Entertainment

ဒီတစ်ပတ် ရုံပြိုင်ဝင်မဲ့ ကားသစ် ၂ ကား — Animation Racing တစ်ကား၊ Action Drama တစ်ကား

Two New Films Arriving in Cinemas This Week — One Animation Racing Adventure, One Action Drama Thriller

ဒီတစ်ပတ်ရဲ့ သောကြာနေ့ (6 February 2026) ကျရင် ရုပ်ရှင်ရုံတွေမှာ genre မတူတဲ့ ရုပ်ရှင်ကားသစ်  ကား တစ်ပြိုင်နက် ဝင်ရောက်ပြသမှာဖြစ်ကြောင်း MY Yangon က မျှဝေပေးလိုက်ပါတယ်။ ကလေးကအစ လူကြီးထိ နှစ်သက်စွာ ကြည့်နိုင်မဲ့ animation racing adventure တစ်ကားနဲ့ အက်ရှင်အပြည့်ပါတဲ့ action drama thriller တစ်ကားတို့ပါပဲ။

 

Grand Prix of Europe — အရောင်စုံပြိုင်ပွဲအပြည့် Animation Adventure

မိသားစုတွေ ပျော်ပျော်ပါးပါး သားသား မီးမီးတို့နဲ့ အတူ ကြည့်နိုင်မဲ့ ဒီတစ်ပတ်ရဲ့ highlight တစ်ကားကတော့ Grand Prix of Europe ပါ။ ဒီကားမှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ဥရောပအကျော်ကြားဆုံး racing ပြိုင်ပွဲတစ်ခုထဲမှာ ပါဝင်ယှဉ်ပြိုင်သွားရင်း adventure တွေ၊ ဟာသဆန်ဆန် moments တွေနဲ့ စိတ်လှုပ်ရှားစရာအခန်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။

Animation style ကလည်း အရောင်စုံတောက်ပပြီး family-friendly vibe ဖြစ်တာကြောင့် ကလေးတွေနဲ့အတူ ကြည့်ဖို့သာမက စိတ်ပင်ပန်းတဲ့နေ့တွေမှာ ပေါ့ပေါ့ပါးပါး entertain လုပ်ချင်သူတွေအတွက်ပါ သင့်တော်တဲ့ movie choice တစ်ခုလို့ ဆိုလိုက်ပါရစေ။

 

The Last Shot — Action Drama နဲ့ တင်းမာမှုအပြည့် Thriller

စိတ်လှုပ်ရှားဖွယ် action drama မျိုးကြိုက်သူတွေအတွက်တော့ The Last Shot က ဒီတစ်ပတ် watchlist ထဲ ထည့်ထားသင့်တဲ့ကားပါ။ ဒီကားက မစ်ရှင်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုနဲ့ မရိုးရှင်းတဲ့အခြေအနေတွေကြားထဲက လူတစ်ယောက်ရဲ့ နောက်ဆုံးကြိုးစားမှုကို အခြေခံထားတဲ့ thriller ပုံစံဖြစ်ပါတယ်။

ဇာတ်လမ်းအတွင်း tension ပြင်းပြင်းနဲ့ မထင်မှတ်တဲ့အခြေအနေတွေ ပါဝင်လာနိုင်တဲ့အတွက် ပရိသတ်တွေကို အစကနေအဆုံးထိ စိတ်ဝင်စားစေမယ့် action-driven drama vibe ကို ခံစားရနိုင်မှာပါ။

 

ဒီတစ်ပတ် ဘယ်ကားရွေးမလဲ?

  • Family-friendly animation & racing adventure ကြိုက်ရင် → Grand Prix of Europe
  • Action drama + thriller tension ကြိုက်ရင် → The Last Shot

Genre မတူတဲ့ movie  ကားကို ဒီတစ်ပတ် (6.2.2026) ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ပြသသွားမှာဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ ကိုယ့်စိတ်ကြိုက် style နဲ့ ရွေးချယ်ကြည့်ရှုနိုင်ပါတယ်လို့ MY Yangon ကနေ ညွှန်းဆိုလိုက်ပါတယ်။

.

⇐ Previous

Read 21 times