လာမယ့် စနေနေ့မှာတော့ စာရေးဆရာမ သန်းမြင့်အောင် ရဲ့ စာအုပ်သစ် “လွမ်းဖွယ့်…” ကို မိတ်ဆက်တဲ့အနေနဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲနဲ့ စာပေအနုပညာမိတ်ဆွေတွေ တွေ့ဆုံနိုင်မဲ့ အချိန်လေးတစ်ခုကို The Lantern House (TLH) မှာ ကျင်းပသွားမဲ့အကြောင်း MY Yangon က စာပေချစ်သူများကို လမ်းညွှန်လိုက်ပါတယ်။
ဆရာမသန်းမြင့်အောင်ကို ချစ်ခင်လေးစားသူများ၊ စာဖတ်ပရိသတ်များကို The Lantern House (TLH) က လေးစားစွာ ဖိတ်ခေါ်ထားပါတယ်။ စာအုပ်ရဲ့ဈေးနှုန်းကိုလည်း မည်သူမဆို ဝယ်ယူဖတ်ရှုနိူင်ရန် အလွန်သက်သာသောဈေးနှုန်းတစ်ခုဖြင့် ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီပွဲလေးမှာ ကော်ဖီနဲ့ ထမနဲကို သုံးဆောင်ခွင့်လည်း ရရှိဦးမှာ ဖြစ်တာကြောင့် အခုလာမဲ့ စနေနေ့ နေ့လယ်ခင်းမှာ ဆရာမနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံရင်း စာပေအနုပညာရပ်ဝန်းတစ်ခုနဲ့အတူ စိတ်ကြည်လင်လန်းဆန်းစွာ အချိန်ကုန်ဆုံးနိုင်မှာ ဖြစ်ပါတယ်။

Event Information
The Lantern House @classic art area
W1-16, West Wing, The Secretariat, Yangon
Gate 6, Bo Aung Kyaw Street
31 January 2026 (Saturday)
1:00 PM – 3:00 PM

Read 43 times