Things To Do

ဒီတစ်ပတ် ပိတ်ရက်များဖြစ်တဲ့ ၃၁.၁.၂၀၂၆ နှင့် ၁.၂.၂၀၂၆ တို့အတွက် ရန်ကုန်မြို့ရှိ စတုဒီသာ အလှူများ စုစည်းမှု

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

ယခုတစ်ပတ်မှာ ရန်ကုန်မြို့အနှံ့ပြုလုပ်မဲ့ စတုဒီသာ အလှူများကို ပြန်လည် စုစည်းဖော်ပြပေးလိုက်ပါတယ်။ သွားလာရင်း ဝင်ရောက်သုံးဆောင်လိုသူများ၊ မိသားစုနဲ့အတူ သွားရောက်လိုသူများအတွက် လူမှုကွန်ရက်ပေါ်မှာ တွေ့ရှိထားတဲ့ စတုဒီသာ အလှူနေရာများကို တစ်စုတစ်စည်းတည်း ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ စတုဒီသာအလှူရှင်များလည်း ကုသိုလ်များစွာ ရရှိပြီး ပို၍လှူနိုင်ကြပါစေ။

 

(၁) ပုဇွန်တောင် — နေကြာသာယာကုန်းလမ်း (မဆလာစက်မှတ်တိုင်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ ကြက်သား၊ ဘူးသီး၊ သရက်ချဉ်သုပ်
  • နေ့ရက် – ၃၁.၁.၂၀၂၆ စနေနေ့၊ ညနေ ၃ နာရီ။

 

(၂) မြောက်ဒဂုံ — မြတ်လေးလမ်း (၄၁ ရပ်ကွက်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ကြာဇံချက်
  • နေ့ရက် – ၃၁.၁.၂၀၂၆ စနေနေ့၊ နံနက် ၈ နာရီ။

 

(၃) ဒဂုံဆိပ်ကမ်း - ကမ်းသာယာလမ်း (၉၃ ရပ်ကွက်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမင်း၊ ကြက်သားဆီပြန်၊ ဘာလချောင်ကြော်၊ သရက်ချဉ်သုပ်
  • နေ့ရက် – ၃၁.၁.၂၀၂၆ စနေနေ့၊ နံနက် ၁၀ နာရီခွဲ။

 

(၄) အလုံ - ထော်လီကွေ့မှတ်တိုင်

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ကြက်သားဆန်ပြုတ်၊ အီကြာကွေး
  • နေ့ရက် – ၃၁.၁.၂၀၂၆ စနေနေ့၊ ညနေ ၄ နာရီ။

 

(၅) မရမ်းကုန်း — ပါရမီလမ်း (၁၀ ရပ်ကွက်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – နှမ်းမနဲ
  • နေ့ရက် – ၁.၂.၂၀၂၆ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီ။

 

(၆) ဗဟန်း — မဟာမြင့်မိုရ်လမ်း (ဦးချစ်မောင်လမ်းမကြီး -လမ်းဆုံမှတ်တိုင်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ဘဲဥဆီပြန်၊ သီးစုံပဲကုလားဟင်း၊ ငါးပိသုပ်
  • နေ့ရက် – ၁.၂.၂၀၂၆ တနင်္ဂနွေနေ့၊ ညနေ ၄ နာရီ။

 

(၇) ၄၉ လမ်း (အထက်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမနဲ၊ ကော်ဖီ
  • နေ့ရက် – ၁.၂.၂၀၂၆ တနင်္ဂနွေနေ့၊ နံနက် ၈ နာရီ။

 

(၈) ရဲဘော်ဟောင်းမှတ်တိုင်နဲ့ ၈ မိုင်မှတ်တိုင်ကြား (ပေါက်စေတီစာသင်တိုက်)

  • စတုဒီသာ ကျွေးမွေးမည့်အစားအစာ – ထမနဲ၊ ကော်ဖီ
  • နေ့ရက် – ၁.၂.၂၀၂၆ တနင်္ဂနွေနေ့၊ နံနက် ၆ နာရီ။

 

သတိပြုရန်

  • အချိန်အနည်းငယ် ကွာခြားနိုင်ပါသည်
  • လူများနိုင်သည့်နေရာများတွင် စနစ်တကျ တန်းစီပါရန်
  • သန့်ရှင်းရေးနှင့် လမ်းဘေးအန္တရာယ်ကို သတိပြုပါရန်

 

MY Yangon Readers များအတွက် နောက်ထပ် စတုဒီသာ အလှူနေရာများ သိရှိပါက MY Yangon Guide Facebook Page သို့ message ပို့ပြီး မျှဝေနိုင်ပါတယ်။

 

* MY Yangon မှ ယခုဖော်ပြထားသော စတုဒီသာ အလှူနေရာများမှာ Facebook ပေါ်ရှိ Group များတွင် တွေ့ရှိရသော အချက်အလက်များကို ကူးယူ၍ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။ မူရင်းတင်ပေးသောသူများကို ကျေးဇူးတင်စွာဖြင့် လေးစားစွာ Credit အပြည့်အဝ ပေးပါသည်။

 

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 Yangon “Satuditha” This Weekend (Jan 31 – Feb 1)

 

 

⇐ Previous

Read 83 times