adversity Quotient ကိုတော့ ကြားဖူးတဲ့သူ နည်းကြမယ်လို့ထင်ပါတယ်။ သူကတော့ အခက်အခဲတွေ၊စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည်လို့ ဖွင့်ဆိုလို့ရပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေနိုင်ပြီးတော့ ဘဝကြီးကို ဒေါင်ကျကျ ပြားကျကျ ရှင်သန်နိုင်တာကို AQ လို့ခေါ်ပါတယ်။

 

⇐ Previous Next

Read 5249 times