နှစ်သစ်ကာလမှာ New Energy တွေကို အပြည့်အဝရရှိနေဖို့ဆိုရင် "Hair Transformation" လုပ်တာထက် ပိုမိုက်တဲ့ နည်းလမ်းမရှိပါဘူး။ ၂၀၂၆ ရဲ့ Hair Trends တွေကို ကြည့်ရသလောက်တော့ "Big Chop" လုပ်ပြီး ဆံပင်တိုတိုလေးနဲ့ လန်းချင်နေတဲ့သူတွေအတွက် Bob နဲ့ Pixie စတိုင်တွေက အခုထိ High Fashion ဖြစ်နေတုန်းပဲနော်။
ဒါမှမဟုတ် Retro Vibes လေးမှ ကြိုက်တယ်ဆိုရင်လည်း ၇၀ ခုနှစ်တွေရဲ့ Feathering ပုံစံမျိုး ဒါမှမဟုတ် ၉၀ ခုနှစ်တွေရဲ့ Volume အပြည့်နဲ့ Blowout စတိုင်တွေက အခုပြန်ပြီး Trending ဖြစ်နေပါတယ်။ ဆံပင်အရှည်ကိုမှ ခပ်မိုက်မိုက် လှုပ်ခါနေတဲ့ပုံစံလေး လိုချင်ရင်တော့ Long Layers က အမြဲတမ်း No.1 ပါပဲ။ ၂၀၂၆ မှာ Glow Up ဖို့အတွက် အမိုက်စား ကေသာဒီဇိုင်းတွေကို စုစည်းပေးထားပါတယ်။ အားလုံးထက် ထူးခြားပြီး လန်းဆန်းတဲ့ Fresh Hair Energy တွေရဖို့ ဒီဆောင်းပါးလေးက ကူညီပေးပါလိမ့်မယ်။
Realsimple Website ကနေ ၂၀၂၆ ဇန်နဝါရီမှာ Wendy Rose Gould ရေးသားထားတာကို MY Yangon Team က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
၁။ Soft Textured Bob (နူးညံ့မှု အသားပေး Bob စတိုင်)
ဘယ်လို Bob စတိုင်မျိုးကိုပဲရွေးရွေး၊ သင်ဟာ ခေတ်အမီဆုံး လူတန်းစားတစ်ရပ်ထဲမှာ ရှိနေမှာ အသေအချာပါပဲ။ အဲဒီထဲမှာမှ လူတိုင်းနဲ့လိုက်ဖက်ပြီး စမ်းကြည့်ဖို့ အသင့်တော်ဆုံးကတော့ ပုခုံးဝဲရုံလေး ညှပ်ထားတဲ့ Versatile "Lob" (Long Bob) ပုံစံပဲ ဖြစ်ပါတယ်။
Celebrity Stylist တစ်ဦးဖြစ်တဲ့ Ashley Nicole ကတော့ "ဒီဆံပင်စတိုင်က မျက်နှာကျကို အကောင်းဆုံး ပုံဖော်ပေးနိုင်သလို လှိုင်းတွန့် (Waves) အပျော့စားလေးတွေနဲ့ ပေါင်းစပ်လိုက်ရင် ဆံပင်ကို ပိုပြီး အသက်ဝင်စေကာ Dimension ရှိစေပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် သူက "ဒီပုံစံက ရုံးတက်တဲ့အခါပဲဖြစ်ဖြစ်၊ ညဘက် သူငယ်ချင်းတွေနဲ့ အပြင်သွားတာပဲဖြစ်ဖြစ်၊ Red Carpet ပွဲတက်တာပဲဖြစ်ဖြစ် ဘယ်နေရာ၊ ဘယ်အခြေအနေမျိုးနဲ့မဆို လိုက်ဖက်နေတာကြောင့် အမျိုးသမီးတိုင်းအတွက် အထူးသင့်တော်တဲ့ Perfect Cut တစ်ခုပါပဲ" လို့ ထောက်ခံပေးထားပါတယ်။

၂။ Curtain Bangs 2.0 (မျက်နှာကျကို ပိုပေါ်လွင်စေမဲ့စတိုင်)
Curtain Bangs တွေကတော့ အခုတစ်ခေါက်မှာ ပိုပြီး Smart ဖြစ်တဲ့ Version နဲ့ ပြန်လာပါပြီ။ အရင်ထက် ပိုရှည်ပြီး ပိုနူးညံ့တဲ့ အနားသတ်တွေက ဆံပင် Layer တွေကြားထဲမှာ သဘာဝအတိုင်း ရောဝင်သွားမှာဖြစ်လို့ မျက်နှာကျကို ပုံဖော်ပေးတဲ့နေရာမှာ အရမ်းကြီး တိကျလွန်း (Blunt ဖြစ်လွန်း) မနေဘဲ အလိုက်သင့်လေး လှနေမှာပါ။
Professional Hairstylist နဲ့ Goldie Locks ရဲ့ CEO ဖြစ်သူ Devin Graciano က "ဒီစတိုင်က မျက်လုံးကို ပိုပေါ်လွင်စေပြီး မျက်နှာကျရဲ့ အချိုးအစားကိုလည်း လှလှပပ မျှတသွားစေပါတယ်" လို့ ပြောထားပါတယ်။ ဒါ့အပြင် "ဒီ Update က လူတိုင်းနဲ့ လိုက်ဖက်မှုရှိပြီး ကိုယ့်ရဲ့ Look ကို ချက်ချင်း Bright ဖြစ်သွားစေချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ" လို့လည်း ဆိုပါတယ်။ ဆံပင်ကောက်သူ၊ လှိုင်းတွန့်ရှိသူနဲ့ ဆံပင်အဖြောင့်သမားတွေပါမကျန် လိုက်ဖက်ပြီး Lived-in Texture လေးနဲ့ တွဲလိုက်ရင် ပိုပြီး Fresh ဖြစ်တဲ့ ခံစားမှုကို ရစေမှာပါ။

၃။ Long, Luxe Layers (နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ဆံပင်အရှည် Layer စတိုင်)
ဆံပင် Extensions (ဆံပင်ဆက်တာ) ပဲ သုံးသုံး၊ ဒါမှမဟုတ် ရှိပြီးသား ဆံပင်အရှည်ကြီးကိုပဲ Layers ပေးပြီး ပေါ့ပါးအောင်လုပ်လုပ်၊ ဒီလို နူးညံ့တဲ့ Layer အရှည်လေးတွေရဲ့ စွမ်းအားကိုတော့ လျှော့မတွက်လိုက်နဲ့နော်။
Salon Beau ရဲ့ ပိုင်ရှင် Sean Michael က "Soft Luxe Layers တွေက ဆံပင်ကို ထုထည်ရှိနေစေသလိုပဲ တစ်ချက်လှုပ်လိုက်တိုင်းမှာ နူးညံ့ပြီး စီးဆင်းနေတဲ့ Movement မျိုးကို ပေးစွမ်းနိုင်ပါတယ်" လို့ ရှင်းပြထားပါတယ်။ ဒီလိုညှပ်ထားတဲ့ပုံစံဟာ မျက်နှာကျကို နူးနူးညံ့ညံ့လေး ဝန်းရံပေးထားပြီး သဘာဝအတိုင်း ရောယှက်နေစေမှာပါ။ ဆံပင်တွေ ပြန်ရှည်လာရင်တောင် ပုံပျက်မသွားဘဲ လှနေမှာဖြစ်လို့ "High-end Look" လို့တောင် ဆိုနိုင်ပါတယ်။

၄။ Playful Wispy Pixie (ပေါ့ပါးလန်းဆန်းတဲ့ Pixie အတိုစတိုင်)
ဆံပင်တွေကို အကုန်ညှပ်ထုတ်ပစ်လိုက်ချင်စိတ် ပေါက်နေပြီလား? ဒါဆိုရင်တော့ ဒါဟာ သင့်အတွက် Signal ပါပဲ။ Stylist ဖြစ်သူ Nicole က "ဒီ Playful Pixie စတိုင်က တိကျလွန်းတဲ့ မျဉ်းကြောင်းတွေထက် နူးညံ့မှုနဲ့ လှုပ်ရှားမှုရှိနေတဲ့ သွင်ပြင်ကို ပိုဦးစားပေးထားတာပါ" လို့ ဆိုပါတယ်။
ဒီလို ဆံပင်ညှပ်ပုံစံက ပေါ့ပေါ့ပါးပါးရှိတဲ့ Layer လေးတွေနဲ့ ပုံဖော်ထားတာဖြစ်လို့ ဆံပင်ကို Texture ရှိစေသလို ကိုယ့်ရဲ့ Personality ကိုလည်း ပိုပေါ်လွင်စေပါတယ်။ "Pixie စတိုင်ကိုမှ ပုံစံမျိုးစုံ ပြောင်းလို့ရတာမျိုး နှစ်သက်တယ်၊ ပြုပြင်ထိန်းသိမ်းရတာလည်း သိပ်မရှုပ်ချင်ဘူးဆိုရင် ဒါက အသင့်တော်ဆုံးပါပဲ" လို့ Nicole က ထောက်ခံထားပါတယ်။

၅။ Luxe Blunt Bob (ပြတ်သားပြီး ခန့်ညားတဲ့ Bob အညှပ်စတိုင်)
သပ်သပ်ရပ်ရပ်နဲ့ Chic ဖြစ်ဖြစ်လေး လန်းချင်သူတွေအတွက်ကတော့ Luxe Blunt Bob က အသင့်တော်ဆုံးပါပဲ။ ညှပ်ရိုးနားလောက်မှာ အတိလေးဖြစ်နေပြီး Layer တွေ အများကြီး မပါဝင်ဘဲ အောက်နားသတ်ကို တိတိလေး ညှပ်ထားတဲ့ပုံစံမျိုးပါ။
Graciano က "ဒီစတိုင်က တစ်ချက်ကြည့်လိုက်တာနဲ့တင် အရမ်းကို သပ်ရပ်ပြီး စမတ်ကျနေစေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာကို ဒီဆံပင်စတိုင်က ဖော်ပြပေးနေပါလိမ့်မယ်" လို့ ဆိုထားပါတယ်။ ဆံပင်ဖြောင့်တဲ့သူတွေ ဒါမှမဟုတ် သပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျနေတဲ့ Blowout ပုံစံမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။

၆။ Voluminous Mid-Length Cut (ထုထည်အပြည့်နဲ့ အလယ်အလတ်စားစတိုင်)
၂၀၂၆ ရဲ့ အလန်းဆုံး Trend တွေထဲမှာ ဆံပင်ကို ထုထည် (Volume) အပြည့်နဲ့ ထားတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ကောက်ကြောင်းလေးတွေနဲ့ Texture တွေက ဆံပင်ကို ပိုပြီး ထူထဲသယောင်ရှိစေသလို နုပျိုတက်ကြွတဲ့ အသွင်ကိုလည်း ဆောင်စေပါတယ်။
Celebrity Hairstylist Suzette Boozer က "၂၀၂၆ ဟာ Volume တွေ ပြန်ခေတ်စားမယ့် နှစ်ပါပဲ" လို့ ဆိုပါတယ်။ ၇၀ နဲ့ ၈၀ ခုနှစ်တွေရဲ့ Retro စတိုင်ကို အခြေခံပြီး အခုခေတ် ဆံပင်အရှည် အလတ်စားစတိုင်တွေနဲ့ ပြန်လည်ဆန်းသစ်ထားတာပါ။ ကိုယ့်ရဲ့ Confidence ကို အပြည့်အဝပြသနိုင်မယ့် Big Hair Energy ပဲ ဖြစ်ပါတယ်။

၇။ Shag Lite (ပေါ့ပါးလန်းဆန်းတဲ့ Shag ပုံစံသစ်)
Modern Shag စတိုင်တွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရေပန်းစားခဲ့တာပါ။ ၂၀၂၆ မှာတော့ "Shag Lite" ဆိုတဲ့ ပုံစံသစ်က ထိပ်ဆုံးကနေ ထပ်ပြီး Trending ဖြစ်လာဦးမှာပါ။ ဒီစတိုင်က မျက်နှာဝန်းကျင်နဲ့ ထိပ်ပိုင်းမှာ Layer အတိုလေးတွေ ပါဝင်ပြီး အောက်နားကိုတော့ အရှည်လေး ထားပေးရတဲ့ ပုံစံမျိုးပါ။
"ပါးရိုးနားလောက်မှာ ဝဲနေမယ့် Curtain Bangs လေးတွေ ပါဝင်သလို၊ ထိပ်ပိုင်းမှာလည်း Volume အနည်းငယ် ပါပါတယ်။ ဆံပင်အတွင်းပိုင်းကို Layer ခပ်ပါးပါးလေးတွေ ပေးထားတာကြောင့် ဆံပင်က လေးလံမနေဘဲ သဘာဝအတိုင်း လှုပ်ခါနေမှာပါ" လို့ Michael က ရှင်းပြပါတယ်။ Full Shag စတိုင်ကို အဆုံးထိ မသွားချင်ဘဲ လှပတဲ့ အချိုးအစားနဲ့ Movement ကို လိုချင်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

၈။ Micro Bob (စမတ်ကျကျနဲ့ လန်းစေမဲ့ Bob အတိုလေး)
Pixie Cut လောက်တော့ မတိုဘဲ မေးရိုးတစ်ဝိုက်လောက်မှာရှိမယ့် Micro Bob ကတော့ ပြတ်သားပြီး သပ်ရပ်တဲ့ ပုံစံမျိုးပါ။ အောက်နားသတ်တွေကို အတိ (Blunt) ညှပ်ထားလို့ ပုံကျနေစေသလို အတွင်းပိုင်း Layer လေးတွေကြောင့် ဆံပင်က အလိုက်သင့်လေး လှုပ်ခါနေမှာပါ။
Michael က "ဒီဆံပင်စတိုင်က တိကျတဲ့ ညှပ်ကွက်တွေနဲ့ ပြောင်ချောနေတဲ့ Finish မျိုးကို အသားပေးထားတာကြောင့် စမတ်ကျတဲ့ Look မျိုးကို ရစေမှာပါ" လို့ ဆိုပါတယ်။ ဆံပင်ကို အရမ်းတိုတိုကြီး မညှပ်ချင်ပေမယ့် ထူးခြားတဲ့ အပြောင်းအလဲတစ်ခုကို လိုချင်သူတွေအတွက် ဒါဟာ ကွက်တိပါပဲ။ နေ့တိုင်း ဆံပင်ပြင်ရတာ သိပ်မရှုပ်ဘဲ အမြဲတမ်း စတိုင်ကျနေချင်သူတွေအတွက် Perfect ဖြစ်မယ့် စတိုင်လေးပဲ ဖြစ်ပါတယ်။

ကဲ... ၂၀၂၆ အတွက် အမိုက်စား Hair Trends ၈ မျိုးကို ကြည့်ပြီးသွားပြီဆိုတော့ လေဒီတို့ ဘယ်စတိုင်ကို အကြိုက်ဆုံးလဲ? Big Chop လုပ်ပြီး ပေါ့ပါးသွားမလား ဒါမှမဟုတ် Retro Vibes နဲ့ပဲ ပြန်လည်ဆန်းသစ်မလားဆိုတာ My Yangon Facebook Page ရဲ့ Comment မှာ ပြောပြသွားခဲ့ဦးနော်။ နောက်ထပ်လည်း Trendy ဖြစ်လာမဲ့ Fashion အကြောင်းအရာတွေကို My Yangon မှာ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
Read 76 times