ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကား (ပဲ့တင်သံ နှင့် ဖြစ်ချင်ဦးဟဲ့ အလှမယ်) တို့ ရုံဝင်ပြီး နိုင်ငံခြားဇာတ်ကားသစ် ၂ ကား (Mercy & Mardanni 3) လည်း ရုံဝင်လာပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ မြန်မာ နှင့်နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ပြသလျက် ရှိပါတယ်။
မြန်မာကားသစ် ၂ ကားရဲ့ အကြောင်းကို MY Yangon ရဲ့ ပရိသတ်တို့ကို အကျဉ်းဖော်ပြရရင် ပထမ ပဲ့တင်သံအကြောင်း စပြောပါမယ်။ တချိန်က မြန်မာနိုင်ငံ ဧရာဝတီတိုင်းကို အဓိကထားပြီး တိုက်ခတ်ခဲ့တဲ့ နာဂစ်ဟာ မုန်တိုင်းတစ်ခုတည်းသာ မဟုတ်ခဲ့ပါဘူး။ ဘဝတွေကို ပြောင်းလဲသွားစေခဲ့တဲ့ အတိတ်ဆိုးတစ်ခုပါ။ ဧရာ၀တီတိုင်း လပွတ္တာ ကနေ ငါးမိုင်လောက်ဝေးတဲ့ ရွာငယ်လေး ၊ ရွာလုံးကျွတ်နီးပါး နာဂစ်မုန်တိုင်းမှာ ပါသွားခဲ့ကြပြီး အသက်ရှင်သန်ခဲ့သူတစ်ချို့ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ခဲ့လဲ? နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီးနောက် ၁၈နှစ်ကြာမှာ ဖြစ်ပေါ်လာတဲ့ ဆရာမမစန္ဒာရဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် အေးချမ်းမောင်၊ မင်းဦး၊ တေဇလင်းရောင်၊ မေမီကိုကို၊ မျိုးသန္တာထွန်းတို့ အဓိက သရုပ်ဆောင်ထားပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ စာရေးဆရာမ မစန္ဒာရဲ့ဝတ္ထုဇာတ်လမ်းကို လွင်မင်းအံ့က ဇာတ်ညွှန်းခွဲကာ ဒါရိုက်တာကောင်းဇံမှ ရိုက်ကူးထားပါတယ်။ ‘ဖြစ်ချင်ဦးဟဲ့ အလှမယ်’ ဇာတ်ကားကတော့ ပျော်ရွှင်စွာကြည့်ရမဲ့ မြူးမြူးကြွကြွဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်များက လွှမ်းပိုင်၊ ထူးအံ့လွင်၊ ဇော်ရှိုင်းထက်၊ ဗီတာမင်၊ ဂျိုကာ၊ စိုးမြတ်သူဇာ၊ သဲစုညိမ်း၊ မေမီလင်း တို့ဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွန်းက စွမ်းပိုင်၊ ရွှန်းမီမီထက်ဖြစ်ပြီး ဒါရိုက်တာက ကြည်သာ၊ စွမ်းပိုင် တို့ပါ။

နိုင်ငံခြားဇာတ်ကားသစ် ၂ ကားရဲ့ အကြောင်းမှာ Mardaani 3 ကို စပြောပါမယ်။ Bollywood သရုပ်ဆောင် Rani Mukerji ရဲ့တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Mardaani 3 ကိုလာမည့် January 30 ရက်နေ့မှာ စတင်ပြသသွားမှာဘဲဖြစ်ပါတယ်။ Mardaani နဲ့ Mardaani 2 တို့ဟာ Bollywood ပရိသတ်တွေကြားမှာ အလွန်အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်သလို Mardaani 3 မှာကော ယခင်ရုပ်ရှင်တွေထက် ပိုမိုလေးနက်ပြီး သည်းထိတ်ရင်ဖိုဆန်တဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Mercy ဇာတ်ကားမှာ Chris Pratt နဲ့ Rebecca Ferguson တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Sci-Fi/Thriller ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Mercy ဇာတ်ကားကြီးမှာ အနာဂါတ်ကာလမှာ ခေတ်မီတိုးတက်လာတာနဲ့အမျှ AI နည်းပညာစနစ်အောက်မှာ လူသားတွေကို ဘယ်လိုအဆုံးအဖြတ်ပေးမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားပါ။

မင်္ဂလာရုပ်ရှင်ရုံများတွင် (၃၀.၁.၂၀၂၆) မှ (၅.၂.၂၀၂၆) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -
ပဲ့တင်သံ
ဖြစ်ချင်ဦးဟဲ့အလှမယ်
Mardaani 3
Mercy
မှော်မျက်နှာဖုံး
ပန်းခင်းထဲက ပျိုးသောပန်း
မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်
Unexpected Family တို့ ဖြစ်ပါတယ်။
MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။
1.jpg)
Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...
ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။
1.jpg)
Read 55 times