Things To Do

ယခုတစ်ပတ်ပိတ်ရက်များအတွင်း ပြုလုပ်ကျင်းပမဲ့ ရန်ကုန်မြို့က စတုဒီသာအလှူများ

Yangon “Satuditha” Free Meal Donations This Weekend (Jan 24–25)

ယခုတစ်ပတ်ပိတ်ရက်များအတွင်း ပြုလုပ်ကျင်းပမဲ့ ရန်ကုန်မြို့က စတုဒီသာအလှူများကို MY Yangon မှ စုစည်းတင်ပြလိုက်ပါတယ်။ ယခုဖော်ပြမှုဟာ လူမှုကွန်ရက်ပေါ်မှာ တွေ့ရှိထားတဲ့ စတုဒီသာ အလှူနေရာများကို တစ်စုတစ်စည်းတည်း ပြန်လည် ဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ သွားလာရင်း ဝင်ရောက်သုံးဆောင်လိုသူများ၊ မိသားစုနဲ့အတူ သွားရောက်လိုသူများအတွက် အဆင်ပြေစေရန်နှင့် အလှူရှင်များအဖို့ ကုသိုလ်များ ဆထက်တန်ပိုး ပိုမိုရရှိကြပါစေခင်ဗျာ …

 

(၁) ကျောက်တံတား — ဆိပ်ကမ်းသာလမ်း၊ အလယ်ဘလောက်။

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ ကြက်ပဲဟင်း
  • နေ့ရက် – ၂၄.၁.၂၀၂၆ စနေနေ့၊ ညနေ ၄း၀၀

 

(၂) မြောက်ဒဂုံ — ဖိုးရာဇာ ၂ လမ်း၊ ၄၃ ရပ်ကွက်။

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ ငါးပေါင်း
  • နေ့ရက် – ၂၄.၁.၂၀၂၆ စနေနေ့၊ ညနေ ၃း၀၀

 

(၃) ၄၈ လမ်း - အထက်လမ်း

  • စတုဒီသာ ဝေမည့်အစားအစာ – ထမနဲ
  • နေ့ရက် – ၂၄.၁.၂၀၂၆ စနေနေ့၊ မနက် ၉း၀၀

 

(၄) တောင်ဥက္ကလာ — အင်းဝ ၅ လမ်း

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ ဝက်သား၊ ဘဲဥ၊ ငါးပိထောင်း၊ သီးစုံပဲကုလားဟင်း၊ ရေခဲမုန့်၊ ကိတ်မုန့်
  • နေ့ရက် – ၂၅.၁.၂၀၂၆ တနင်္ဂနွေနေ့၊ ညနေ ၄း၀၀

 

(၅) မြောက်ဒဂုံ — ဘုရင့်နောင်လမ်း၊ အထက ၃ ကျောင်းရှေ့

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ သီးစုံပဲကုလားဟင်း၊ ဘဲဥဟင်း၊ ငံပြာရည်ကြော်၊
  • နေ့ရက် – ၂၅.၁.၂၀၂၆ တနင်္ဂနွေနေ့၊ ညနေ ၄း၀၀

 

သတိပြုရန်

  • အချိန်အနည်းငယ် ကွာခြားနိုင်ပါသည်
  • လူများနိုင်သည့်နေရာများတွင် စနစ်တကျ တန်းစီပါရန်
  • သန့်ရှင်းရေးနှင့် လမ်းဘေးအန္တရာယ်ကို သတိပြုပါရန်

 

MY Yangon Readers များအတွက် နောက်ထပ် စတုဒီသာ အလှူနေရာများ သိရှိပါက MY Yangon Guide Facebook Page သို့ message ပို့ပြီး မျှဝေနိုင်ပါတယ်။

 

*ယခုဖော်ပြထားသော စတုဒီသာ အလှူနေရာများမှာ Facebook ပေါ်ရှိ Group များတွင် တွေ့ရှိရသော အချက်အလက်များကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

 

စတုဒီသာအလှူများ

Satuditha

 

Satuditha

 

Satuditha

 

Satuditha

 

 

 

⇐ Previous

Read 51 times