ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကား (မှော်မျက်နှာဖုံး နှင့် ပန်းခင်းထဲက ပျိုးသောပန်း) တို့ ရုံဝင်ပြီး နိုင်ငံခြားဇာတ်ကားသစ် ၂ ကား (Unexpected Family & Border 2) လည်း ရုံဝင်လာပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ မြန်မာ နှင့်နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများကိုလည်း ဆက်လက်ပြသလျက် ရှိပါတယ်။
မြန်မာကားသစ် ၂ ကားရဲ့ အကြောင်းကို MY Yangon ရဲ့ ပရိသတ်တို့ကို အကျဉ်းဖော်ပြရရင် ‘မှော်မျက်နှာဖုံး’ ဇာတ်ကားက ပျော်ရွှင်စွာနဲ့ ရယ်မောရင်းကြည့်ရှုရမဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ မှော်အစွမ်းတွေနဲ့ ပြည့်နေတဲ့ အင်းဝခေတ်က မျက်နှာဖုံးတစ်ခုကို ကမ္ဘာပေါ်မှာ တစ်ချောင်းတည်းရှိတဲ့ သော့နဲ့ ဖွင့်လိုက်တဲ့အခါ ဘာတွေ ဖြစ်ကုန်မလဲ? ဘယ်လိုတွေ ဟာသဖြစ်ကြမလဲ? ဘယ်လိုဇာတ်ပေါင်းမလဲ? ဆိုတာတွေကို မြူးမြူးကြွကြွ ရယ်မောစရာ ဇာတ်ကွက်တွေကြား စိတ်လက်ပေါ့ပါးစွာ အပန်းဖြေ ကြည့်ရှုရမှာပါ။ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် ကျော်ရဲအောင်၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရတနာဗိုလ်၊ ချိုပြုံးတို့ အဓိက သရုပ်ဆောင်ထားပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ ညီလေး ရဲ့ ဇာတ်လမ်းကို နေစိုးသော်၊ လွင်မင်းအံ့တို့က ဇာတ်ညွှန်းခွဲကာ ဒါရိုက်တာ ဩရသမှ ရိုက်ကူးထားပါတယ်။ ‘ပန်းခင်းထဲကပျိုးသောပန်း’ ဇာတ်ကားကတော့ စာသင်ခန်းဆိုတာ စာသင်ရုံတင်မကဘဲ ဘဝတွေကို ပြောင်းလဲပေးတဲ့နေရာဖြစ်ကြောင်းကို အများပြည်သူတို့ နားလည်သိရှိစေဖို့ အားထုတ်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ အခက်အခဲပေါင်းစုံကြားက ကလေးတွေကို လက်တွဲမဖြုတ်ဘဲ အောင်မြင်မှုလမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ ဆရာမတွေရဲ့ စေတနာအပြည့်နဲ့ ကျောင်းတော်က ပေးလိုက်တဲ့ အသိပညာတွေနဲ့အတူမျိုးဆက်သစ်လေးတွေရဲ့အကြောင်းကို ရုပ်ရှင်ချစ်သူတို့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်များက သူထူးစံ၊ အောင်လေး၊ သျှင်းမြတ်၊ ပိုင်စစ်မှူး၊ အိစိကွေး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ လင်းလက်ခွန်ချိူ၊ မာဂရက် တို့ဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ ဇာတ်လမ်းနှင့်ဒါရိုက်တာ သာထက်(လမင်းသာ) ဖြစ်ပြီး ဇာတ်ညွန်းက မင်းတခေတ်၊ ခေတ်ပျိုဖြူတို့ပါ။

နိုင်ငံခြားဇာတ်ကားသစ် ၂ ကားရဲ့ အကြောင်းကတော့ Unexpected Family ဇာတ်လမ်းလေးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရတဲ့ အိမ်ရှင်အဘိုးအို Ren Jiqing (မင်းသားကြီး Jackie Chan) နဲ့ လူငယ်လေးတစ်ယောက်ရဲ့ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ မိသားစုတစ်ခုရဲ့ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းတွေကို မြင်တွေ့ရမှာပါ။ မိသားစု ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တဲ့အပြင် မင်းသားကြီး Jackie Chan က ဖခင်တစ်ဦးရဲ့ ချစ်ချင်းမေတ္တာတွေကို အကောင်းဆုံး ပုံဖော်သရုပ်ဆောင်ထားတာကြောင့် နိုင်ငံတကာရုပ်ရှင်ချစ် ပရိသတ်တို့ စိတ်လက်ကြည်သာစွာနဲ့ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Border 2 ဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲအတွင်း အိန္ဒိယလူငယ်တိုက်ခိုက်ရေးသမားများရဲ့ ထိုးနှက်မှုတွေကိုကာကွယ်ရင်း ကြီးမားတဲ့စစ်ပွဲကြီးကို ဘယ်လိုရပ်တန့်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။
မင်္ဂလာရုပ်ရှင်ရုံများတွင် (၂၃.၁.၂၀၂၆) မှ (၂၉.၁.၂၀၂၆) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -
မှော်မျက်နှာဖုံး
ပန်းခင်းထဲက ပျိုးသောပန်း
Unexpected Family
Border 2
လိပ်ပြာခွဲချိန်
နယူးအော်လံ
ရွာဂေါ်
မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်
28 Years Later: The Bone Temple တို့ ဖြစ်ပါတယ်။
MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။
Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...
ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။




.
Read 59 times