Entertainment

ချစ်ခြင်း၊ မုန်းခြင်းနဲ့ လက်စားချေမှုတို့ရဲ့ မုန်တိုင်း - "Wuthering Heights" (2025)

A Storm of Love, Hate, and Revenge: "Wuthering Heights" (2025)

ဂန္ထဝင်စာပေဝါသနာအိုးတွေရော၊ ရုပ်ရှင်ချစ်သူတွေပါ စောင့်မျှော်နေကြတဲ့ Emily Brontë ရဲ့ နာမည်ကျော် Gothic အချစ်ဝတ္ထု "Wuthering Heights" ဟာ အခုတစ်ခေါက်မှာတော့ ပိုမိုတောက်ပြောင်တဲ့ ကြယ်ပွင့်တွေနဲ့အတူ ပိတ်ကားထက်ကို ရောက်ရှိလို့လာတော့မဲ့အကြောင်း MY Yangon က သတင်းပေးလိုက်ပါတယ်။

 

ဘယ်သူတွေပါဝင်လဲ?

ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် Catherine Earnshaw အဖြစ် လူတိုင်းချစ်တဲ့ Margot Robbie က သရုပ်ဆောင်ထားပြီး၊ ခက်ထန်မာကျောတဲ့ Heathcliff အဖြစ်နဲ့တော့ Saltburn ရဲ့ မင်းသားချော Jacob Elordi ကို မြင်တွေ့ရမှာပါ။ ဒါရိုက်တာကတော့ Oscar ဆုရ Promising Young Woman ကို ရိုက်ကူးခဲ့တဲ့ Emerald Fennell ဖြစ်တာကြောင့် ဒီတစ်ခေါက် "Wuthering Heights" ဟာ အရင် Version တွေနဲ့မတူဘဲ ဘယ်လိုထူးခြားတဲ့ ရိုက်ချက်တွေ၊ အမြင်အသစ်တွေနဲ့ လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။

 

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကတော့ အင်္ဂလန်နိုင်ငံရဲ့ ဝေးလံပြီး လေပြင်းထန်တဲ့ ကုန်းမြင့်ဒေသတစ်ခုမှာ စတင်ပါတယ်။ Earnshaw မိသားစုက ကောက်ယူမွေးစားထားတဲ့ လမ်းဘေးကောင်လေး Heathcliff နဲ့ အိမ်က သမီးဖြစ်သူ Catherine တို့ရဲ့ သံယောဇဉ်ဟာ ကလေးဘဝကတည်းက စတင်ခဲ့တာပါ။ ဒါပေမဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ခွဲခြားမှုတွေ၊ မာနတွေနဲ့ အထင်လွဲမှုတွေကြားမှာ သူတို့ရဲ့အချစ်ဟာ လှပတဲ့ပန်းခင်းကြီး မဟုတ်ခဲ့ပါဘူး။ ချစ်လွန်းလို့ မုန်းရတဲ့ဘဝ၊ မရရှိနိုင်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လက်စားချေလိုစိတ်တွေက သူတို့နှစ်ဦးတင်မကဘဲ မျိုးဆက်နှစ်ခုစာအထိ ဘယ်လိုမျိုး မုန်တိုင်းထန်စေမလဲဆိုတာ သိပ်စိတ်ဝင်စားစရာကောင်းလှပါတယ်။

 

ဘာကြောင့် ကြည့်သင့်တာလဲ?

  • Cast အလန်းစား: Margot Robbie နဲ့ Jacob Elordi တို့ရဲ့ Chemistry ကို တစ်ခါမှမမြင်ဖူးသေးတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။
  • Visual နဲ့ Art Direction: ပိုစတာကတည်းက မြင်ရတဲ့အတိုင်း ခေတ်ဟောင်းအငွေ့အသက်ကို ခေတ်သစ်ရိုက်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် မျက်စိပသာဒ ဖြစ်စေမှာပါ။
  • Classic Twist: ဒါရိုက်တာ Emerald Fennell ရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ပုံမှန်မဟုတ်တဲ့ ရှုထောင့်ကနေ တင်ဆက်ထားမယ့် အလှည့်အပြောင်းတွေကို မျှော်လင့်ထားလို့ ရပါတယ်။

 

"ငါဟာ Heathcliff ပဲလို့ Catherine ပြောခဲ့တဲ့အတိုင်း သူတို့နှစ်ယောက်ရဲ့ ရူးသွပ်လွန်းတဲ့ အချစ်ဇာတ်လမ်းက ပရိသတ်တွေကို ရုပ်ရှင်ရုံထဲမှာ ဘယ်လောက်အထိ ဆွဲဆောင်သွားမလဲဆိုတာ သွားရောက်ကြည့်ရှုဖို့ MY Yangon က ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာအချက်တွေ မျှဝေပေးလိုက်ပါပြီနော်။

⇐ Previous Next

Read 82 times