ဒီတစ်ပတ် J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကား (မှော်မျက်နှာဖုံး နှင့် ပန်းခင်းထဲက ပျိုးသောပန်း) တို့ ရုံဝင်ပြီး နိုင်ငံခြားဇာတ်ကားသစ် ၂ ကား (Unexpected Family & Border 2) ရုံဝင်လာပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ဆက်လက်ပြသလျက် ရှိပါတယ်။
‘မှော်မျက်နှာဖုံး’ ဟာ အင်းဝခေတ် ဘုရင်တစ်ပါးရဲ့ သေတ္တာထဲက မှော်မျက်နှာဖုံးကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ဇာတ်လမ်းကို ပရိသတ်များ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်စွာ ကြည့်ရမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် ကျော်ရဲအောင်၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရတနာဗိုလ်၊ ချိုပြုံးတို့ အဓိက သရုပ်ဆောင်ထားပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ ညီလေး ရဲ့ ဇာတ်လမ်းကို နေစိုးသော်၊ လွင်မင်းအံ့တို့က ဇာတ်ညွှန်းခွဲကာ ဒါရိုက်တာ ဩရသမှ ရိုက်ကူးထားပါတယ်။ 'ပန်းခင်းထဲက ပျိုးသောပန်း' ဇာတ်ကားမှာတော့ ရောင်စုံလှပတဲ့ ပန်းလေးတွေဖြစ်လာဖို့ ဥယျာဉ်မှုးတွေရဲ့လက်ဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ မြင်တွေ့ရပါမယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်များက သူထူးစံ၊ အောင်လေး၊ သျှင်းမြတ်၊ ပိုင်စစ်မှူး၊ အိစိကွေး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ လင်းလက်ခွန်ချိူ၊ မာဂရက် တို့ဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံများစွာ ပါဝင်ပါတယ်။ ဇာတ်လမ်းနှင့်ဒါရိုက်တာ သာထက်(လမင်းသာ) ဖြစ်ပြီး ဇာတ်ညွန်းက မင်းတခေတ်၊ ခေတ်ပျိုဖြူတို့ပါ။
Unexpected Family က မြို့ပြကြီးမှာ ရုန်းကန်နေရတဲ့ လူငယ်လေး Zhong Bufan (မင်းသား Peng Yuchang) နဲ့ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါဝေဒနာ ခံစားနေရတဲ့ အိမ်ရှင်အဘိုးအို Ren Jiqing (မင်းသားကြီး Jackie Chan) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟာသနှင့် နွေးထွေးတဲ့ မိသားစုမေတ္တာကို ဖော်ကျုးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Border 2 ဇာတ်ကားအကြောင်းကို ပြောရမယ်ဆို ၁၉၉၇ ခုနှစ်က Longewala တိုက်ပွဲကို အခြေခံပြီး ရိုက်ကူးထားတဲ့ "Border" ဇာတ်ကားကနေ စပြောရပါမယ်။ အခု ၂၀၂၆ ခုနှစ်မှာတော့ “Border 2” ဟာ ပိုမိုကြီးကျယ်ခမ်းနားတဲ့ စစ်မြေပြင်မြင်ကွင်းတွေနဲ့အတူ ကြမ်းကြမ်းတမ်းတမ်းဇာတ်လမ်းမျိုးမှ ကြိုက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တို့ဆီ ပြန်လည်ရောက်ရှိလာပါပြီ။
J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၂၃.၁.၂၀၂၆) မှ (၂၉.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ -
မှော်မျက်နှာဖုံး
ပန်းခင်းထဲက ပျိုးသောပန်း
Unexpected Family
Border 2
လိပ်ပြာခွဲချိန်
နယူးအော်လံ
28 Years Later: The Bone Temple
The Bride တို့ ဖြစ်ပါတယ်။
MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။
ဒီတစ်ပတ်မှာ ကားသစ်တွေ အများကြီးရုံတင်တာမို့ ရုပ်ရှင်ချစ်သူတို့အတွက် ရွေးချယ်ခွင့်တွေ အများကြီးပါနော် … Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို https://t.me/jcineplex မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...
ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။




Read 53 times